အက္ရွင္မင္းသားႀကီး ဂ်က္လီ ရဲ႕ အထၳဳပတၱိအေၾကာင္း တေစ့တေစာင္း 

0
88

ျမန္မာနဲ႔ အာရွ ပရိသတ္ အပါအ၀င္ အေနာက္ႏုိင္ငံ က ပရိသတ္ေတြပါ အၾကိဳက္ေတြ႔ၿပီး ခ်စ္ခင္အားေပးၾကတဲ့ အက္ရွင္မငး္သားႀကီး ဂ်က္လီကေတာ့ လည္ပင္ၾကီးေရာဂါနဲ႔ ေက်ာရိုးေ၀ဒနာခံစားေနရၿပီး အသက္ ၅၅ ႏွစ္ သာ ရွိေနေသးေပမယ့္ အသက္ ၇၀ အရြယ္ အဖုိးအုိ တစ္ေယာက္ လုိ ေ၀ဒနာရဲ႕ ဒဏ္ကုိ အလူးအလဲ ခံစားေနရရွာပါတယ္။

ေအာက္မွာ ေရးသားထားတာေတြက ဂ်က္လီ ရဲ႕ အထၳဳပတၱိလုိ႔လည္း ဆုိႏုိင္ၿပီး ဘ၀ရုပ္ပုံလႊာ လုိ႔လည္း ေျပာလုိ႔ရႏုိင္တဲ့အျပင္ ဂ်က္လီနဲ႔ ပတ္သက္တဲ့ ထူးျခားခ်က္ကေလးေတြကုိ ဗဟုသုတအေနနဲ႔ ေဖာ္ျပေပးလုိက္တာကုိ ဖတ္ရႈရင္း ခ်စ္တဲ့မင္းသားႀကီး ဂ်က္လီတစ္ေယာက္ ေရာဂါေ၀ဒနာ ရဲ႕ ဒဏ္ကုိ အေကာင္းဆုံး ၾကံ့ၾကံ့ခံႏုိင္ပါေစ လုိ႔ ဆုေတာင္းေပးလုိက္ၾကေအာင္လား ။

ဂ်က္လီရဲ႕ အမည္ရင္းမွာ လီလ်န္ဂ်ီ ျဖစ္ေသာ္လည္း ဂ်က္လီဟုသာ လူသိမ်ား ထင္ရွားခဲ့ပါတယ္။ ဂ်က္လီကို ၁၉၆၃ ခုႏွစ္ ဧၿပီ ၂၆ ရက္တြင္ တ႐ုတ္နိုင္ငံ ေပက်င္းၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။ ညီအစ္ကိုေမာင္ႏွမ ေလးေယာက္အနက္ အငယ္ဆုံးသားျဖစ္ၿပီး အေဖျဖစ္သူက  ဂ်က္လီႏွစ္ႏွစ္သား အ႐ြယ္ကတည္းက ကြယ္လြန္သြားခဲ့ပါတယ္။

ဖခင္ျဖစ္သူ ကြယ္လြန္သြားၿပီးေနာက္ ဂ်က္လီတို႔ မိသားစုဟာ စားဝတ္ေနေရးအတြက္ ခက္ခက္ခဲခဲ ႐ုန္းကန္လႈပ္ရွားခဲ့ၾကပါတယ္။
ဂ်က္လီ ဟာ  ရွစ္ႏွစ္သားအ႐ြယ္ကတည္းက ဝူရႉး သိုင္းပညာတြင္ ပါရမီထူးခြၽန္ခဲ့သူ ျဖစ္ၿပီး တ႐ုတ္ဝူရႉး ခ်န္ပီယံရွစ္တြင္ အသက္ငယ္ငယ္႐ြယ္႐ြယ္ ႏွင့္ ေ႐ြတံဆိပ္ ၁၅ ခုႏွင့္ ေငြတံဆိပ္တစ္ခု ရရွိခဲ့သူတစ္ဦးလည္း ျဖစ္ပါတယ္။

