ဟိန္းနရခ်္႐ွိန္းမန္း သို႔မဟုတ္ နာဇီသေကၤတအျဖစ္ စၾကာၤကိုအသံုးျပဳခဲ့သူ

0
56

စစ္အတြင္းဂ်ာမနီတို႔အတြက္ စၾကာၤတံဆိပ္ကို နာဇီကိုယ္စားျပဳေၾကာက္မက္ဖြယ္သေကၤတအျဖစ္စတင္ခဲ့သူမွာ ဟိန္းနရစ္ခ်္႐ွိန္းမန္းျဖစ္ေပသည္။စစ္ႀကီးၿပီးေသာ္လည္းစၾကာၤသေကၤတသည္ နာဇီတို႔၏ ရက္စက္မႈမ်ားေၾကာင့္ ယခုအခ်ိန္ထိတိုင္ေအာင္ ကမၻာကိုမေကာင္းေသာသေကၤတအျဖစ္လႊမ္းမိုးမႈ႐ွိခဲ့သည္။ကံဆိုးလွေသာတစ္ဖက္တြင္ေတာ့စၾကာတံဆိပ္သည္အိနၵိယႏိုင္ငံ႐ွိ မ်ားစြာေသာ ဟိနၵဴမ်ားအတြက္ေတာ့ ႏွစ္ေပါင္းေထာင္ခ်ီၾကာေအာင္ ဘာသာေရးအေဆာက္အအံုမ်ားႏွင့္ အခ်ိဳ႕နတ္ဘုရားမ်ား၏ အထြတ္အျမတ္ထားစရာတစ္ခုျဖစ္ခဲ့သည္။

သူတို႔အတြက္ေတာ့ စၾကာၤသေကၤတသည္ ခ်မ္းသာႂကြယ္ဝျခင္းႏွင့္ ကံဇာတာတက္ျခင္းကိုကိုယ္စားျပဳသည္။စၾကာဟူေသာအဓိပၸါယ္ကိုကသူတို႔အတြက္ ကံေကာင္းျခင္းဟူ၍ျဖစ္သည္။လြန္ခဲ့ေသာႏွစ္ေပါင္း ၁၂၀၀၀မွစ၍ ယေန႔အထိပင္အသံုးျပဳလ်က္႐ွိသည္။သို႔ေသာ္၂၅ႏွစ္ၾကာမ်ွနာဇီတို႔သည္ အေပါင္းလကၡဏာေဆာင္ေသာဤတံဆိပ္ကို က်က္သေရကင္းမဲ့ေအာင္ နာဇီတံဆိပ္အျဖစ္သံုးစြဲခဲ့ၾကသည္။ဆိုေသာ္ စၾကာၤတံဆိပ္ကိုနာဇီသေကၤတအျဖစ္မည္သို႔အသံုးျပဳ ျဖစ္ခဲ့သနည္း။

နာဇီတို႔၏ စၾကာၤတံဆိပ္ကိုမေလ်ာ္မကန္အသံုးျပဳမႈသည္ ဂရိေ႐ွးေဟာင္းၿမိဳ႕ထရြိဳင္အေပၚတြင္အေျခခံသည္။ဂ်ာမန္စီးပြားေရးသမားမွ ေ႐ွးေဟာင္းသုေတသနပညာ႐ွင္ျဖစ္လာသူ ဟိန္းနရခ်္႐ွိန္းမန္းက ထရြိဳင္ၿမိဳ႕အေၾကာင္းကို ႐ွာေဖြေတြ႔႐ွိရာမွစတင္ခဲ့ျခင္းျဖစ္သည္။

