သႀကၤန္္ အားလပ္ရက္ မွာ ဘယ္ျပည္တြင္း ခရီးစဥ္ေတြ သြားသင္႔လဲ ??

ျမန္မာတို႕ရဲ႕အတာ ရိုးရာသႀကၤန္မွာ ခရီးသြားမယ္႔သူေတြအတြက္ အေကာင္းဆံုးျဖစ္မယ္႔ ခရီးစဥ္ေတြ ကို ခ်က္က်လက္က် ကပ္တုိးေလးေျပာျပမယ္။

1) အင္းေလး

ရွမ္းျပည္နယ္ ေညာင္ေရႊျမိဳ႕နယ္ မွာတည္ရွိတဲ႔ အင္းေလးအိုင္ဟာဆိုရင္ ျမန္မာနိုင္ငံရဲ႕ဒုတိယအႀကီးမားဆံုး ေရကန္အိုင္ျဖစ္ပါတယ္။ အိုင္အက်ယ္အဝန္္းဟာဆိုရင္ ၄၄.၉ စတုရန္းမိုင္ေပါင္း ရွိပါတယ္။ ျမန္မာျပည္ရဲ႕ ဗင္းနစ္ျမိဳ႕လို႔ တင္စားလို႔ရတဲ႔ အင္းေလးအိုင္ဟာ ေတာင္တန္းႀကီးေတြ ေဘးပတ္ခ်ာလည္ ကာရံထားတဲ႔ အတြက္ နိုင္ငံျခားသားမ်ားကပါ လာေရာက္လည္ပတ္တဲ႔ ေနရာတစ္ခုလည္းျဖစ္ပါတယ္။

2) ပုဂံ

လွည္းဝင္ရိုးသံ တစ္ညံညံ ပုဂံဘုရားေပါင္း ဆိုတဲ႔ အတိုင္း ဘုရားေစတီ ပုထိုးေပါင္းမ်ားစြာ တည္ရွိတဲ႔ ေရွးေဟာင္းျမိဳ႕ေလး ပုဂံ ဟာ သိပ္ကို သာယာလွပတဲ႔ေနရာေလးတစ္ခုပါ။ ပုဂံ ေရွးေဟာင္း ဘုရားေတြဖူးရင္း ညေနခင္း ေနဝင္ဆည္းဆာအလွကို တစ္ဝႀကီး ႀကည္႔ရႈခံစားလို႔လည္းရပါေသးတယ္။

3) သီေပါ

သီေပါၿမိဳ႕ ဆိုတာ နာမည္ေက်ာ္ ဂုတ္ထိပ္ တံတားႀကီးနဲ႔ တြဲဖက္ျမင္ရေလာက္ေအာင္ ထူးျခားဆန္းျပားျပီး ေအးခ်မ္းလွတဲ႔ ရွမ္းျမိဳ႕ေလးတစ္ျမိဳ႕ျဖစ္ပါတယ္။ ပူပူေႏြးေႏြး ရွမ္းရိုးရာအစားအေသာက္ေတြရယ္ ပ်ဳဴ ငွာေဖာ္ေရြလွတဲ႔ ရွမ္းလူမ်ိဳးတို႔ရဲ႕ဓေလ႔ေတြေႀကာင္႔ သြားေရာက္ လွည္ပတ္ႀကည္႔သင္႔တဲ႔ေနရာတစ္ခုျဖစ္ပါတယ္။

4) ငပလီ

အုန္းစိမ္းေရေလးေသာက္ျပီး သဲျဖဴျဖဴ ေဖြးေဖြးေလးေတြနဲ႔ ေရေဆာ႔ကစားလို႔ရတဲ႔ ့ျမန္မာနိုင္ငံရဲ႕ တစ္ခုတည္းေသာ ကမ္းေျခကေတာ႔ ငပလီကမ္းေျခပဲျဖစ္ပါတယ္။ ရခိုင္ျပည္နယ္ သံတြဲျမိဳ႕နယ္မွာတည္ရွိတဲ႔ ငပလီကမ္းေျခကို နိုင္ငံျခားသား ခရီးသြားေတြကေတာ႔ အီတလီနိုင္ငံရဲ႕ နီပယ္ျမိဳ႕လို႕ေတာင္ တင္စားထားႀကပါတယ္။

5) ေျမာက္ဦး

ေရွးေဟာင္းျမိဳ႕ေတာ္တစ္ခုျဖစ္ခဲ႔တဲ႔ ေျမာက္ဦးျမိဳ႕ဟာ ရခိုင္ျပည္နယ္ ေျမာက္ဦးျမိဳ႕နယ္မွာ တည္ရွိပါတယ္။ ထူးျခားတာကေတာ႔ ေရွးေဟာင္းယဥ္ေက်းမႈအေမြအနွစ္ေတြ နဲ႔ ရခိုင္ဘုရားပုထိုးေစတီေတာ္ေတြ မ်ားစြာရွိေနတာပဲျဖစ္ပါတယ္။သႀကၤန္တြင္း ေျမာက္ဦးျမိဳ႔နယ္ ေရာက္ခဲ႔ရင္ ရခိုင္လူမ်ိဳးတို႔ရဲ႕ ရိုးရာသနပ္ခါး သႀကၤန္ပြဲေတာ္ကိုပါ ဆင္ႏႊဲလို႔ရနိုင္ပါေသးတယ္။

ကဲ…. ဒီေတာ႔ သႀကၤန္တြင္းခရီးသြားမယ္႔သူေတြ အတြက္ လက္တို႔မန္္းရွင္းေခၚေပးလိုက္ႀကပါဦး ..