သုိင္းဇာတ္ကားေတြကုိ ရုိက္ကူးတဲ့ ရုပ္ရွင္ကုမၸဏီက အမည္ရင္းျဖစ္တဲ့ လီဂ်န္ဂ်ီ ဟာ အသံထြက္ရခက္ၿပီး လ်န္ဂ်ီကုိ ျဖဳတ္ၿပီး ဂ်က္လီ ဟု အတုိေကာက္ေၾကာ္ျငာခဲ့ရာမွ လီလ်န္ဂ်ီ အမည္ ေပ်ာက္ကာ ဂ်က္လီအမည္နဲ ထင္ရွားသြားခဲ့တာပဲ ျဖစ္ပါတယ္

ဂ်က္လီဟာ ေရွးေခတ္ တရုတ္သုိင္းကားေတြ ျဖစ္တဲ့ Shaolin Temple ဇာတ္လမ္းတြဲအျပင္ The Once Upon a Time in China၊ Fist of Legend ၊ The Fong Sai Yuk ဇာတ္ကား မ်ားကိုလည္း ရိုက္ကူးခဲ့ပါတယ္။

ဂ်က္လီဟာ သည္ ၁၉၈၂ ခုႏွစ္မွာ ႐ုပ္ရွင္ေလာကသို႔ ေရာက္ရွိလာသူျဖစ္ၿပီး ၂ဝဝ၇ ခုႏွစ္မွာေတာ့ ေဟာင္ေကာင္႐ုပ္ရွင္ ဆုေပး ပြဲတြင္ The Warlords ဇာတ္ကားနဲ႔ အေကာင္းဆုံးအမ်ိဳးသား သ႐ုပ္ေဆာင္ဆုကို ရရွိခဲ့ပါတယ္။ စုံေထာက္ရုပ္ရွင္ကားတစ္ခု ျဖစ္တဲ့ Mummy 3, Lethal Weapon 4, Romeo Must Die, The BodyGuard, Kiss of the Dragon, The One၊ Unleashed, Fearless စတဲ့ ဇာတ္ကားေပါင္းမ်ားစြာ ရိုက္ကူးခဲ့ပါတယ္။

ဂ်က္လီဟာ Shaolin Temple ဇာတ္ကားမွာ တြဲဖက္သ႐ုပ္ေဆာင္ခဲ့တဲ့ ဟန္ကြမ္ရင္ႏွင့္လက္ထပ္ခဲ့ၿပီး သမီးႏွစ္ဦးထြန္းကားခဲ့ေပမယ့္ ၁၉၉ဝ ခုႏွစ္တြင္ ကြာရွင္းျပတ္စဲခဲ့ၾကပါတယ္။ ၁၉၉၉ ခုႏွစ္မွာ ရွန္ဟိုင္းဇာတိဖြား ေဟာင္ေကာင္မင္းသမီး နီနာလီခ်ီႏွင့္ ထပ္မံလက္ထပ္ခဲ့ၿပီး သမီးႏွစ္ဦး ထပ္မံေမြးဖြားခဲ့ပါတယ္။

၁။ Li Lianjie ဂ်က္လီဟု လူသိမ်ားေသာ သူသည္ တရုတ္ ရုပ္ရွင္မင္းသား၊ ရုပ္ရွင္ထုတ္လုပ္သူ၊ နွင့္ ဝူရွဴးခ်န္ပီယံ တဦးျဖစ္ျပီး ေဘက်င္းတြင္ ေမြးဖြားခဲ့တယ္။

၂။ ဝူဘင္နွင့္ ၃နွစ္ေလာက္ အျပင္းအထန္ေလ့က်င့္ျပီးေနာက္ လီသည္ ေဘက်င္းဝူရွဴးအသင္းအတြက္ အမ်ိဳးသားခ်န္ပီယံ ပထမဆု ဆြတ္ခူးခဲ့တယ္။

၃။ အသက္၁၉နွစ္တြင္ ဝူရွဴးကစားျခင္းမွ အနားယူျပီးေနာက္ သူသည္ ၁၉၈၂ခုနွစ္တြင္ သူ၏ပြဲဦးထြက္ ရုပ္ရွင္ကား Shaolin Temple ျဖင့္ တရုတ္နိင္ငံတြင္ မင္းသားအျဖစ္ တခဲနက္အားေပးခံခဲ့ရတယ္။