ဟိန္းနရစ္သည္ ဂရိကဗ်ာ”အီးလီးယက္စ္”ကို ဂနၱဝင္ကဗ်ာအေနႏွင့္မၾကည့္ပဲ ေျမပံုတစ္ခုအေနျဖင့္ၾကည့္မိရာမွ ေ႐ွးေဟာင္းၿမိဳ႕ေတာ္ထရြိဳင္အေၾကာင္းေတြ႔႐ွိလာရန္ဦးတည္ခဲ့သည္။အဂၤလိပ္ပညာ႐ွင္ဖရန္႔ကားဗက္ႏွင့္လက္တြဲလုပ္ေဆာင္ျခင္းျဖင့္ ဟိန္းနရ်ခ္သည္ ထရြိဳင္ၿမိဳ႕မွာ တူရကီႏိုင္ငံ ေအဂီယန္ကမ္း႐ိုးတန္းတြင္႐ွိသည္ဟုယူဆခဲ့သည္။ထို႔ေနာက္ တူးေဖာ္ျခင္းျပဳရာ တစ္ျခားၿမိဳ႕ျပအေဆာက္အဦး၇လႊာ၏ေအာက္ဆံုးတြင္ထရြိဳင္ၿမိဳ႕ေဟာင္းကိုေတြ႔႐ွိခဲ့သည္။ဤေတြ႔႐ွိျခင္း၌ စၾကာၤတံဆိပ္ကိုလည္းေတြ႔႐ွိခဲ့သည္။စၾကာၤတံဆိ္ပ္အမ်ိဳးကြဲေပါင္း၁၀၀၀ေက်ာ္ေတြ႔႐ွိၿပီး ထိုစၾကာတံဆိပ္မ်ားကိုတူးေဖာ္ရ႐ွိေသာေ႐ွးေဟာင္းပစၥည္းအႏွံ႔အျပားတြင္ေတြ႔႐ွိခဲ့ျခင္းျဖစ္သည္။

ထရြိဳင္ၿမိဳ႕ကိုေတြ႔႐ွိၿပီးေနာက္ဟိန္းနရခ်္သည္ စၾကာၤတံဆိပ္ကို ဂရိမွသည္တိဘက္မွသည္ေဘဘီလံုအထိ ေ႐ွးေဟာင္းေနရာမွန္သမ်ွတြင္လိုက္႐ွာေနခဲ့သည္။ရယ္စရာေကာင္းသည္က သူသည္ဤတံဆိပ္အေပၚ႐ူးသြပ္မႈျပင္းထန္ၿပီးဤစၾကာၤႏွင့္ ဘဝ၏သေကၤတအျဖစ္အဓိပၸါယ္ရေသာဟီးဘ႐ူးစကား “တူ”တို႔ၾကားတြင္ပင္ဆက္ႏြယ္မႈတစ္ခုကိုေရးသားခဲ့ဖူးသည္။မည္သို႔ပင္ျဖစ္ေစ ႐ွိန္းမန္းသည္ စၾကာတံဆိပ္၏ အဓိပၸါယ္မ်ားစြာကိုသိ႐ွိေအာင္လံုးဝမႀကိဳးစားခဲ့ေခ်။ အေၾကာင္းရင္းမ်ားစြာထဲမွတစ္ခုမွာ ေအသင္ၿမိဳ႕ေ႐ွးေဟာင္းသုေတသနေက်ာင္းမွ အမ္မလီဘိုေန႔ျဖစ္သည္။ ေက်ာင္းတစ္ေက်ာင္းျဖစ္ေသာ အီမလီဘိုေနာ့ဖ္ျဖစ္သည္။ထိုေက်ာင္းတြင္ ႐ွိန္းမန္း၏ လက္ေထာက္အျဖစ္ဘိုေနာ့္သည္ စၾကာၤတံဆိ္ပ္ႏွင့္ပတ္သတ္၍႐ွာေဖြရာတြင္မ်ားစြာအေထာက္အပံ႔ျဖစ္ခဲ့သည္။ဘီစီေျခာက္ရာစုမွစ၍ အိနိၵယ႐ွိဟိနၵဴမ်ားအတြက္ ဘာသာေရးအထြတ္အျမတ္အျဖစ္ယူဆေသာသေကၤတမွာစၾကာၤတံဆိပ္ျဖစ္သည္။ ထို႔ေနာက္ ဆက္စပ္ေသာအရာေသာအာရန္ဟူေသာစကားလံုးျဖစ္သည္။ အာရန္ဟူသည္မွာ လြန္ခဲ့သည့္ႏွစ္ေပါင္းမ်ားစြာက ယခုအိႏၵိယေဒသကိုက်ဴးေက်ာ္ခဲ့သည္ဟုဆိုေသာ လူမ်ိဳးစုျဖစ္သည္။

