အစစ်အမှန်မဟုတ်ကြောင်း ပြန်ဖြေရှင်းရတဲ့ နာမည်ကြီးဓါတ်ပုံတွေ

0
137

အခုခေတ်ထဲမှာ ဓါတ်ပုံတွေနဲ့ ပတ်သက်တဲ့ နည်းပညာတွေ ထွန်းကားလာသလို ဓါတ်ပုံတည်းဖြတ်တဲ့ လက်ရာနဲ့ ကိရိယာတွေကလည်း အလွန်အကြူး ကောင်းမွန်လာပါပြီ။ ဒါကြောင့် တစ်ခါတရံ အင်တာနက်ပေါ်မှာ Photoshop ခံထားရတဲ့ ဓါတ်ပုံအား အစစ်အမှန်လို့ ယုံကြည်ပြီး ရှဲကြတာဟာ တစ်ကမ္ဘာလုံးက အင်တာနက်ပါး သိပ်မဝသေးတဲ့ လူတွေအကုန်လုံးပါပဲ။ ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် ကမ္ဘာပေါ်မှာ Trend ဖြစ်သွားခဲ့တဲ့ ဓါတ်ပုံအတုတွေကို ဖော်ပြပေးချင်ပါတယ်။

၁. အိုင်ယာလန်မှာရှိတဲ့ ရဲတိုက်ကျွန်း၊ ဒီနာမည်ကို ကျွန်းဆောင်ပေါ်မှာ တည်ထားတဲ့ ရဲတိုက်ဆီက ရတာ ဆိုပြီး နတ်သမီးပုံပြင်ဆန်ဆန် ပိုစ့်တစ်ခု လူတွေအသိများလိုက်သေးတယ်။ အမှန်ကတော့ ရဲတိုက်နဲ့ ကျောက်ဆောင်က သက်သက်စီပါ။ သပ်ရပ်တဲ့လက်ရာကြောင့် လူသန်းပေါင်းများစွာ ယုံခဲ့ကြတယ်။

၂. ဖရဲသီးအပြာကိုလည်း တော်တော်လေး ယုံလိုက်ကြသေးတယ်။ အထူးအဆန်းလုပ်နေကြ ဂျပန်၊ တရုတ် နိုင်ငံတွေက ထွင်လိုက်တာ ဆိုပြီးတော့ပေါ့။ ဒါပေမယ့် အရောင်ပြောင်းထားတဲ့ Photoshop သက်သက်ကြီးပါ။

၃. နီဗာဒါပြည်နယ်မှာ အနုမြူဗုံးစမ်းနေတုန်း စက်ဘီးစီးနေတဲ့ အိန်းစတိန်း ဆိုပြီးတော့ မေတ္တာပို့ချင်စရာ ပိုစ့်လေးပေါ့။ တကယ်ကတော့ ၁၉၆၂ ခုနှစ်က နီဗာဒါမှာ အနုမြူဗုံးစမ်းသပ်ချိန်မှာ နာမည်ကျော် သိပ္ပံပညာရှင်ကြီး သေသွားတာ ၇ နှစ်ရှိပါပြီ။

၎. ဒီပုံဆိုရင်လည်း မြန်မာနိုင်ငံကလူတွေတောင် မြင်ဖူးကြမှာပါ။ သဘာဝတောရိုင်းတိရစ္ဆာန်တွေ အရိုက်ကောင်းလို့ ဝက်ဝံနဲ့တွေ့ပြီး ပြေးကြတဲ့ပုံဆိုတာ။ ဒါပေမယ့် ဒီပုံကလည်း Photoshop ပါပဲလို့ ဖော်ထုတ်ခဲ့ပြီးသား ဖြစ်ပါတယ်။

၅. အရင်က Metro Goldwyn Mayer (MGM) ရဲ့ စက်ဝိုင်းပုံ လိုဂိုထဲမှာ ခြင်္သေ့ကြီး ဟိန်းနေတဲ့ပုံဟာ လူတော်တော်များများကို ဖမ်းစားနိုင်ခဲ့ပါတယ်။ အခုပုံကတော့ MGM ရဲ့ ခြင်္သေ့ကြီး ဟိန်းနေပုံကိုရအောင် ရိုက်ကူးခဲ့တဲ့ ပုံပါဆိုပြီး လူတွေကို အယုံသွင်းခဲ့တယ်။ တကယ်က နေမကောင်းတဲ့ ခြင်္သေ့တစ်ကောင်ကို သံလိုက်လှိုင်းနဲ့ စစ်ဆေးနေတာပါ။

၆. အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ် ဂျူနီယာဟာ လူကြိုက်များခဲ့သူလား ဆိုတာ မသေချာပါဘူး။ ကလေးတွေနဲ့ တွေ့ဆုံနေတဲ့ပွဲမှာ သူ့လက်ထဲက စာအုပ်ကို ပြောင်းပြန်ကြီးကိုင်ထားတဲ့ပုံက ရယ်ပွဲဖွဲ့စရာ ဖြစ်ခဲ့သေးတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံရဲ့ သမ္မတ တာဝန်ကို ယူခဲ့တဲ့လူက ဒီလောက် ညံ့ပါ့မလား။ အဖြေမှန်ကတော့ မဟုတ်ပါဘူး။