၄။သူသည္ ကို္ယ္ခံပညာရပ္ ရုပ္ရွင္ကားမ်ားျဖင့္ ပရိသတ္အားေပးမႈရခဲ့ျပီး ေက်ာ္ၾကားလာခဲ့တယ္။ အထင္ရွားဆံုးကေတာ့ ဟီးရုိး Wong Fei-hung အျဖစ္ သရုပ္ေဆာင္ခဲ့ေသာ တခါတုန္းကတရုတ္ျပည္မွာ ရုပ္ရွင္ဇာတ္လမ္းတြဲျဖစ္တယ္။

၅။ လီ၏ ေဟာလိဝုဒ္ရုပ္ရွင္ေတြမွာ ပထမဆံုးသရုပ္ေဆာင္ရတာကေတာ့ ၁၉၈၈တြင္ Lethal Weapon 4 ဇာတ္ကား၌ ဗီလိန္အျဖစ္ပါဝင္ရျခင္းျဖစ္တယ္။ သူရဲ႕ ေဟာလိဝုဒ္ရုပ္ရွင္ေတြမွာ ပထမဆံုးေခါင္းေဆာင္ခန္းကေတာ့ ၂၀၀၀ ျပည့္နွစ္က Romeo must die ရုပ္ရွင္ကား၌ ဟန္ဆင္းအျဖစ္ပါဝင္ရျခင္းျဖစ္တယ္။

၆။သူသည္ Kiss of the Dragon နွင့္ Unleashed အပါအဝင္ မ်ားစြာေသာ ေဟာလိဝုဒ္ အက္ရွင္ဇာတ္ကားမ်ားတြင္ ေက်ာ္ၾကားလူသိမ်ားလာခဲ့တယ္ ။

၇။ ၂၀၀၁ခုနွစ္တြင္ The One ၊ မင္းသား ဂ်က္ကီခ်န္းနွင့္ ၂၀၀၈ ခုနွစ္တြင္ Forbidden Kingdom ၊ မင္းသား ဆင္ဗတ္စတာ စတားလံုး နွင့္ The Expendables အျပင္ ၂၀၀၈ခုနွစ္တြင္ The Mummy: Tomb of the Dragon Emperor ဇာတ္ကားတြင္ ဗီလိန္အျဖစ္ ပါဝင္တြဲဖက္သရုပ္ေဆာင္ခဲ့တယ္။

၈။လီသည္ တရုတ္နိုင္ငံ ေဘက်င္းျမိဳ႔တြင္ ေမြးဖြားခဲ့ျပီး ေမြးခ်င္း ေယာက်ၤားေလး ၂ေယာက္ မိန္းကေလး၂ေယာက္တြင္ အငယ္ဆံုးျဖစ္တယ္။

၉။သူ နွစ္နွစ္သားအရြယ္မွာ ဖခင္ ေသဆံုးခဲ့ျပီး မိသားစုသည္ ခက္ခဲစြာ ေနထိုင္က်န္ရစ္ခဲ့ရတယ္။

၁၀။ ေက်ာင္းတြင္း ေႏြရာသီသင္တန္းတခုမွစ၍ လီ၏ ဝူရွဴးအရည္အေသြးကို သတိျပဳမိခဲ့ျပီး သူသည္ ထိုေနရာမွာ စတင္ေလ့က်င့္ခဲ့တယ္။

၁၁။ တရုတ္အားကစားပြဲမ်ားအတြင္း ကိုယ္ခံပညာရပ္ပံုစံမ်ား သရုပ္ျပရန္ ဖြဲ႕စည္းထားေသာ အားကစားသမားအုပ္စုျဖစ္သည့္ ေဘက်င္းဝူရွဴးအသင္းတြင္ သူရဲ႕ဝူရွဴးအားကစားဘဝက စတင္ခဲ့တယ္။

၁၂။ သူ႔ကို ဝူရွဴးဆရာသမားနွစ္ေယာက္ Li Junfeng ႏွင့္ Wu Bin တုိ႔က အရည္အေသြးရွိေသာ လူငယ္ေလးတစ္ေယာက္ျဖစ္လာေအာင္ အထူးၾကိဳးပမ္းအားထုတ္မႈမ်ားျဖင့္ ေလ့က်င့္သင္ၾကားေပးခဲ့ၾကတယ္။

