သန္တာဗိုလ်ဗီဒီယိုချောင်းရိုက်ခံနေရတုန်း အိပ်ပျော်နေတာပါဆိုတဲ့ ကောင်းပြည့်

0
88

ပြည့်သူ့အချစ်တော် ပရိသတ်တွေရဲ့ အားပေးလက်ခံမှုတွေကို ရယူထားနိုင်တဲ့သရုပ်ဆောင် မင်းသား ကောင်းပြည့်ကတော့ သူရဲ့ ချစ်သူဖြစ်သူ သန္တာဗိုလ် Toilet ထဲမှာ Videoချောင်းရိုက်ခံရတဲ့ အချိန်မှာ အိပ်ပျော်နေတာပါလို့ MCရဲ့ အင်တာဗျူးတစ်ခုမှာပြောသွားခဲ့ပါတယ်။ ဒါ့အပြင်ဒီလိုရိုက်တဲ့သူတွေအနေနဲ့ အခုလုပ်မျိုး မလုပ်သင့်ကြောင့် နှမချင်းကိုယ်ချင်းစာဖို့ပြောသွားခဲ့ပါသေးတယ်။

ကောင်းပြည့်က “သူအဲ့နေ့က ဖြစ်တုန်းက ကျွန်တော်က အိပ်ပျော်နေတာနောက်နေ့မှ ကျွန်တော်သိရတယ်။ သိသိချင်းတော့လေ ဘယ်လိုပြောမလဲ အဲ့လိုမျိုးလုပ်တော့ စိတ်တော့တိုတာပေါ့ဗျ။ လုပ်တဲ့သူတွေလည်း အမှန်တကယ်ဆိုမလုပ်သင့်ဘူးပေါ့နော်။ သူ့ကိုလည်း စိတ်ပူသွားတာလည်းပါတယ် နောက်နေ့ကျတော့ သူရှိတဲ့ပွဲတွေကို ကျွန်တော်လိုက်တော့ လိုက်ဖြစ်သွားတယ်။ သူကတော့ ဖြစ်ဖြစ်ချင်းမှာ အရမ်းကို စိတ်ပူပြီးတော့ မိန်းကလေးအနေနဲ့ကတော့ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ လုပ်တဲ့ သူတွေအနေနဲ့ကတော့ နည်းနည်းစဉ်းစားသင့်တယ်ပေါ့။ သူက လုပ်ကြံခံရတဲ့လူတစ်ယောက်ဖြစ်နေတဲ့အတွက် အဓိကရိုက်တဲ့ကောင်ပဲ အပြစ်ပြောခံရမှာ။ အဲ့ဒီအတွက် ကျွန်တော့်ကောင်မလေးသူ့နာမည်ဂုဏ်သိက္ခာထိခိုက်မှာကို ကျွန်တော်ဘာမှစိတ်မပူဘူး။ သူလည်း မဟုတ်တာ လုပ်နေတာကို ခိုးရိုက်သွားတာ မဟုတ်တဲ့အတွက်ကြောင့် သူရဲ့ ဂုဏ်သိက္ခာဘာညာကို ဘာမှတော့ မစိုးရိမ်ဘူးပေါ့။ အဓိကတော့ သူ့စိတ်ထဲမှာသာ အဲ့တာကြီးကို စိုးရိမ်စိတ်မထည့်ဖို့ပဲ ကျွန်တော်ပိုပြီးတော့ ပြောစေချင်တာပါ။

သတင်းတွေ တက်သွားမယ်ဆိုတာထက်ကို တက်သွားလည်း ဒါက ဘယ်လိုပြောမလဲ အရသာခံပြီးကြည့်ကြတဲ့သူတွေက ဒါကတော့ သူတို့အပိုင်းပေါ့နော်။ နှမချင်းကိုယ်ချင်းစာတတ်တဲ့ ယောက်ျားတွေအားလုံးကတော့ ရိုက်တဲ့ကောင်ကိုပဲ အပြစ်ပြောကြမှာပဲလေ။ မလုပ်သင့်တဲ့ လုပ်ရပ်မျိုးလုပ်တာ အဲ့လောက်ကြီး ဖြစ်စရာအကြောင်းမှမရှိတဲ့ဟာကို။ နောက်ဆုံးပြောချင်တယ်ဆိုရင် အများကြီးရှိပါတယ် ကြည့်ချင်လိုရှိရင် ဒီလိုမျိုးပဲ ကျွန်တော်ပြောချင်တယ်။ လုပ်တဲ့သူတွေအနေနဲ့ မလုပ်သင့်ဘူးပေါ့နော် ဒေါသဆိုတာ ဖြစ်တယ်ဆိုပေမယ့်လည်း အဓိကတော့ ကိုယ့်လူမထိခိုက်ဖို့ပဲ ပိုအရေးကြီးပါတယ်။

မေတ္တာရပ်ခံချင်တာကတော့ တဆုံးပေါ့ဗျာ ဒါပေမဲ့ မေတ္တာရပ်ခံလို့မရတဲ့ သူတွေကလည်း ရှိနေအုန်းမှာပဲလေ။ ဒါပေမဲ့ ကိုယ့်ဟာနဲ့ကိုယ် လူတိုင်းမှာ ဦးနောက်ဆိုတာရှိကြတာပဲ ကိုယ့်ဦးနှောက်နဲ့ကိုယ်စဉ်းစားပြီးတော့ ငါဒါလုပ်လိုက်လို့ ငါ့အတွက်ဘာအကြိုးထူးလဲ ထူးတယ်ဆိုလဲဆက်လုပ်ကြပေါ့ ဘယ်တတ်နိုင်မလဲ။ အကောင်းဆုံးကတော့ ကိုယ်လုပ်တဲ့ လုပ်ရပ်တိုင်းက သူများမထိခိုက်ဖို့ပဲ အရေးကြီးတယ်လို့ ကျွန်တေယ်ပြောချင်ပါတယ်။

အလုကိစ္စဖြစ်သွားမှမဟုတ်ပါဘူး ကျွန်တော် အရင်ထဲကတော့ ကျွန်တော် တတ်နိုင်သလောက်လေးတော့ ပြောဖြစ်ပါတယ်။ သွားသတိ စားသတိပေါ့နော် အရာရာကိုသတိရှိဖို့ ပိုအရေးကြီးတယ်။ နောက်ပြီးတော့ ကိုယ်ကလည်း မိန်းကလေးဖြစ်နေလို့ပေါ့။ အခုနောက်ပိုင်းကတော့ သူလည်းပိုပြီးတော့ နေမှလည်း ရမယ်ဆိုတာကို သူ့ကိုယ်သူလည်း သိသွားတာပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

မင်္ဂလာသတင်းကိုရော ဘယ်တော့လောက်ကြားရမလဲလို့ မေးမြန်းရာ”မင်္ဂလာသတင်းကတော့ ကျွန်တော်တို့ ပြောခဲ့ကြတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်တိုင်ပင်ထားတဲ့ အတိုင်းလေးပဲ မကြာမီလာမည်ပေါ့နော်။ အဲ့လိုအချိန်လေးကတော့ ဖြစ်လာမှာပါ။ ကျွန်တော်တို့ ဘဝကို တစ်ယောက်ကိုတစ်ယောက် တကယ်တမ်းလက်တွဲလို့ရပြီဆိုတဲ့ အခြေအနေမျိုးကတော့ နှစ်ယောက်လုံးမှာတော့ ရှိကြတာပေါ့ ။ အဲ့အချိန်လေးကိုပဲ ကျွန်တော်တို့စောင့်နေကြတာပေါ့။