၁၈၀၀ခုႏွစ္ေနာက္ပိုင္းမ်ားတြင္ ဥေရာပတလႊားမွစာေရးဆရာမ်ားသည္ အာရန္မ်ားအိနၵိယသို႔ေရာက္႐ွိလာပံုႏွင့္စၾကာၤတံဆိပ္ကိုဆက္စပ္ေတြးေတာမႈ႐ွိခဲ့ၾကသည္။ဘိုေနာ့္ယူဆသည္ကေတာ့ စၾကာၤတံဆိပ္ကို အာရန္လူမ်ိဳးတို႔၏ စာမ်ား၌လည္းေတြ႔ရသည့္အတြက္ အာရန္မ်ားသည္ ဂရိေ႐ွးေဟာင္းထရြိဳင္မ်ားမွဆင္းသက္သူျဖစ္သည္ဟူ၍။သို႔ေသာ္ဤယူဆမႈမွာမွန္ကန္မႈမ႐ွိ။မည္သို႔ပင္ျဖစ္ေစ ႐ွိန္းမန္းႏွင့္လက္ေထာက္ျဖစ္သူ ဘိုေနာ့ဖ္တို႔ကေတာ့ အာရန္ႏွင့္ထ႐ိုဂ်န္တို႔ဆက္စပ္သည္ဆိုေသာ လိုရာဆြဲေတြးခ်က္ကိုေတာက္ေလ်ွာက္ျပဳလုပ္ခဲ့ၾကေပသည္။

ထို႔ေနာက္ ႐ွိန္းမန္းႏွင့္ဘ္ိုေနာ့ဖ္တို႔၏ေ႐ွးေဟာင္းအာရန္စကားႏွင့္ဂ်ာမန္စကားတို႔ၾကားဆက္သြယ္မႈမ်ားျပဳလုပ္ၿပီးေနာက္ အာရန္လူမ်ိဳးႀကီးဝါဒသည္ စစ္အတြင္း ဂ်ာမန္တို႔၏ လူမ်ိဳးေရးလႈံ႔ေဆာ္မႈမ်ားအတြင္းပါဝင္လာခဲ့ေခ်သည္။ဂ်ာမန္အမ်ိဴးသားေရးအဖြဲ႔အစည္းျဖစ္ေသာ ရိခ်္႐ွမာဘြန္းႏွင့္ ဘာဗားရီးယန္းဖရိက္ေကာ့တို႔သည္ ဂ်ာမန္-အာရန္ဆက္ႏြယ္မႈကိုလက္ခံၿပီး စၾကာတံဆိပ္ကို ဂ်ာမန္အမ်ိဳးသားေရးတံဆိပ္အျဖစ္စတင္အသံုးျပဳခဲ့ၾကသည္။သို႔ေသာ္သူတို႔သည္နာဇီပါတီမဟုတ္ေသးေပ။

