ဟစ္တလာရဲ႕ အထင္ရွားဆံုး အဆိုအမိန္႔ (၁၀) ခု

0
260

ဂ်ာမနီႏိုင္ငံရဲ႕ အာဏာရွင္ျကီး အေဒါဖ့္ဟစ္တလာဆိုရင္ လူတိုင္သိၾကမယ္ထင္ပါတယ္။ နာဇီပါတီကို ဦးေဆာင္တဲ့ ဟစ္တလာဟာ တတိယဂ်ာမနီႏိုင္ငံေတာ္ကို တည္ေထာင္မယ္ဆိုၿပီး ျကံုးဝါးခဲ့သူလည္းျဖစ္ပါတယ္။ ဒါ့အျပင္ ဟစ္တလာဟာ ဒုတိယကမၻာစစ္ကို မီးေမႊးခဲ့တဲ့သူဆိုရင္လည္းမမွားပါဘူး။ လူမ်ိဴးသုဥ္းသတ္ျဖတ္မႈအပါအဝင္ လူမဆန္တဲ႔ ႏွိပ္စက္မႈမ်ားစြာကို ျပဳလုပ္ခဲ့သူအျဖစ္နာမည္ျကီးတဲ့သူပါ။

ဒီလိုနာမည္ဆိုးေတြရိွတဲ့ ဟစ္တလာမွာ ေကာင္းတဲ့အရည္အခ်င္းေတြလည္းရိွပါတယ္။ လူထုကိုစည္းရံုးတဲ့ေနရာမွာ သူမတူေအာင္ထူးခ်ြန္တဲ့သူျဖစ္ၿပီး သူ႕ေခတ္ သူ႔အခါမွာေတာ႔ ဟစ္တလာဟာ အေျပာေကာင္း၊အေဟာေကာင္းတဲ့သူေတြထဲမွာပါပါတယ္။ သူရဲ႕ အေတြးအေခၚပိုင္းကလည္း တစ္မူမတူဘဲ ထူးျခားေနတာေၾကာင့္ ဟစ္တလာမိန္႔ဆိုခဲ့တဲ့ စကားေတြထဲကမွ ထင္ရွားတဲ့ အဆိုအမိန္႔ (၁၀)ခု ကို တင္ျပလိုက္ပါတယ္။

(၁) သတင္းအမွားတစ္ခုကို လူေတြၾကားမွာ ထပ္ခါထပ္ခါေျပာေပး၊ ၾကာရင္လူထုကအမွန္လို႔ ထင္သြားၾကလိမ့္မယ္။

(၂) မင္းစစ္ႏိုင္ေနသေရြ႕ ဘာမွရွင္းျပစရာမလိုဘူး။ တကယ္လို႔မင္းရံႈးသြားရင္ေတာ႔ ဘာမွလာမရွင္းျပသင့္ေတာ့ဘူး။

(၃) တျခားသူေတြနဲ႔ ကိုယ့္ကိုယ္ကိုယ္ ဘယ္ေတာ့မွမႏိႈင္းယွဥ္နဲ႔။ ႏိႈင္းယွဥ္တဲ့ေန႔ဟာ မင္းကိုယ္မင္း ေစာ္ကားတဲ့ေန႔ပဲ။

(၄)ဆံုးျဖတ္ခ်က္တစ္ခုမခ်မီ အျကိမ္ေပါင္းမ်ားစြာစဥ္းစား၊ ဆံုးျဖတ္ခ်က္ခ်ၿပီးရင္ေတာ့ ဘယ္လိုအခက္အခဲေတြ႕ ေတြ႕ ေနာက္ျပန္မလွည့္နဲ႔ေတာ့။

(၅) သမိုင္းကိုမသိတဲ့လူဟာ ဆြံနားမၾကားျဖစ္ေနတဲ့လူနဲ႔ အတူတူပဲ။

(၆)စာဖတ္ျခင္းဟာ အဆံုးသတ္ပန္းတိုင္မဟုတ္ဘူး။ အဆံုးသတ္ပန္းတိုင္ကိုသြားဖို႔ နည္းလမ္းတစ္ခုသာျဖစ္တယ္။

(၇) လူသားခ်င္းစာနာေထာက္ထားမႈဆိုတာ သရဲေဘာေျကာင္သူေတြရဲ႕ လက္သံုးစကားသာျဖစ္တယ္။

(၈) ဘာအခက္အခဲမွမရိွဘဲ ႏိုင္ခဲ့ရင္ ေအာင္ပြဲ အခက္အခဲေတြအမ်ားျကီးနဲ႔ ေအာင္ႏိုင္ခဲ့ရင္ သမိုင္းျဖစ္လာတယ္။

