အခုထိ စားနေကြတဲ့နှစ်ပေါင်းထောင်ပေါင်းများစွာက ရှေးဟောင်းဟင်းလျာများ

0
60

လူသားတွေရဲ့ သမိုင်းမှာ နှစ်ထောင်ပေါင်းများစွာသာ သမိုင်းတင်နိုင်သေးပြီး ခေတ်အဆက်ဆက် ပြောင်းလဲလာတဲ့ ယဉ်ကျေးမှုတွေထဲမှာတော့ စားစရာတွေလည်း မပါမဖြစ်ပါပဲ။ စတင်စားသောက်ခဲ့တာ ကြာမြင့်လှပြီဖြစ်ပေမယ့် အခုခေတ်အထိ ဆက်လက်ယူဆောင်လာတဲ့ ဟင်းလျာချက်ပြုတ်နည်းတွေကိုတော့ ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် မိတ်ဆက်ပေးပါရစေ။

၁. ဘေဘီလုံ ‘မာဆု’

Mersu ဆိုတာကတော့ ကိတ်မုန့်လို့ မကြာခဏဘာသာပြန်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီဟင်းလျာကတော့ ကိတ်မုန့်ဖုတ်သလို လုပ်ထားတာ မဟုတ်ဘူး။ စွန်ပလွန်သီး အထူးသဖြင့် စွန်ပလွန်သီးနဲ့ လုပ်ထားတဲ့ မုန့်အချိုနဲ့ လုပ်ထားတာ ဖြစ်ပါလိမ့်မယ်။ ဒီအချိုပွဲဟင်းလျာအတွက် ရှိတဲ့ဟင်းချက်နည်းတွေထဲက အစောဆုံးဗားရှင်းမှာ စပျစ်သီးခြောက်၊ သဖန်းသီး၊ ပန်းသီးစိတ်၊ ကြက်သွန်ဖြူ၊ ဆီ၊ ချိစ် နဲ့ ဝိုင် တို့ပါဝင်ပါတယ်။ ဒီဟင်းလျာကို အမွန်အမြတ်ထားပြီး နတ်ဘုရားတွေကို ပသတဲ့ နေရာမှာလည်း သုံးခဲ့လိမ့်မယ်။

၂. ဂရိခပတ် (Kebab)

Kebab ကြိုက်တဲ့လူတွေ ရှိကြလား။ ရှေးခေတ်ဂရိတွေဟာ အနည်းဆုံး ခရစ်မပေါ်ခင်နှစ်ပေါင်း ၁၇၀၀ လောက်ထဲက အသားတွေကို အခုလိုတံစို့ထိုးပြီး စားသောက်နေခဲ့ကြပါပြီ။ ကမ္ဘာအနှံ့မှာ ဒီခပတ်ဟင်းတွေကို အမျိုးမျိုး အတုယူချက်ပြုတ်လေ့ရှိပြီး တရုတ်ပြည်မှာတော့ ဂရိဟင်းလျာကို အတုယူထားတယ်လို့ ယူဆရတဲ့ ‘Chuan’ ကို သက္ကရာဇ် ၂၂၀ လောက်က စပြီး စားသောက်ခဲ့ကြတယ်။

၃. ရောမ ပျားရည်ကိတ်မုန့်

ဒီကိတ်မုန့်ကတော့ ချက်ပြုတ်တာ ဆရာမကျသူတွေလည်း အလွယ်တကူ ပြုလုပ်နိုင်ပြီး ရိုးရှင်းတဲ့ အစိတ်အပိုင်းသုံးခုအဖြစ် ပျားရည်၊ ဂျုံမှုန့်နဲ့ ကြက်ဥတို့သာ ပါဝင်တယ်။ ဒီမုန့်ဟာ အစားအသောက်ကို အချိန်ပြည့် အသင့်စားဆိုင်တွေကနေ ဝယ်ယူလို့မရတဲ့ခေတ်မှာ သယ်ယူနိုင်ဖို့၊ အလွယ်တကူ ချက်ပြုတ်နိုင်ဖို့အတွက် ရည်ရွယ်ထားတာ ဖြစ်လို့ ကိုယ်စိတ်ကြိုက် အရသာကိုလည်း ထပ်မံဖြည့်သွင်းနိုင်ပါတယ်။ ဒီနေ့အထိလည်း ပျားရည်ကိတ်ကို ဆက်လက်သယ်ယူသုံးဆောင်နေကြဆဲပါ။

၎. ရောမ ကြက်ဥမွှေဟင်းချို

ကြက်ဥကိုမွှေပြီးထည့်ထားတဲ့ ဆာဒါးဟင်းချို သို့မဟုတ် ကြက်ဥကို တောက်တောက်မွှေကြော်ထားတာကို မကြိုက်တဲ့လူ ရှားမှာပါ။ ရှေးခေတ်ရောမလူမျိုးတွေဟာ သူတို့ရဲ့ ဟင်းလျာအများစုမှာ ကြက်ဥကို ထည့်သုံးခဲ့ကြပါတယ်။ ဖြည့်စွက်ချင်တဲ့ အခြားအစားအစာတွေကိုလည်း ထည့်ပြီး အရသာရှိရှိသုံးဆောင်ခဲ့ကြတယ်။

၅. ရောမ ဂလိုဘူလီ

ဒီစားစရာကတော့ ပျားရည်နဲ့ ဘိန်းမည်းစေ့တို့ ပါဝင်ပြီး အခုခေတ် ချိစ်အချောင်းလေးတွေလို ပုံစံမျိုးကို ပိုချိုမြိန်တဲ့ အရသာဖြစ်ပါတယ်။ ရှေးဟောင်းရောမလူမျိုးတွေက ဒီမုန့်ကို ဂလိုဘူလီလို ခေါ်ပြီး ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အခမ်းအနားတွေမှာ သုံးစွဲလေ့ရှိတယ်။ သူတို့ဟာ စားစရာကို ပူပူနွေးနွေး လုပ်ပြီး စားသောက်ရတာကို အနှစ်သက်ဆုံးလည်း ဖြစ်ခဲ့ပါတယ်။

၆. မက်ဆို-အမေရိကန် မက်လီဟင်း

ဒီဟင်းလျာဟာ ယနေ့တိုင်အောင် မက်ဆီကိုစတဲ့ အရပ်ဒေသတွေမှာ စားသောက်နေဆဲ ဖြစ်ပေမယ့် သူ့ရဲ့သမိုင်းကြောင်းက ထင်ထားတာထက် ပိုရှည်ပါတယ်။ ပထမဆုံး ဒီဟင်းလျာကို ချက်ပြုတ်စားသောက်ခဲ့တာ ခရစ်မပေါ်ခင် နှစ်ပေါင်း ငါးထောင်ကနေ ရှစ်ထောင်ကြားမှာ ဖြစ်တယ်လို့ အချက်အလက်တွေက ဆိုတယ်။ အမေရိကန်မှာ ရှေးကရှိခဲ့တဲ့ အက်ဇ်တက်ခ်၊ မာယန် စတဲ့ ရှေးဟောင်းလူမျိုးတွေ ခေတ်မှာတည်းက ချက်ပြုတ်စားသောက်ခဲ့ကြတာပါ။ အသားနဲ့အခြားပါဝင်ပစ္စည်းတွေကို ဌက်ပျောဖူးထဲ ဌာပနာပြီး ချက်ပြုတ်သလို အသင့်စား အစားအစာအဖြစ်လည်း သယ်ဆောင်စားသောက်လေ့ရှိတယ်။