၁၉၂၀တြင္ေတာ့ နာဇီပါတီက စၾကာၤတံဆိပ္ကိုပါတီသေကၤတအျဖစ္အသံုးျပဳေခ်ၿပီ။တစ္ျခားပါတီမ်ားကအသံုးျပဳခဲ့ၾကေသာ္လည္း နာဇီအာဏာထက္ျမက္လာသည္ႏွင့္အမ်ွ ခရစ္စမတ္ပြဲကအစ စၾကာၤတံဆိပ္ကို ေတြ႔ျမင္လာရသည္။ဤလႊမ္းမိုးမႈတြင္ဟိန္းနရာခ်္သည္ အဓိကတရားခံျဖစ္ေခ်သည္။ထို့ေၾကာင့္ နာဇီတံဆိပ္၏သေကၤတအျဖစ္ စၾကာၤျဖစ္လာျခင္းေနာက္ကြယ္တြင္ ဟိန္းနရခ်္႐ွိန္းမန္းသည္အဓိကပုဂၢိဳ္လ္ျဖစ္ခဲ့ၿပီး ဟိနၵဴတို႔၏ဘာသာေရးအထြတ္အျမတ္ထားရာသေကၤတသည္လည္း က်က္သေရကင္းမဲ့ခဲ့ရေပသည္။

Unicode

စစ်အတွင်းဂျာမနီတို့အတွက် စကြာင်္တံဆိပ်ကို နာဇီကိုယ်စားပြုကြောက်မက်ဖွယ်သင်္ကေတအဖြစ်စတင်ခဲ့သူမှာ ဟိန်းနရစ်ချ်ရှိန်းမန်းဖြစ်ပေသည်။စစ်ကြီးပြီးသော်လည်းစကြာင်္သင်္ကေတသည် နာဇီတို့၏ ရက်စက်မှုများကြောင့် ယခုအချိန်ထိတိုင်အောင် ကမ္ဘာကိုမကောင်းသောသင်္ကေတအဖြစ်လွှမ်းမိုးမှုရှိခဲ့သည်။ကံဆိုးလှသောတစ်ဖက်တွင်တော့စကြာတံဆိပ်သည်အိန္ဒိယနိုင်ငံရှိ များစွာသော ဟိန္ဒူများအတွက်တော့ နှစ်ပေါင်းထောင်ချီကြာအောင် ဘာသာရေးအဆောက်အအုံများနှင့် အချို့နတ်ဘုရားများ၏ အထွတ်အမြတ်ထားစရာတစ်ခုဖြစ်ခဲ့သည်။

သူတို့အတွက်တော့ စကြာင်္သင်္ကေတသည် ချမ်းသာကြွယ်ဝခြင်းနှင့် ကံဇာတာတက်ခြင်းကိုကိုယ်စားပြုသည်။စကြာဟူသောအဓိပ္ပါယ်ကိုကသူတို့အတွက် ကံကောင်းခြင်းဟူ၍ဖြစ်သည်။လွန်ခဲ့သောနှစ်ပေါင်း ၁၂ဝဝဝမှစ၍ ယနေ့အထိပင်အသုံးပြုလျက်ရှိသည်။သို့သော်၂၅နှစ်ကြာမျှနာဇီတို့သည် အပေါင်းလက္ခဏာဆောင်သောဤတံဆိပ်ကို ကျက်သရေကင်းမဲ့အောင် နာဇီတံဆိပ်အဖြစ်သုံးစွဲခဲ့ကြသည်။ဆိုသော် စကြာင်္တံဆိပ်ကိုနာဇီသင်္ကေတအဖြစ်မည်သို့အသုံးပြု ဖြစ်ခဲ့သနည်း။

နာဇီတို့၏ စကြာင်္တံဆိပ်ကိုမလျော်မကန်အသုံးပြုမှုသည် ဂရိရှေးဟောင်းမြို့ထရွိုင်အပေါ်တွင်အခြေခံသည်။ဂျာမန်စီးပွားရေးသမားမှ ရှေးဟောင်းသုတေသနပညာရှင်ဖြစ်လာသူ ဟိန်းနရချ်ရှိန်းမန်းက ထရွိုင်မြို့အကြောင်းကို ရှာဖွေတွေ့ရှိရာမှစတင်ခဲ့ခြင်းဖြစ်သည်။

