ဟယ္ရီေပၚတာ ရုပ္ရွင္ရိုက္ကူးအျပီးမွာ ဘဝ တဆစ္ခ်ိဳးသြားခဲ့တဲ့ ကေလးသရုပ္ေဆာင္မ်ား

ဟယ္ရီေပၚတာရုပ္ရွင္ကားတြဲေတြကို ၁၀ ႏွစ္ၾကာ ထုတ္လုပ္ရိုက္ကူးခဲ့တာျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ ဟယ္ရီေပၚတာထဲက ကေလးသရုပ္ေဆာင္ေတြဟာ အသက္ ၃၀ ဝန္းက်င္ အရြယ္တန္းေတြ ျဖစ္ေနၾကပါျပီ။ သူတို႕ဘဝရဲ႕ အခ်ိန္ သံုးပံုတပံုေလာက္ကို ဟယ္ရီေပၚတာရုပ္ရွင္ေတြထဲမွာ အခ်ိန္ေပးကုန္ဆံုခဲ့ၾကျပီးေနာက္ သူတို႕ ဘဝ တဆစ္ခ်ိဳးမွာ ဘာေတြဆက္ျဖစ္သြားသလဲ တင္ဆက္ေပးခ်င္ပါတယ္။ စိတ္ဝင္စားစရာပါ။ ၾကည့္ၾကရေအာင္လား။

Evanna Lynch (Luna Lovegood)



Luna ဇာတ္ရုပ္မွာသရုပ္ေဆာင္ခဲဲ့တဲ့ Evanna က ၁၁ နွစ္သမီးအရြယ္မွာ ခံတြင္းပ်က္ျပီး ကိုယ္အေလးခ်ိန္က်ဆင္းတဲ့ ေဝဒနာခံစားရျပီး ေဆးရံုမွာ ကုသမွဳခံယူခဲ့ရျပီးေနာက္ ဟယ္ရီေပၚတာ စာေရးဆရာမ ေဂ်ေကရိုးလင္းဆီကို စာေရးလို႕ သူ႕ရဲ႕ေဝဒနာဒုကၡအေၾကာင္းေျပာျပျပီး ဟယ္ရီေပၚတာဇာတ္လမ္းမွာ သရုပ္ေဆာင္ခ်င္ေၾကာင္း ရင္ဖြင့္ေျပာျပခဲ့ရာကေန လူေရြးပြဲမွာ လူ ၁၅၀၀၀ ကို ေက်ာ္ျဖတ္ျပီး သရုပ္ေဆာင္ရခဲ့သူျဖစ္ပါတယ္။ လက္ရွိမွာေတာ့Dancing With the Stars ရုပ္ရွင္မွာ သရုပ္ေဆာင္ေနတယ္လို႕ သိရပါတယ္။

Harry Melling (Dudley Dursley)




ဟယ္ရီေပၚတာရုပ္ရွင္က သူ႕ဘဝအတြက္အလွည့္အေျပာင္းျဖစ္ေစခဲ့တာျဖစ္ျပီး အဲ့ဒီေနာက္မွာ ျပဇာတ္ေက်ာင္းတခုနဲ႕ The London Academy of Music and Dramatic အနုပညာေက်ာင္းေတြကေန ဘြဲ႕ရေအာင္ျမင္ခဲ့ပါတယ္။ သူ အသက္ ၁၈ ႏွစ္အရြယ္မွာ လူကုုိမမွတ္မိႏိုင္ေတာ့ေလာက္ေအာင္ ကိုယ္အေလးခ်ိန္က်ဆင္းမွဳကို ခံစားခဲ့ရတာေၾကာင့္ ဟယ္ရီဟာ သူ႕ဇာတ္ရုပ္ ဝဝဖိုင့္ဖိုင့္ကို ရဖို႕အတြက္ ဝတ္စံုေတြရဲ႕အကူအညီကို ယူခဲ့ရတာပါ။

Devon Murray (Seamus Finnigan)