၁၃။ ကစားသမားတေယာက္၏ ရုပ္ပိုင္းဆိုင္ရာ ၾက့ံခိုင္မႈအတြက္ မရွိမျဖစ္လိုအပ္ေသာ အသားဝယ္ဖို႔ လီ၏မိသားစုမွာ မတတ္နိုင္ေသာေၾကာင့္ Wu Bin သည္ လီမိသားစုအတြက္ အစားအေသာက္မ်ားပါ ဝယ္ေပးခဲဲ့တယ္။

၁၄။ ကၽြန္ေတာ္ ပထမဆုရတုန္းကေတာ့ အေတာ့္ကို ငယ္ေနေသးတဲ့အတြက္ မေဖာ္ျပနိုင္ေလာက္ေအာင္ စိတ္လႈပ္ရွားေနခဲ့တယ္။

၁၅။ “ ကၽြန္ေတာ္က အသက္၁၂ ပဲရွိျပီး က်န္တဲ႔ ဆုရသူနွစ္ေယာက္ကေတာ့ အသက္၂၀ေလာက္ရွိျပီ ။”

၁၆။ “ ဆုေပးပြဲအခမ္းအနားတြင္ ဆုေပးစင္ျမင့္ရဲ႕ထိပ္မွာ ကၽြန္ေတာ္မတ္တပ္ရပ္လိုက္တဲ့အခါ ကၽြန္ေတာ္က ဒုတိယ နဲ႔ တတိယ ေငြေၾကး တံဆိပ္ရတဲ့သူေတြထက္ေတာင္ အရပ္ပုေနေသးတယ္ ”

၁၇။ လီေျပာျပခ်က္အရ ကေလးဘဝတုန္းက သူသည္ အေမရိကန္တြင္ သမၼတ ရစ္ခ်က္နစ္ဆင္အတြက္ တရုတ္အမ်ိဳးသားဝူးရွဴးအသင္းနွင့္ သြားေရာက္ေဖ်ာ္ေျဖကျပစဥ္ သူ႔ကုိ သမၼတနစ္ဆင္က သူရဲ႕ ကိုယ္ရံေတာ္ေစာင့္ေရွာက္သူလုပ္မလားလို႔ ေမးျမန္းခဲ့တယ္။

၁၈။ “ကၽြန္ေတာ္ၾကီးလာရင္ ကၽြန္ေတာ့တို႔ တရုတ္ရြာသား လူတစ္သန္းကို ကာကြယ္ခ်င္တယ္”

၁၉။ လီသည္ မ်ားစြာေသာ ဝူရွဴးနည္းလမ္းပံုစံမ်ားစြာကို ကၽြမ္းက်င္ျပီး အထူးသျဖင့္ Changquan(ေျမာက္ပိုင္း လက္သီးရွည္ပံုစံ) နွင့္  Fanziquan (သတိမမူလက္သီးပံုစံ) တို႔ကို ကၽြမ္းက်င္ခဲ့တယ္။

၂၀။ သူသည္ တျခားေသာ ကိုယ္ခံပညာရပ္နည္းမ်ားျဖစ္သည့္  Baguazhang ၊ Taijiquan ၊ Xingyiquan ၊ Zuiquan ၊ Yinzhaoquan ၊ Tanglangquan တို႔ကိုပါ သင္ယူခဲ့တယ္။

Unicode

မြန်မာနဲ့ အာရှ ပရိသတ် အပါအဝင် အနောက်နိုင်ငံ က ပရိသတ်တွေပါ အကြိုက်တွေ့ပြီး ချစ်ခင်အားပေးကြတဲ့ အက်ရှင်မငး်သားကြီး ဂျက်လီကတော့ လည်ပင်ကြီးရောဂါနဲ့ ကျောရိုးဝေဒနာခံစားနေရပြီး အသက် ၅၅ နှစ် သာ ရှိနေသေးပေမယ့် အသက် ၇၀ အရွယ် အဖိုးအို တစ်ယောက် လို ဝေဒနာရဲ့ ဒဏ်ကို အလူးအလဲ ခံစားနေရရှာပါတယ်။