ဟိန်းနရစ်သည် ဂရိကဗျာ”အီးလီးယက်စ်”ကို ဂန္တဝင်ကဗျာအနေနှင့်မကြည့်ပဲ မြေပုံတစ်ခုအနေဖြင့်ကြည့်မိရာမှ ရှေးဟောင်းမြို့တော်ထရွိုင်အကြောင်းတွေ့ရှိလာရန်ဦးတည်ခဲ့သည်။အင်္ဂလိပ်ပညာရှင်ဖရန့်ကားဗက်နှင့်လက်တွဲလုပ်ဆောင်ခြင်းဖြင့် ဟိန်းနရျခ်သည် ထရွိုင်မြို့မှာ တူရကီနိုင်ငံ အေဂီယန်ကမ်းရိုးတန်းတွင်ရှိသည်ဟုယူဆခဲ့သည်။ထို့နောက် တူးဖော်ခြင်းပြုရာ တစ်ခြားမြို့ပြအဆောက်အဦးရလွှာ၏အောက်ဆုံးတွင်ထရွိုင်မြို့ဟောင်းကိုတွေ့ရှိခဲ့သည်။ဤတွေ့ရှိခြင်း၌ စကြာင်္တံဆိပ်ကိုလည်းတွေ့ရှိခဲ့သည်။စကြာင်္တံဆိ်ပ်အမျိုးကွဲပေါင်း၁ဝဝဝကျော်တွေ့ရှိပြီး ထိုစကြာတံဆိပ်များကိုတူးဖော်ရရှိသောရှေးဟောင်းပစ္စည်းအနှံ့အပြားတွင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထရွိုင်မြို့ကိုတွေ့ရှိပြီးနောက်ဟိန်းနရချ်သည် စကြာင်္တံဆိပ်ကို ဂရိမှသည်တိဘက်မှသည်ဘေဘီလုံအထိ ရှေးဟောင်းနေရာမှန်သမျှတွင်လိုက်ရှာနေခဲ့သည်။ရယ်စရာကောင်းသည်က သူသည်ဤတံဆိပ်အပေါ်ရူးသွပ်မှုပြင်းထန်ပြီးဤစကြာင်္နှင့် ဘဝ၏သင်္ကေတအဖြစ်အဓိပ္ပါယ်ရသောဟီးဘရူးစကား “တူ”တို့ကြားတွင်ပင်ဆက်နွယ်မှုတစ်ခုကိုရေးသားခဲ့ဖူးသည်။မည်သို့ပင်ဖြစ်စေ ရှိန်းမန်းသည် စကြာတံဆိပ်၏ အဓိပ္ပါယ်များစွာကိုသိရှိအောင်လုံးဝမကြိုးစားခဲ့ချေ။ အကြောင်းရင်းများစွာထဲမှတစ်ခုမှာ အေသင်မြို့ရှေးဟောင်းသုတေသနကျောင်းမှ အမ်မလီဘိုနေ့ဖြစ်သည်။ ကျောင်းတစ်ကျောင်းဖြစ်သော အီမလီဘိုနော့ဖ်ဖြစ်သည်။ထိုကျောင်းတွင် ရှိန်းမန်း၏ လက်ထောက်အဖြစ်ဘိုနော့်သည် စကြာင်္တံဆိ်ပ်နှင့်ပတ်သတ်၍ရှာဖွေရာတွင်များစွာအထောက်အပံ့ဖြစ်ခဲ့သည်။ဘီစီခြောက်ရာစုမှစ၍ အိန္ဒိယရှိဟိန္ဒူများအတွက် ဘာသာရေးအထွတ်အမြတ်အဖြစ်ယူဆသောသင်္ကေတမှာစကြာင်္တံဆိပ်ဖြစ်သည်။ ထို့နောက် ဆက်စပ်သောအရာသောအာရန်ဟူသောစကားလုံးဖြစ်သည်။ အာရန်ဟူသည်မှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ယခုအိန္ဒိယဒေသကိုကျူးကျော်ခဲ့သည်ဟုဆိုသော လူမျိုးစုဖြစ်သည်။

