













Unicode

အင်္ဂလန်ဘုရင်မရဲ့ ပွဲတော်တည်တဲ့ အစားအသောက်များ

ဘုရင် ဘုရင်မတွေရဲ့ စားတော်ပွဲက ဘယ်လိုရှိလဲဆိုတာ လူတိုင်းနီးပါးသိချင်ပါတယ်။အင်္ဂလန်က ဘုရင်မကြီးရဲ့ စားတော်ပွဲကိုလေ့လာလိုက်ရင် သူဟာလည်း သက်ဦးဆံပိုင်ဘုရင်စနစ်က ဘုရင်တွေ စားတော်ပွဲတည်သလို စုံစုံလင်လင် စားသောက်တာကို တွေ့ရပါတယ်။တရက်ကို အနည်းဆုံး မီးဖိုချောင်က ဟင်း 9 မျိုးနဲ့ 10 ကြားထုတ်ပေးရပါတယ်။

တခါတလေတော့ သူစားချင်တဲ့ ဟင်းပွဲတွေကို တိုးပြီး မှာလေ့ရှိပါတယ်။

သူမ အများဆုံး ပွဲတော်တည်လေ့ရှိတဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

1 Pasta ကို လူတော်တော်များများ ကြိုက်ကြပါတယ်။နေ့လယ်ခင်းမှာ အပျင်းပြေစားစရာလို့ သတ်မှတ်ပြီး သူဟာ ပီဇာလို သရေစာထဲကောင်းမွန်တဲ့မုန့်ဖြစ်ပါတယ်။ဒါပေမယ့် အင်္ဂလန်ဘုရင်မကြီးက Pasta ထက် ကြက်ကြော် ငါးကြော် ဒါမှမဟုတ် အသီးအရွက်သုပ်တွေကိုတာ ပိုခုံမင်တာဖြစ်ပြီး Pasta မစားပါဘူး။

2 အာလူးမစားတဲ့သူဆိုတာ မရှိသလောက်ရှားပါတယ်။အင်္ဂလန်ဘုရင်မကြီးဟာ အာလူးကို အမျိုးမျိုးလုပ်စားရတာကို ကြိုက်နှစ်သက်သူဖြစ်ပါတယ်။

3 အသားပေါင်းတွေ အသားပြားတွေကို လူတိုင်းကြိုက်နှစ်သလို အင်္ဂလန်ဘုရင်မကြီးဟာလည်း ကြိုက်နှစ်သက်သူဖြစ်ပါတယ်။သူဟာ သိုးသားကို ပိုမိုကြိုက်နှစ်သက်သူဖြစ်ပါတယ်။

4 ကြက်ဥထက် ဘဲဥက အရသာပို လေးလေးပင်ပင်ရှိပါတယ်။ဘုရင်မကြီးက ဒါကို လက်ခံပြီး ကြက်ဥထက် ဘဲဥကို ပိုကြိုက်တာဖြစ်ပါတယ်။ဆယ်လမွန်နဲ့ အတွဲစပ်ဟင်းလျာမှာဆို ကြက်ဥအစား ဘဲဥကို ထည့်ခိုင်းတာဖြစ်ပါတယ်။

5 ကြက်သွန်ဖြူ ကြက်သွန်နီ စားသုံးခြင်းကိုတော့ သူမဟာ ရှောင်ကြဉ်ပါတယ်။ဒါဟာ စကားပြောချိန်နဲ့ ချွေးထွက်ချိန်မှာ အနံ့ဆိုးထွက်တဲ့အတွက် သူဟာ ရှောင်ခြင်းဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးပွဲတွေအတွက် ဖြစ်လောက်ပါတယ်။

6 ဟင်းပွဲထွင်တာကို သူဟာ လက်ခံပြီး အသစ်ထွင်တာကောင်းရင် ဆုချတတ်တယ်လို့ တော်ဝင်မျိုးနွယ်စုရဲ့ စားဖိုမှုးဖြစ်သူ Owen Hodgson က ပြောတာဖြစ်ပါတယ်။မယော့နိစ်၊အသား၊သခွားနဲ့ ငရုတ်ကောင်းတို့ပေါင်းစပ်ပြီး အပျင်းပြေဝါးတဲ့ စနက်တွေ လုပ်ပေးရတာဖြစ်ပါတယ်။

7 ရာသိပေါ်သီးနှံတွေကို သူမဟာ ပိုကြိုက်နှစ်သက်ပါတယ်။ဒါကြောင့် သူ့ရဲ့ စားဖိုဆောင်မှာ ရာသီအလိုက် အသီးအနှံတွေကို စီစဉ်ပေးရတာဖြစ်ပါတယ်။စတော်ဘယ်ရီကိုတော့ နေ့စဉ်စားသုံးလေ့ရှိတာဖြစ်ပါတယ်။တခါတလေ စတော်ဘယ်ရီ ဥရောပမှာ ပြတ်လပ်ရင် အာရှက မှာတာဖြစ်ပါတယ်။

8 ငှက်ပျောသီးကို တခမ်းတနားစားလေ့ရှိပါတယ်။တခမ်းတနားစားတယ်ဆိုတာက ငှက်ပျောသီးကို စိတ်ပြီး ဇွန်းနဲ့ ခရင်းနဲ့ စားတာကို ဆိုလိုတာပါ။သူမဟာ ငှက်ပျောသီးကို အဲ့လိုစားတာဖြစ်ပါတယ်။

9 အင်္ဂလန်ဘုရင်မကြီးဟာ ကော်ဖီထက် လက်ဖက်ရည်ကို ပိုကြိုက်နှစ်သက်သူဖြစ်ပါတယ်။သကြားခဲထည့်ပြီး သောက်ရတဲ့ လက်ဖက်ရည်ကို ကြိုက်တာဖြစ်ပြီး မချိုရင် သောက်လေ့မရှိပါဘူး။