အောက်မှာ ရေးသားထားတာတွေက ဂျက်လီ ရဲ့ အထ္ထုပတ္တိလို့လည်း ဆိုနိုင်ပြီး ဘဝရုပ်ပုံလွှာ လို့လည်း ပြောလို့ရနိုင်တဲ့အပြင် ဂျက်လီနဲ့ ပတ်သက်တဲ့ ထူးခြားချက်ကလေးတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်တာကို ဖတ်ရှုရင်း ချစ်တဲ့မင်းသားကြီး ဂျက်လီတစ်ယောက် ရောဂါဝေဒနာ ရဲ့ ဒဏ်ကို အကောင်းဆုံး ကြံ့ကြံ့ခံနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ကြအောင်လား ။

ဂျက်လီရဲ့ အမည်ရင်းမှာ လီလျန်ဂျီ ဖြစ်သော်လည်း ဂျက်လီဟုသာ လူသိများ ထင်ရှားခဲ့ပါတယ်။ ဂျက်လီကို ၁၉၆၃ ခုနှစ် ဧပြီ ၂၆ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ ညီအစ်ကိုမောင်နှမ လေးယောက်အနက် အငယ်ဆုံးသားဖြစ်ပြီး အဖေဖြစ်သူက  ဂျက်လီနှစ်နှစ်သား အရွယ်ကတည်းက ကွယ်လွန်သွားခဲ့ပါတယ်။

ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီးနောက် ဂျက်လီတို့ မိသားစုဟာ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားခဲ့ကြပါတယ်။
ဂျက်လီ ဟာ  ရှစ်နှစ်သားအရွယ်ကတည်းက ဝူရှူး သိုင်းပညာတွင် ပါရမီထူးချွန်ခဲ့သူ ဖြစ်ပြီး တရုတ်ဝူရှူး ချန်ပီယံရှစ်တွင် အသက်ငယ်ငယ်ရွယ်ရွယ် နှင့် ရွေတံဆိပ် ၁၅ ခုနှင့် ငွေတံဆိပ်တစ်ခု ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

သိုင်းဇာတ်ကားတွေကို ရိုက်ကူးတဲ့ ရုပ်ရှင်ကုမ္ပဏီက အမည်ရင်းဖြစ်တဲ့ လီဂျန်ဂျီ ဟာ အသံထွက်ရခက်ပြီး လျန်ဂျီကို ဖြုတ်ပြီး ဂျက်လီ ဟု အတိုကောက်ကြော်ငြာခဲ့ရာမှ လီလျန်ဂျီ အမည် ပျောက်ကာ ဂျက်လီအမည်နဲ ထင်ရှားသွားခဲ့တာပဲ ဖြစ်ပါတယ်

ဂျက်လီဟာ ရှေးခေတ် တရုတ်သိုင်းကားတွေ ဖြစ်တဲ့ Shaolin Temple ဇာတ်လမ်းတွဲအပြင် The Once Upon a Time in China၊ Fist of Legend ၊ The Fong Sai Yuk ဇာတ်ကား များကိုလည်း ရိုက်ကူးခဲ့ပါတယ်။

ဂျက်လီဟာ သည် ၁၉၈၂ ခုနှစ်မှာ ရုပ်ရှင်လောကသို့ ရောက်ရှိလာသူဖြစ်ပြီး ၂ဝဝရ ခုနှစ်မှာတော့ ဟောင်ကောင်ရုပ်ရှင် ဆုပေး ပွဲတွင် The Warlords ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ စုံထောက်ရုပ်ရှင်ကားတစ်ခု ဖြစ်တဲ့ Mummy 3, Lethal Weapon 4, Romeo Must Die, The BodyGuard, Kiss of the Dragon, The One၊ Unleashed, Fearless စတဲ့ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပါတယ်။

ဂျက်လီဟာ Shaolin Temple ဇာတ်ကားမှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ဟန်ကွမ်ရင်နှင့်လက်ထပ်ခဲ့ပြီး သမီးနှစ်ဦးထွန်းကားခဲ့ပေမယ့် ၁၉၉ဝ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။ ၁၉၉၉ ခုနှစ်မှာ ရှန်ဟိုင်းဇာတိဖွား ဟောင်ကောင်မင်းသမီး နီနာလီချီနှင့် ထပ်မံလက်ထပ်ခဲ့ပြီး သမီးနှစ်ဦး ထပ်မံမွေးဖွားခဲ့ပါတယ်။