(၉) ေနမင္းျကီးလို႔ ေတာက္ပခ်င္ရင္ ပထမဦးဆံုးမင္း ေလာင္က်ြမ္းဖို႔လိုတယ္။

(၁၀) အမွားနဲ႔အမွန္ကိုဆံုးျဖတ္ေပးတဲ့ တစ္ဦးတည္းေသာ တရားသူျကီးက ေအာင္ျမင္မႈသာျဖစ္ပါတယ္။

Unicode

ဂျာမနီနိုင်ငံရဲ့ အာဏာရှင်ကြီး အဒေါဖ့်ဟစ်တလာဆိုရင် လူတိုင်သိကြမယ်ထင်ပါတယ်။ နာဇီပါတီကို ဦးဆောင်တဲ့ ဟစ်တလာဟာ တတိယဂျာမနီနိုင်ငံတော်ကို တည်ထောင်မယ်ဆိုပြီး ကြုံးဝါးခဲ့သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဟစ်တလာဟာ ဒုတိယကမ္ဘာစစ်ကို မီးမွှေးခဲ့တဲ့သူဆိုရင်လည်းမမှားပါဘူး။ လူမျိူးသုဉ်းသတ်ဖြတ်မှုအပါအဝင် လူမဆန်တဲ့ နှိပ်စက်မှုများစွာကို ပြုလုပ်ခဲ့သူအဖြစ်နာမည်ကြီးတဲ့သူပါ။

ဒီလိုနာမည်ဆိုးတွေရှိတဲ့ ဟစ်တလာမှာ ကောင်းတဲ့အရည်အချင်းတွေလည်းရှိပါတယ်။ လူထုကိုစည်းရုံးတဲ့နေရာမှာ သူမတူအောင်ထူးချွန်တဲ့သူဖြစ်ပြီး သူ့ခေတ် သူ့အခါမှာတော့ ဟစ်တလာဟာ အပြောကောင်း၊အဟောကောင်းတဲ့သူတွေထဲမှာပါပါတယ်။ သူရဲ့ အတွေးအခေါ်ပိုင်းကလည်း တစ်မူမတူဘဲ ထူးခြားနေတာကြောင့် ဟစ်တလာမိန့်ဆိုခဲ့တဲ့ စကားတွေထဲကမှ ထင်ရှားတဲ့ အဆိုအမိန့် (၁၀)ခု ကို တင်ပြလိုက်ပါတယ်။

(၁) သတင်းအမှားတစ်ခုကို လူတွေကြားမှာ ထပ်ခါထပ်ခါပြောပေး၊ ကြာရင်လူထုကအမှန်လို့ ထင်သွားကြလိမ့်မယ်။

(၂) မင်းစစ်နိုင်နေသရွေ့ ဘာမှရှင်းပြစရာမလိုဘူး။ တကယ်လို့မင်းရှုံးသွားရင်တော့ ဘာမှလာမရှင်းပြသင့်တော့ဘူး။

(၃) တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှမနှိုင်းယှဉ်နဲ့။ နှိုင်းယှဉ်တဲ့နေ့ဟာ မင်းကိုယ်မင်း စော်ကားတဲ့နေ့ပဲ။

(၄)ဆုံးဖြတ်ချက်တစ်ခုမချမီ အကြိမ်ပေါင်းများစွာစဉ်းစား၊ ဆုံးဖြတ်ချက်ချပြီးရင်တော့ ဘယ်လိုအခက်အခဲတွေ့ တွေ့ နောက်ပြန်မလှည့်နဲ့တော့။

(၅) သမိုင်းကိုမသိတဲ့လူဟာ ဆွံနားမကြားဖြစ်နေတဲ့လူနဲ့ အတူတူပဲ။

(၆)စာဖတ်ခြင်းဟာ အဆုံးသတ်ပန်းတိုင်မဟုတ်ဘူး။ အဆုံးသတ်ပန်းတိုင်ကိုသွားဖို့ နည်းလမ်းတစ်ခုသာဖြစ်တယ်။

(၇) လူသားချင်းစာနာထောက်ထားမှုဆိုတာ သရဲဘောကြောင်သူတွေရဲ့ လက်သုံးစကားသာဖြစ်တယ်။

(၈) ဘာအခက်အခဲမှမရှိဘဲ နိုင်ခဲ့ရင် အောင်ပွဲ အခက်အခဲတွေအများကြီးနဲ့ အောင်နိုင်ခဲ့ရင် သမိုင်းဖြစ်လာတယ်။

(၉) နေမင်းကြီးလို့ တောက်ပချင်ရင် ပထမဦးဆုံးမင်း လောင်ကျွမ်းဖို့လိုတယ်။

(၁၀) အမှားနဲ့အမှန်ကိုဆုံးဖြတ်ပေးတဲ့ တစ်ဦးတည်းသော တရားသူကြီးက အောင်မြင်မှုသာဖြစ်ပါတယ်။