သန္တာဗိုလ် HD ဆိုပြီး ထွက်နေတဲ့အပေါ် ဖြေရှင်းလိုက်တဲ့ သန္တာဗိုလ်
0
159
အနုပညာလောကမှာ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ အကယ်ဒမီ ချောရတနာရဲ့ ညီမဖြစ်သူ သန္တာဗိုလ်ဟာ အခုရိုက်ပိုင်းအတွင်းက Fashion weekမှာ အိမ်သာသွားတုန်း ဖုန်းVideoချောင်းရိုက်ခံရတယ်ဆိုပြီး သူရဲ့ Facebook accountမှာ တင်ခဲ့ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ အင်တာဗျူးတစ်ခုမှာ အခုလိုပဲ ပြောခဲ့ပါတယ်။
သန္တာဗိုလ်က”ညီမရဲ့ပထမဆုံး အ​တွေ့အကြုံ ဖြစ်​တဲ့ အခါကျ​တော့ တစ်​ချို့ကအာ့လို​ပြောတယ်​ ဖုန်းကိုဆွဲလုလိုက်​ပါလားတို့ ​ရေပန်းနဲ့ပက်​လိုက်​​ပေါ့တို့ဘာတို့ အာ့လိုမျိုး​ပြော​ပေမယ့်​ ဒါကပထမဆုံးအ​တွေ့အကြုံဆို​တော့ ဘယ်​သူပဲဖြစ်​ဖြစ်​ ပြာယာ​တွေခတ်​ပြီး​တော့ ဘာလုပ်​ရမှန်းမသိဘူးဖြစ်​သွားမှာပဲ။ အဲ့​တော့ ညီမလဲ ​အော်​လိုက်​တဲ့အချိန်​မှာ ဘယ်​သူလဲဆိုပြီး​တော့ပဲ ​အော်​လိုက်​မိတာ။ အဲ့အပြင်​ဘာမှလဲထပ်​လုပ်​လို့မရဘူး သူကလဲထွက်​​ပြေးသွားတာ​ဆို​တော့​လေ။ အခုလဲ ညီမဆိုပြီး​တော့ အာ့လိုမျိုး Video ​တွေတက်​လာ​နေတယ်​တဲ့။
ယောကျာ်း​လေး​သူငယ်​ချင်း​တွေကပြတယ်​ ဒါ​ပေမယ့်​ညီမမဟုတ်​ပါဘူး။ တစ်​ချို့ကျ​တော့လဲ ညီမဆိုပြီး​တော့ ထပ်​ share ​နေကြတုန်းပဲ။ သန္တာဗိုလ်​ Video၊ သန္တာဗိုလ်​ HD ကြည့်​ပြီးပြီလားဆိုပြီး​ ညီမဆိုပြီး​တော့ Share ​နေကြတုန်းပဲ။ ဒါ​က​တော့ ညီမရဲ့မျက်​နှာကိုမမှတ်​မိကြတာတို့ ဘာတို့လဲ ဖြစ်​ရင်​ဖြစ်​မှာ​ပေါ့​နော်​။ ဒါ​ပေမယ့်​ ညီမ Video တတက်​လာလို့ရှိရင်​လဲ ညီမက အင်္ကျီအနီ​ရောင်​ ဂါဝန်​နဲ့ ဂါဝန်​အရှည်​ဝတ်​ထားတာ​ဆို​တော့​လေ။ ​ဘောင်းဘီဆိုရင်​​တောင်​​ပေါ်ရင်​​ပေါ်​နေဦးမယ်​။ ဂါဝန်​အရှည်​ဆို​တော့ မ​ပေါ်​လောက်​ဘူး​လေ​နော်​။ တက်​လာလို့ရှိရင်​လဲ မတတ်​နိုင်​ပါဘူး​​။