#pMk(Can’t Wait To Say)

Unicode

မြန်မာတို့ရဲ့အတာ ရိုးရာသင်္ကြန်မှာ ခရီးသွားမယ့်သူတွေအတွက် အကောင်းဆုံးဖြစ်မယ့် ခရီးစဉ်တွေ ကို ချက်ကျလက်ကျ ကပ်တိုးလေးပြောပြမယ်။

1) အင်းလေး

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် မှာတည်ရှိတဲ့ အင်းလေးအိုင်ဟာဆိုရင် မြန်မာနိုင်ငံရဲ့ဒုတိယအကြီးမားဆုံး ရေကန်အိုင်ဖြစ်ပါတယ်။ အိုင်အကျယ်အဝန်းဟာဆိုရင် ၄၄.၉ စတုရန်းမိုင်ပေါင်း ရှိပါတယ်။ မြန်မာပြည်ရဲ့ ဗင်းနစ်မြို့လို့ တင်စားလို့ရတဲ့ အင်းလေးအိုင်ဟာ တောင်တန်းကြီးတွေ ဘေးပတ်ချာလည် ကာရံထားတဲ့ အတွက် နိုင်ငံခြားသားများကပါ လာရောက်လည်ပတ်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

2) ပုဂံ

လှည်းဝင်ရိုးသံ တစ်ညံညံ ပုဂံဘုရားပေါင်း ဆိုတဲ့ အတိုင်း ဘုရားစေတီ ပုထိုးပေါင်းများစွာ တည်ရှိတဲ့ ရှေးဟောင်းမြို့လေး ပုဂံ ဟာ သိပ်ကို သာယာလှပတဲ့နေရာလေးတစ်ခုပါ။ ပုဂံ ရှေးဟောင်း ဘုရားတွေဖူးရင်း ညနေခင်း နေဝင်ဆည်းဆာအလှကို တစ်ဝကြီး ကြည့်ရှုခံစားလို့လည်းရပါသေးတယ်။

3) သီပေါ

သီပေါမြို့ ဆိုတာ နာမည်ကျော် ဂုတ်ထိပ် တံတားကြီးနဲ့ တွဲဖက်မြင်ရလောက်အောင် ထူးခြားဆန်းပြားပြီး အေးချမ်းလှတဲ့ ရှမ်းမြို့လေးတစ်မြို့ဖြစ်ပါတယ်။ ပူပူနွေးနွေး ရှမ်းရိုးရာအစားအသောက်တွေရယ် ပျုူ ငှာဖော်ရွေလှတဲ့ ရှမ်းလူမျိုးတို့ရဲ့ဓလေ့တွေကြောင့် သွားရောက် လှည်ပတ်ကြည့်သင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။

4) ငပလီ

အုန်းစိမ်းရေလေးသောက်ပြီး သဲဖြူဖြူ ဖွေးဖွေးလေးတွေနဲ့ ရေဆော့ကစားလို့ရတဲ့မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော ကမ်းခြေကတော့ ငပလီကမ်းခြေပဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာတည်ရှိတဲ့ ငပလီကမ်းခြေကို နိုင်ငံခြားသား ခရီးသွားတွေကတော့ အီတလီနိုင်ငံရဲ့ နီပယ်မြို့လို့တောင် တင်စားထားကြပါတယ်။

5) မြောက်ဦး

ရှေးဟောင်းမြို့တော်တစ်ခုဖြစ်ခဲ့တဲ့ မြောက်ဦးမြို့ဟာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ တည်ရှိပါတယ်။ ထူးခြားတာကတော့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ နဲ့ ရခိုင်ဘုရားပုထိုးစေတီတော်တွေ များစွာရှိနေတာပဲဖြစ်ပါတယ်။သင်္ကြန်တွင်း မြောက်ဦးမြို့နယ် ရောက်ခဲ့ရင် ရခိုင်လူမျိုးတို့ရဲ့ ရိုးရာသနပ်ခါး သင်္ကြန်ပွဲတော်ကိုပါ ဆင်နွှဲလို့ရနိုင်ပါသေးတယ်။

ကဲ…. ဒီတော့ သင်္ကြန်တွင်းခရီးသွားမယ့်သူတွေ အတွက် လက်တို့မန်းရှင်းခေါ်ပေးလိုက်ကြပါဦး ..

#pMk(Can’t Wait To Say)