၁။ Li Lianjie ဂျက်လီဟု လူသိများသော သူသည် တရုတ် ရုပ်ရှင်မင်းသား၊ ရုပ်ရှင်ထုတ်လုပ်သူ၊ နှင့် ဝူရှူးချန်ပီယံ တဦးဖြစ်ပြီး ဘေကျင်းတွင် မွေးဖွားခဲ့တယ်။

၂။ ဝူဘင်နှင့် ၃နှစ်လောက် အပြင်းအထန်လေ့ကျင့်ပြီးနောက် လီသည် ဘေကျင်းဝူရှူးအသင်းအတွက် အမျိုးသားချန်ပီယံ ပထမဆု ဆွတ်ခူးခဲ့တယ်။

၃။ အသက်၁၉နှစ်တွင် ဝူရှူးကစားခြင်းမှ အနားယူပြီးနောက် သူသည် ၁၉၈၂ခုနှစ်တွင် သူ၏ပွဲဦးထွက် ရုပ်ရှင်ကား Shaolin Temple ဖြင့် တရုတ်နိင်ငံတွင် မင်းသားအဖြစ် တခဲနက်အားပေးခံခဲ့ရတယ်။

၄။သူသည် ကို်ယ်ခံပညာရပ် ရုပ်ရှင်ကားများဖြင့် ပရိသတ်အားပေးမှုရခဲ့ပြီး ကျော်ကြားလာခဲ့တယ်။ အထင်ရှားဆုံးကတော့ ဟီးရိုး Wong Fei-hung အဖြစ် သရုပ်ဆောင်ခဲ့သော တခါတုန်းကတရုတ်ပြည်မှာ ရုပ်ရှင်ဇာတ်လမ်းတွဲဖြစ်တယ်။

၅။ လီ၏ ဟောလိဝုဒ်ရုပ်ရှင်တွေမှာ ပထမဆုံးသရုပ်ဆောင်ရတာကတော့ ၁၉၈၈တွင် Lethal Weapon 4 ဇာတ်ကား၌ ဗီလိန်အဖြစ်ပါဝင်ရခြင်းဖြစ်တယ်။ သူရဲ့ ဟောလိဝုဒ်ရုပ်ရှင်တွေမှာ ပထမဆုံးခေါင်းဆောင်ခန်းကတော့ ၂၀၀၀ ပြည့်နှစ်က Romeo must die ရုပ်ရှင်ကား၌ ဟန်ဆင်းအဖြစ်ပါဝင်ရခြင်းဖြစ်တယ်။

၆။သူသည် Kiss of the Dragon နှင့် Unleashed အပါအဝင် များစွာသော ဟောလိဝုဒ် အက်ရှင်ဇာတ်ကားများတွင် ကျော်ကြားလူသိများလာခဲ့တယ် ။

၇။ ၂၀၀၁ခုနှစ်တွင် The One ၊ မင်းသား ဂျက်ကီချန်းနှင့် ၂၀၀၈ ခုနှစ်တွင် Forbidden Kingdom ၊ မင်းသား ဆင်ဗတ်စတာ စတားလုံး နှင့် The Expendables အပြင် ၂၀၀၈ခုနှစ်တွင် The Mummy: Tomb of the Dragon Emperor ဇာတ်ကားတွင် ဗီလိန်အဖြစ် ပါဝင်တွဲဖက်သရုပ်ဆောင်ခဲ့တယ်။

၈။လီသည် တရုတ်နိုင်ငံ ဘေကျင်းမြို့တွင် မွေးဖွားခဲ့ပြီး မွေးချင်း ယောကျင်္ားလေး ၂ယောက် မိန်းကလေး၂ယောက်တွင် အငယ်ဆုံးဖြစ်တယ်။

၉။သူ နှစ်နှစ်သားအရွယ်မှာ ဖခင် သေဆုံးခဲ့ပြီး မိသားစုသည် ခက်ခဲစွာ နေထိုင်ကျန်ရစ်ခဲ့ရတယ်။