ညီမက online မှာ ဒီကိစ္စကိုမတင်​လဲရတယ်​။ ဒါ​ပေမယ့်​တင်​လိုက်​တယ်​ဆိုတာက မိန်းက​လေးအားလုံးအတွက်​​ပေါ့​နော်​။ ဆင်​ခြင်​လို့ရ​အောင်​​ပေါ့၊ သတိထားလို့ရ​အောင်​ ညီမက ကိုယ်​ချင်းစာပြီး​ပြောပြလိုက်​တဲ့သ​ဘောပဲ​ပေါ့​နော်​။ ဒါက​တော့ ကိုယ့်​ဟာကိုယ်​လဲ အတန်းရှင်းယူတယ်​ဆိုတဲ့ကိစ္စ​တွေနဲ့ ဘာမှမဆိုင်​ဘူး။ စဉ်းစား​သေးတယ်​ ငါ့ကိုအဲ့လိုမျိုးထင်​မလားဆိုပြီး ဒါ​ပေမယ့်​လဲ တင်​လိုက်​ပါမယ်လို့။ အဲ့လိုမျိုးတင်​လိုက်​တဲ့အခါကျ​တော့ အားလုံးသတိထားမိသွားတာ​ပေါ့​နော်​။ ​ငါ့ကိုအဲ့လိုမျိုးလုပ်​​​​နေလားဆိုပြီး ​ဘေးပတ်​ဝန်းကျင်အိမ်​သာပဲဖြစ်​ဖြစ်​ အပြင်​လူပြတ်​တဲ့​နေရာသွားတဲ့အခါပဲဖြစ်​ဖြစ်​ သတိထား​ပြီး​တော့​နေလို့ရတာ​ပေါ့။
သူငယ်​ချင်း​တွေကလဲနင်​မဟုတ်​ဘူးဆိုတာသိတယ်​တဲ့။ ဒါဒီတိုင်းပဲ သန္တာဗိုလ်​ဆိုပြီး​တော့ တက်​​နေဲ့တဲ့ဟာကလဲ ဘာမှမဖြစ်​ပါဘူးအိမ်​သာသွားတဲ့ဟာပဲ။ သူများဟာပဲ။ အဲ့​ကောင်​မ​လေးကိုလဲတစ်​ချို့က ယိုးဒယားကလို့​ပြောတယ်​။”လို့ ပြောခဲ့ပါတယ်။
ဒီကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာ အပြင်အိမ်သာတွေ သွားရတာနဲ့ပတ်သက်ပြီး သန္တာဗိုလ်က”အပြင်​အိမ်​သာသွားပြီဆိုလို့ရှိရင်​ မျက်​လုံးကအကုန်​​လျှောက်​ကြည့်​​နေတာ။ အဲ့လိုမျိုး ဆိုက်​ကိုဝင်​သွားတာ။”လို့ပြောခဲ့ပြီး သန္တာဗိုလ်HDဆိုပြီး ထွက်လာမှာကို စိုးရိမ်လားလို့ မေးမြန်းရာ “ထွက်​လာခဲ့ရင်​လဲမစိုးရိမ်​ဘူး။ ညီမကအိမ်​သာသွားတဲ့ဟာ​လေ။ ​ပေါက်​ကရ​တွေမှမဟုတ်​တာ။ အဲ​တော့ထွက်ရင်ထွက်ပါ​စေ။ ဘာဖြစ်​လို့လဲဆို​တော့ ညီမအာ့တုန်းကလဲ ဂါဝန်​အရှည်​ဝတ်​ထားတာ​လေ။ ဘာမှလဲမ​ပေါ်ဘူး ပြီး​တော့လဲ သူရိုက်​မိလဲ ​သေချာရိုက်​မိမှာမဟုတ်​ဘူး။ ဘာဖြစ်​လို့လဲဆို​တော့ သူကမမြင်​ရဘူးဆို​တော့ ​လျှောက်​ချိန်​​နေတာ​လေ ညီမ​တောင်​ပါသွားလားမပါသွားလားမသိဘူး။ ညီမ​ခြေ​ထောက်​ပဲ​တောင်​ပါချင်​ပါမှာ။ ​သူက​လျှောက်​ချိန်​​နေတာ ကိုယ့်​ကိုမမြင်​ရဘူးဆို​တော့ ​အေး​ဆေးပဲ ဘာမှဖြစ်​ဘူး။”လို့ ပြောသွားခဲ့ပါတယ်။