သူက ၆ နွစ္သားအရြယ္ကတည္းက ရုပ္ရွင္ဇာတ္ကားေတြမွာ သရုပ္ေဆာင္ေနသူျဖစ္ေပမဲ့ ဟယ္ရီေပၚတာရုပ္ရွင္မွာ သရုပ္ေဆာင္ဖို႕ ဇာတ္ရုပ္ကို မရရွိခင္အထိ ဟယ္ရီေပၚတာ ဆိုတာကို မၾကားဖူးခဲ့သူပါ။ သူ႕ရဲ႕အဆိုအရ သူ႕ရဲ႕ဇာတ္ရုပ္ဟာ သူ႕နိုင္ငံျဖစ္တဲ့ အိုင္ယာလန္မွာေတာ့ လူသိနည္းျပီး နာမည္မၾကီးခဲ့ဘူးလို႕ သိရပါတယ္။

Bonnie Wright (Ginny Weasley)

သူ႕ရဲ႕အကိုက သူ႕ကို Ginny ဇာတ္ရုပ္နဲ႕တူတယ္ လိုက္ဖက္တယ္လို႕ ခ်ီးက်ဴးခဲ့တာေၾကာင့္ Bonnie က ဟယ္ရီေပၚတာ ရုပ္ရွင္လူေရြးပြဲကိုဝင္ျဖစ္ခဲ့တာပါ။ဟယ္ရီေပၚတာ ရုပ္ရွင္အျပီးမွာေတာ့ သူဟာ ရုပ္ရွင္ ၁၃ ကားမွာ ဆက္လက္သရုပ္ေဆာင္ျဖစ္ခဲ့ျပီး ကိုယ္ပိုင္ ရုပ္ရွင္ကုမၸဏီတည္ေထာင္ကာ ရုပ္ရွင္ပရိုဂ်ဴဆာ ဇာတ္ညႊန္းေရးဆရာ ဒါရိုက္တာ အျဖစ္ လုပ္ကိုင္ေနတာပါ။

Joshua Herdman (Gregory Goyle)

သူက Draco Malfoy ရဲ႕ သူငယ္ခ်င္းေတြထဲကတဦးအေနနဲ႕ ဗီလိန္ဇာတ္ရုပ္မွာ သရုပ္ေဆာင္ခဲ့သူျဖစ္ျပီး အခု အခ်ိန္မွာ MMA ဖိုက္တာၾကီးတဦးအျဖစ္ ၾကိဳးဝိုင္းထဲကို ေရာက္ရွိေနျပီး ၾကိဳးဝိုင္းထဲမွာ ထိုးသတ္ေနျပီျဖစ္ပါတယ္။

Unicode

ဟယ်ရီပေါ်တာရုပ်ရှင်ကားတွဲတွေကို ၁၀ နှစ်ကြာ ထုတ်လုပ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ ဟယ်ရီပေါ်တာထဲက ကလေးသရုပ်ဆောင်တွေဟာ အသက် ၃၀ ဝန်းကျင် အရွယ်တန်းတွေ ဖြစ်နေကြပါပြီ။ သူတို့ဘဝရဲ့ အချိန် သုံးပုံတပုံလောက်ကို ဟယ်ရီပေါ်တာရုပ်ရှင်တွေထဲမှာ အချိန်ပေးကုန်ဆုံခဲ့ကြပြီးနောက် သူတို့ ဘဝ တဆစ်ချိုးမှာ ဘာတွေဆက်ဖြစ်သွားသလဲ တင်ဆက်ပေးချင်ပါတယ်။ စိတ်ဝင်စားစရာပါ။ ကြည့်ကြရအောင်လား။

Evanna Lynch (Luna Lovegood)