၁၀။ ကျောင်းတွင်း နွေရာသီသင်တန်းတခုမှစ၍ လီ၏ ဝူရှူးအရည်အသွေးကို သတိပြုမိခဲ့ပြီး သူသည် ထိုနေရာမှာ စတင်လေ့ကျင့်ခဲ့တယ်။

၁၁။ တရုတ်အားကစားပွဲများအတွင်း ကိုယ်ခံပညာရပ်ပုံစံများ သရုပ်ပြရန် ဖွဲ့စည်းထားသော အားကစားသမားအုပ်စုဖြစ်သည့် ဘေကျင်းဝူရှူးအသင်းတွင် သူရဲ့ဝူရှူးအားကစားဘဝက စတင်ခဲ့တယ်။

၁၂။ သူ့ကို ဝူရှူးဆရာသမားနှစ်ယောက် Li Junfeng နှင့် Wu Bin တို့က အရည်အသွေးရှိသော လူငယ်လေးတစ်ယောက်ဖြစ်လာအောင် အထူးကြိုးပမ်းအားထုတ်မှုများဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ကြတယ်။

၁၃။ ကစားသမားတယောက်၏ ရုပ်ပိုင်းဆိုင်ရာ ကြ့ံခိုင်မှုအတွက် မရှိမဖြစ်လိုအပ်သော အသားဝယ်ဖို့ လီ၏မိသားစုမှာ မတတ်နိုင်သောကြောင့် Wu Bin သည် လီမိသားစုအတွက် အစားအသောက်များပါ ဝယ်ပေးခဲဲ့တယ်။

၁၄။ ကျွန်တော် ပထမဆုရတုန်းကတော့ အတော့်ကို ငယ်နေသေးတဲ့အတွက် မဖော်ပြနိုင်လောက်အောင် စိတ်လှုပ်ရှားနေခဲ့တယ်။

၁၅။ “ ကျွန်တော်က အသက်၁၂ ပဲရှိပြီး ကျန်တဲ့ ဆုရသူနှစ်ယောက်ကတော့ အသက်၂ဝလောက်ရှိပြီ ။”

၁၆။ “ ဆုပေးပွဲအခမ်းအနားတွင် ဆုပေးစင်မြင့်ရဲ့ထိပ်မှာ ကျွန်တော်မတ်တပ်ရပ်လိုက်တဲ့အခါ ကျွန်တော်က ဒုတိယ နဲ့ တတိယ ငွေကြေး တံဆိပ်ရတဲ့သူတွေထက်တောင် အရပ်ပုနေသေးတယ် ”

၁၇။ လီပြောပြချက်အရ ကလေးဘဝတုန်းက သူသည် အမေရိကန်တွင် သမ္မတ ရစ်ချက်နစ်ဆင်အတွက် တရုတ်အမျိုးသားဝူးရှူးအသင်းနှင့် သွားရောက်ဖျော်ဖြေကပြစဉ် သူ့ကို သမ္မတနစ်ဆင်က သူရဲ့ ကိုယ်ရံတော်စောင့်ရှောက်သူလုပ်မလားလို့ မေးမြန်းခဲ့တယ်။

၁၈။ “ကျွန်တော်ကြီးလာရင် ကျွန်တော့တို့ တရုတ်ရွာသား လူတစ်သန်းကို ကာကွယ်ချင်တယ်”

၁၉။ လီသည် များစွာသော ဝူရှူးနည်းလမ်းပုံစံများစွာကို ကျွမ်းကျင်ပြီး အထူးသဖြင့် Changquan(မြောက်ပိုင်း လက်သီးရှည်ပုံစံ) နှင့်  Fanziquan (သတိမမူလက်သီးပုံစံ) တို့ကို ကျွမ်းကျင်ခဲ့တယ်။

၂၀။ သူသည် တခြားသော ကိုယ်ခံပညာရပ်နည်းများဖြစ်သည့်  Baguazhang ၊ Taijiquan ၊ Xingyiquan ၊ Zuiquan ၊ Yinzhaoquan ၊ Tanglangquan တို့ကိုပါ သင်ယူခဲ့တယ်။