၁၈ဝဝခုနှစ်နောက်ပိုင်းများတွင် ဥရောပတလွှားမှစာရေးဆရာများသည် အာရန်များအိန္ဒိယသို့ရောက်ရှိလာပုံနှင့်စကြာင်္တံဆိပ်ကိုဆက်စပ်တွေးတောမှုရှိခဲ့ကြသည်။ဘိုနော့်ယူဆသည်ကတော့ စကြာင်္တံဆိပ်ကို အာရန်လူမျိုးတို့၏ စာများ၌လည်းတွေ့ရသည့်အတွက် အာရန်များသည် ဂရိရှေးဟောင်းထရွိုင်များမှဆင်းသက်သူဖြစ်သည်ဟူ၍။သို့သော်ဤယူဆမှုမှာမှန်ကန်မှုမရှိ။မည်သို့ပင်ဖြစ်စေ ရှိန်းမန်းနှင့်လက်ထောက်ဖြစ်သူ ဘိုနော့ဖ်တို့ကတော့ အာရန်နှင့်ထရိုဂျန်တို့ဆက်စပ်သည်ဆိုသော လိုရာဆွဲတွေးချက်ကိုတောက်လျှောက်ပြုလုပ်ခဲ့ကြပေသည်။

ထို့နောက် ရှိန်းမန်းနှင့်ဘ်ိုနော့ဖ်တို့၏ရှေးဟောင်းအာရန်စကားနှင့်ဂျာမန်စကားတို့ကြားဆက်သွယ်မှုများပြုလုပ်ပြီးနောက် အာရန်လူမျိုးကြီးဝါဒသည် စစ်အတွင်း ဂျာမန်တို့၏ လူမျိုးရေးလှုံ့ဆော်မှုများအတွင်းပါဝင်လာခဲ့ချေသည်။ဂျာမန်အမျိူးသားရေးအဖွဲ့အစည်းဖြစ်သော ရိချ်ရှမာဘွန်းနှင့် ဘာဗားရီးယန်းဖရိက်ကော့တို့သည် ဂျာမန်-အာရန်ဆက်နွယ်မှုကိုလက်ခံပြီး စကြာတံဆိပ်ကို ဂျာမန်အမျိုးသားရေးတံဆိပ်အဖြစ်စတင်အသုံးပြုခဲ့ကြသည်။သို့သော်သူတို့သည်နာဇီပါတီမဟုတ်သေးပေ။

၁၉၂ဝတွင်တော့ နာဇီပါတီက စကြာင်္တံဆိပ်ကိုပါတီသင်္ကေတအဖြစ်အသုံးပြုချေပြီ။တစ်ခြားပါတီများကအသုံးပြုခဲ့ကြသော်လည်း နာဇီအာဏာထက်မြက်လာသည်နှင့်အမျှ ခရစ်စမတ်ပွဲကအစ စကြာင်္တံဆိပ်ကို တွေ့မြင်လာရသည်။ဤလွှမ်းမိုးမှုတွင်ဟိန်းနရာချ်သည် အဓိကတရားခံဖြစ်ချေသည်။ထို့ကြောင့် နာဇီတံဆိပ်၏သင်္ကေတအဖြစ် စကြာင်္ဖြစ်လာခြင်းနောက်ကွယ်တွင် ဟိန်းနရချ်ရှိန်းမန်းသည်အဓိကပုဂ္ဂို်လ်ဖြစ်ခဲ့ပြီး ဟိန္ဒူတို့၏ဘာသာရေးအထွတ်အမြတ်ထားရာသင်္ကေတသည်လည်း ကျက်သရေကင်းမဲ့ခဲ့ရပေသည်။