အစာမစားဘဲ ၀ိတ်ချတဲ့သူတွေဆီမှာ ဖြစ်လေ့ရှိတဲ့ အချက် ၇ချက်

0
104



များသောအားဖြင့် ဒီလိုလုပ်ဆောင်ချက်ရဲ့ ၂၅ရာခိုင်နှုန်းဟာ သင့်ရဲ့ ဦးနှောက်ဆီကို တည့်တည့်မတ်မတ်သွားပြီး ကျန်ရှိတဲ့ ၇၅ရာခိုင်နှုန်းကတော့ သွေးနီဆဲလ်တွေနှင့် ကြွက်သားတွေကို ထောက်ပံ့ပေးပါတယ်။

Metabolic

























Unicode

သကြားဓာတ်တွေ ပြိုကွဲကုန်တယ်

အစားအစာမစားတဲ့ ပထမတစ်နာရီအတွင်းမှာ သင့်ရဲ့ ခန္ဓာကိုယ်ဟာ ပုံမှန်လုပ်ဆောင်ချက်တွေဖြစ်တဲ့ စွမ်းအင်လောင်စာရရှိဖို့ ဂလိုက်ကိုဂျင်းတွေကို ချေဖျက်ခြင်းနှင့် ဂလူကိုစ့်တွေကို ထိန်းသိမ်းခြင်းတွေပြုလုပ်တာကြောင့် လူတော်တော်များများအတွက် သာမာန်ကိစ္စတစ်ခုလိုပါဘဲ။

များသောအားဖြင့် ဒီလိုလုပ်ဆောင်ချက်ရဲ့ ၂၅ရာခိုင်နှုန်းဟာ သင့်ရဲ့ ဦးနှောက်ဆီကို တည့်တည့်မတ်မတ်သွားပြီး ကျန်ရှိတဲ့ ၇၅ရာခိုင်နှုန်းကတော့ သွေးနီဆဲလ်တွေနှင့် ကြွက်သားတွေကို ထောက်ပ့ံပေးပါတယ်။

Metabolic

၅နာရီနှင့်၆နာရီကြာလာပြီးတဲ့နောက်မှာတော့ သွေးတွင်းမှာရှိတဲ့ သကြားပမာဏပေါ်မူတည်လာပါတော့တယ်။ သင့်ရဲ့သွေးထဲမှာရှိတဲ့ အက်ဆီတုံးဓာတ်ပါဝင်တဲ့ အော်ဂဲနစ်ဓာတ်ပေါင်းတစ်မျိုးဟာ သင့်ရဲ့ စွမ်းအင်တွေကို ထောက်ပံ့ပေးနေတဲ့အချိန်မှာဘဲ သင်ဟာ ketosis-metabolic အဆင့်ကိုရောက်ရှိသွားလိမ့်မယ်။

ဒီအခိုက်အတန့်က တကယ်အစားစဖျက်တဲ့ အစဖြစ်ပါတယ်။ဒါကြောင့် ဒီအဆင့်ဟာ ၀ိတ်ကျအောင် အစားမစားဘဲနေသူတွေ အသုံးပြုနေတဲ့ လူတွေအတွက် ဆုံးဖြတ်ချက်ချနိုင်တဲ့ အဆင့်လည်းဖြစ်ပါတယ်။

ကိုလက်စထရောနှင့် ဆီးမှာပါဝင်တဲ့ အက်ဆစ်တို့ကို သန့်ရှင်းပေးတယ်

Ketosis အဆင့်ဖြစ်ပေါ်နေတဲ့အချိန်တွင်းမှာဘဲ မြောက်များလှစွာသောအရေးကြီးကိစ္စတွေက ဖြစ်ပျက်နေပါတယ်။ဘယ်လိုအရေးကြီးကိစ္စတွေလည်းဆိုတော့ သင့်ရဲ့ ခန္ဓာကိုယ်ဟာ ကိုလက်စထရောတွေကို ထုတ်လွှင့်နေပြီးတော့ ခန္ဓာကိုယ်ထဲက အဆိပ်ဖြေစနစ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ သွေးတွင်းက ဆီးအက်စစ်တွေကိုလည်း ဖယ်ရှားပေးနေတာမျိုးဖြစ်ပါတယ်။အဲ့ဒီအဆင့်မှာဘဲ သင်ဟာ ခေါင်းကိုက်နိုင်တာမျိုး၊ မူးဝေနေတာမျိုး၊မောပန်းနေတာမျိုး၊အရေပြားမှာ အဖုအပိန့်ထွက်တာမျိုး၊ကြွက်သားနာကျင်တာမျိုးနှင့် အဆက်နေရာတွေမှာ တဆစ်ဆစ်နှင့် နာကျင်တာမျိုးတွေဖြစ်နိုင်ပါတယ်။

ဒီအဆင့်အဆုံးမှာတော့ နာကျင်မှု့တွေ လျော့နည်းသွားနိုင်ပြီးတော့ သွေးဖိအားလည်း ကျသွားနိုင်ပါတယ်။ ထုံးကျောက်ဖြစ်ခြင်း ဖြစ်စဉ်၊ကိုလက်စထရောနှင့် ချွဲသလိပ်အညစ်အကြေးများဟာလည်း လျော့ကျ သွားပါတယ်။

အစာချေဖျက်ခြင်း စနစ်ကို အနားပေးနိုင်တယ်

သင့်ရဲ့ အစားအသောက် ဝင်လာတဲ့ပမာဏလျော့ချခြင်းခံလိုက်ရတဲ့အတွက်ကြောင့် အစာချေဖျက်ခြင်းစနစ်ဟာ အနားယူသွားနိုင်ပါတယ်။ဒါပေမယ့် အစာချေဖျက်ခြင်းစနစ်ဟာ အချိန်ယူတာကြောင့် အစားအသောက် ရပ်တန့်လိုက်ခြင်း စစချင်းမှာ စနစ်တစ်ခုလုံး လုံးဝရပ်တန့်သွားတာမျိုးတော့မရှိပါဖူး။ အစာမစားတာ အရမ်းကြာသွားတဲ့ အချိန်မှာသာ ရပ်တန့်သွားမှာဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ အဆိပ်

အစားမစားတာ ၆နာရီကြားသွားတဲ့အခါမှာ သင်ဟာဗိုက်ဆာတာမျိုးနှင့် ကိုယ့်ကိုကိုယ်လွှမ်းမိုးတာမျိုးကိုတောင် ခံစားသွားရနိုင်ပါတယ်။အချို့သော စိတ်လှုပ်ရှားမှု့တွေဖြစ်တဲ့ ဒေါသထွက်ခြင်း၊အချည်းနှီးဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်းမျိုးနှင့် ဝမ်းနည်းခြင်းမျိုးတို့ ခံစားရနိုင်ပါတယ်။အဲ့ဒီစိတ်ခံစားချက်တွေရောက်လာတဲ့အခါ သေရေးရှင်ရေးလိုဖြစ်လာပြီး သင့်ရဲ့ လှုပ်ရှားမှု့မြန်ဆန်လာဖို့အတွက် ပြီးပြည့်စုံတဲ့ ကြိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်တစ်ခုရှိတယ်ဆိုတာကို ကိုယ့်ကိုကို သတိပေးရပါမယ်။

ပြီးတော့ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ကိုယ့်ဘဝထဲက အခြားသူတွေအပေါ်မပုံချမိအောင်ကြိုးစားရပါမယ်။ တစ်စုံတစ်ခုအပေါ်အာရုံစိုက်လိုက်တာမျိုးနှင့် အချိန်ယူပြီး ဆေးကုသတာမျိုးပြုလုပ်ရပါမယ်။ကိုယ်ခန္ဓာကို လုံးဝအသုံးမပြုရတဲ့ အားစိုက်မှု့မျိုးပါတဲ့ လှုပ်ရှားမှု့မျိုးအပေါ် အာရုံစိုက်ထားရပါမယ်။

အစားအသောက်ရှောင်ဖို့အတွက် နည်းလမ်း နှစ်သွယ်

တစ်ခါတစ်လေ ရှောင်ကျဉ်ခြင်း- ဒါဟာ လူတွေ အများဆုံးအသုံးပြုတဲ့ နည်းလမ်းဖြစ်ပြီးတော့ ကိုယ်အလေးချိန်ကို စည်းစနစ်ကျကျထိန်းသိမ်းထားလိုသူတွေနှင့် ကယ်လိုရီတွေသယ်ဆောင်မှု့ကို ထိန်းထိန်းသိမ်းသိမ်းပြုလုပ်ချင်တဲ့ လူတွေအသုံးပြုတာဖြစ်ပါတယ်။လက်တွေ့ပြုလုပ်ခြင်းမှာတော့ နေ့တစ်နေ့မှာ တိကျတဲ့အချိန်ကိုသာသတ်မှတ်ပြီးတော့ အစားအသောက်ကို စားသုံးကာ အခြားသော နာရီများမှာတော့ စားသုံးခြင်းကို ရှောင်ကျဉ်တာမျိုးဖြစ်ပါတယ်။

ဒီလိုပြုလုပ်ခြင်းကြောင့် အကြောင်းမဲ့ ထိုင်စားနေတာမျိုးမရှိတော့ဘဲ ပုံမှန်စားသောက်စေခြင်းနှင့် တစ်နေ့တာအတွက်လိုအပ်တဲ့ ကယ်လိုရီတွေကို မှန်မှန်ကန်ကန်ရရှိစေမှာဖြစ်ပါတယ်။နာမည်အကျော်ကြားဆုံး နည်းလမ်းကတော့ ၁၆နာရီမှာ ၈နာရီ လောက် စားသုံးချိန်သတ်မှတ်ထားတာမျိုးဖြစ်ပါတယ်။

အချိန်အတန်ကြာမစားဘဲနေခြင်း – ဒီနည်းလမ်းကတော့ အရည်ကြီးဘဲသောက်တာမျိုးကိုပြောတာဖြစ်ပါတယ်။

ရေနှင့် ၀ိတ်ချတာမျိုးနှင့် အသီးဖျော်ရည်နှင့် ၀ိတ်ချတာမျိုးကိုဆိုလိုတာပါ။ဒီနည်းလမ်းအတွက် ကျန်းမာရေး ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတာမျိုးလိုအပ်ပြီးတော့ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေအတွက် လုံခြုံမှု့ရှိတယ်ဆိုတဲ့ သူတွေသာ ကျင့်သုံးသင့်တဲ့ နည်းလမ်းဖြစ်ပါတယ်။တကယ်လို့များ သင့်ရဲ့ ခန္ဓာကိုယ်က အချိန်အတော်ကြာမစားဘဲနေနိုင်တယ်ဆိုရင်တော့ တစ်ပတ်အချိန်ကြာတဲ့ အဆိပ်အတောက်ဖြေလျှော့ခြင်း အစီအစဉ်ကို အသုံးပြုသင့်ပါတယ်။

အစားအသောက်လျှော့စားခြင်းရဲ့ အကျိုးကျေးဇူး

နိဂုံးချုပ်ပြောရရင်တော့ အစားအသောက်လျှော့စားခြင်းရဲ့ အကျိုးကျေးဇူးတွေကို စာရင်းလုပ်ပြောချင်ပါတယ်။

– ၀ိတ်ချမယ့်သူတွေအတွက် တကယ်ကိုကောင်းတဲ့ ပြည့်စုံတဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။

– အင်ဆူလင် ခံစားမှု့ကို သာမန်ဖြစ်အောင်ပြုလုပ်ပေးနိုင်တဲ့ ကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အဲ့တာရဲ့ ရလာဒ်ကတော့ ဆီးချိုရောဂါ ၂မျိုးလောက်ကိုကာကွယ်ပေးနိုင်တာဘဲဖြစ်ပါတယ်။

– အစာအိမ်ပိုင်းဆိုင်ရာ ပြသနာကို မျှချေဖြစ်အောင် လုပ်ပေးနိုင်ပြီးတော့ ဆာလောင်မှု့ကို ဖြေရှင်းပေးနိုင်ပါတယ်။

– နှလုံးရောဂါဖြစ်ပွားမှု့ကိုလျှော့ချပေးနိုင်ပါတယ်။

– အရွယ်ကျခြင်းကို ဖြည်းညှင်းစေတယ်။

-အရေပြားအခြေအနေကိုလည်း ကူညီပေးနိုင်တယ်။

-အစာချေဖျက်ခြင်း စနစ်ကို ကောင်းမွန်အောင်ကူညီပေးတယ်။