Luna ဇာတ်ရုပ်မှာသရုပ်ဆောင်ခဲ့တဲ့ Evanna က ၁၁ နှစ်သမီးအရွယ်မှာ ခံတွင်းပျက်ပြီး ကိုယ်အလေးချိန်ကျဆင်းတဲ့ ဝေဒနာခံစားရပြီး ဆေးရုံမှာ ကုသမှုခံယူခဲ့ရပြီးနောက် ဟယ်ရီပေါ်တာ စာရေးဆရာမ ဂျေကေရိုးလင်းဆီကို စာရေးလို့ သူ့ရဲ့ဝေဒနာဒုက္ခအကြောင်းပြောပြပြီး ဟယ်ရီပေါ်တာဇာတ်လမ်းမှာ သရုပ်ဆောင်ချင်ကြောင်း ရင်ဖွင့်ပြောပြခဲ့ရာကနေ လူရွေးပွဲမှာ လူ ၁၅၀၀၀ ကို ကျော်ဖြတ်ပြီး သရုပ်ဆောင်ရခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့
Dancing With the Stars ရုပ်ရှင်မှာ သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Harry Melling (Dudley Dursley)

ဟယ်ရီပေါ်တာရုပ်ရှင်က သူ့ဘဝအတွက်အလှည့်အပြောင်းဖြစ်စေခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာ ပြဇာတ်ကျောင်းတခုနဲ့ The London Academy of Music and Dramatic အနုပညာကျောင်းတွေကနေ ဘွဲ့ရအောင်မြင်ခဲ့ပါတယ်။ သူ အသက် ၁၈ နှစ်အရွယ်မှာ လူကိုမမှတ်မိနိုင်တော့လောက်အောင် ကိုယ်အလေးချိန်ကျဆင်းမှုကို ခံစားခဲ့ရတာကြောင့် ဟယ်ရီဟာ သူ့ဇာတ်ရုပ် ဝဝဖိုင့်ဖိုင့်ကို ရဖို့အတွက် ဝတ်စုံတွေရဲ့အကူအညီကို ယူခဲ့ရတာပါ။

Devon Murray (Seamus Finnigan)

သူက ၆ နှစ်သားအရွယ်ကတည်းက ရုပ်ရှင်ဇာတ်ကားတွေမှာ သရုပ်ဆောင်နေသူဖြစ်ပေမဲ့ ဟယ်ရီပေါ်တာရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ ဇာတ်ရုပ်ကို မရရှိခင်အထိ ဟယ်ရီပေါ်တာ ဆိုတာကို မကြားဖူးခဲ့သူပါ။ သူ့ရဲ့အဆိုအရ သူ့ရဲ့ဇာတ်ရုပ်ဟာ သူ့နိုင်ငံဖြစ်တဲ့ အိုင်ယာလန်မှာတော့ လူသိနည်းပြီး နာမည်မကြီးခဲ့ဘူးလို့ သိရပါတယ်။

Bonnie Wright (Ginny Weasley)

သူ့ရဲ့အကိုက သူ့ကို Ginny ဇာတ်ရုပ်နဲ့တူတယ် လိုက်ဖက်တယ်လို့ ချီးကျူးခဲ့တာကြောင့် Bonnie က ဟယ်ရီပေါ်တာ ရုပ်ရှင်လူရွေးပွဲကိုဝင်ဖြစ်ခဲ့တာပါ။
ဟယ်ရီပေါ်တာ ရုပ်ရှင်အပြီးမှာတော့ သူဟာ ရုပ်ရှင် ၁၃ ကားမှာ ဆက်လက်သရုပ်ဆောင်ဖြစ်ခဲ့ပြီး ကိုယ်ပိုင် ရုပ်ရှင်ကုမ္ပဏီတည်ထောင်ကာ ရုပ်ရှင်ပရိုဂျူဆာ ဇာတ်ညွှန်းရေးဆရာ ဒါရိုက်တာ အဖြစ် လုပ်ကိုင်နေတာပါ။

Joshua Herdman (Gregory Goyle)

သူက Draco Malfoy ရဲ့ သူငယ်ချင်းတွေထဲကတဦးအနေနဲ့ ဗီလိန်ဇာတ်ရုပ်မှာ သရုပ်ဆောင်ခဲ့သူဖြစ်ပြီး အခု အချိန်မှာ MMA ဖိုက်တာကြီးတဦးအဖြစ် ကြိုးဝိုင်းထဲကို ရောက်ရှိနေပြီး ကြိုးဝိုင်းထဲမှာ ထိုးသတ်နေပြီဖြစ်ပါတယ်။

Tags: