အစားအသောက်အသစ်တစ်မျိုးဖြစ်လာနိုင်တဲ့ ပိုးဟပ်နို့ရည်

0
61

ပိုးဟပ်၏ နို့ရည်မှာ မရှိမဖြစ်လိုအပ်သော အမီနိုအက်ဆစ်နှင့် စွမ်းအင်လောင်ကျွမ်းစေသော သကြားဓာတ်တို့ ပါဝင်သည်။၂၀၁၆ခုနှစ်လေ့လာချက်တစ်ခုအရ သိပ္ပံပညာရှင်တွေက ပိုးဟပ်နို့ရည်သည် အလွန်ကောင်းမွန်သော အစားအသောက်တစ်မျိုးဖြစ်နိုင်ကြောင်းလေ့လာတွေ့ရှိခဲ့ပါတယ်။

ထိုလေ့လာချက်က ပစိဖိတ်ပိတုန်း ပိုးဟပ်တွေရဲ့ အာဟာရပြည့်နို့ခဲတွေမှာ သာမန်နွားနို့တွေထက် ပရိုတိန်းဓာတ် ငါးဆပါဝင်ပါတယ်။ ပိုးဟပ်၏ နို့ရည်မှာ ဆဲလ်တွေရှင်သန်ကြီးထွားစေသည့် မရှိမဖြစ်လိုအပ်သော အမီနိုအက်ဆစ်ပါဝင်ပြီး စွမ်းအင်ထုတ်လုပ်ပေးနိုင်သော သကြားဓာတ်များလည်း ပါဝင်ပါတယ်။

“ ဘယ်သူကမှ ဒါကိုပြောလို့ ကြိုက်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပိုးဟပ်ကနေ နို့ခဲထုတ်ယူနိုင်ပြီး ဒါက အစားအသောက်တစ်မျိုးဖြစ်လာတော့မှာပါ” ဟု ဇီဝဓာတုပညာရှင် Subramanian Ramaswamy ကပြောဆိုခဲ့တယ်။

အခုထက်ထိ ကျွမ်းကျင်သူတွေက အစားအသောက်ကြိုက်နှစ်သူများသည် အင်းဆက်ကနေထုတ်လုပ်သော အာဟာရပြည့်ဝသည့် အရည်တစ်မျိုးအကြောင်း စိတ်ဝင်စားနေကြသည် ဟု ပြောဆိုနေကြတယ်။ ဝါရှင်တန်ပို့စ်သတင်းများအရ လေ့လာစမ်းချက်များက ပိုးဟပ်နို့ရည်သည် ကမ္ဘာပေါ်တွင် အာဟာရအပြည့်ဝဆုံး နှင့် ကယ်လိုရီပစ္စည်းများ အများဆုံးပါဝင်သည့် နို့ရည်ဖြစ်ကြောင်း ဖော်ပြနေခဲ့တယ်။ဒါပေမဲ့ ဒါကို စမ်းသပ်သောက်သုံးကြည့်မယ်ဆိုရင်တော့ အိမ်မှာတွေ့ရတဲ့ သာမန် ပိုးဟပ်ထဲမှာတော့ ဒါကို တွေ့ရမှာမဟုတ်ပါဘူး။ ဟာဝိုင်အီမှာ တွေ့ရတတ်တဲ့ ပစိဖိတ်ပိတုန်းပိုးဟပ်သည် အလွန်ရှားပါးပြီး အမသတ္တဝါလေးများက တခြားအင်းဆက်တွေလို ဥ ဥတာမဟုတ်ပဲ အကောင်လိုက်မွေးဖွားတာဖြစ်တယ်။

အမပိုးဟပ်လေသည် သန္ဓေလေးကို သူမထံမှ နို့ရည်လိုမျိုးအရည်တစ်မျိုးနဲ့ ကြီးထွားအောင် ကျွေးမွေးပါတယ်။ပိုးဟပ်ထံမှ အရည်ရရှိခြင်းသည် အချိန်ကုန်ပင်ပန်းခက်ခဲသော ဖြစ်စဉ်တခုဖြစ်ပြီး စိတ်ကျေနပ်စရာကောင်းလှတာတော့ မဟုတ်ပါဘူး။ နို့ရည်ကိုရရှိရန် အင်းဆက်သည် အလယ်ကနေ အလွှာလိုက်အချပ်လိုက် ကွာချဖို့လိုအပ်ပြီး သို့မှသာ အာဟာရပြည့်ဝသော နို့ရည်ခဲသည် အခွံထဲကနေ ထွက်လာနိုင်ပါတယ်။ ပိုးဟပ်တစ်ကောင်ချင်းစီကနေရတဲ့ ပမာဏက အလွန်သေးငယ်လွန်းတာကြောင့် သန်းပေါင်းများစွာသော ပိုးဟပ်တွေသည် တကယ့်ထုတ်ကုန်နို့ရည်ဖြစ်လာစေဖို့ နို့ခဲများစွာထုတ်လုပ်ပေးရန်လိုအပ်ပါတယ်။

ဇီဝဓာတုပညာရှင် Subramanian Ramaswamy က နို့ခဲကို လေ့လာခဲ့ပြီး ထိုပစ္စည်းကို နမူနာစမ်းသပ်ကြည့်သည့် သူ့အပေါင်းအဖော်က ၄င်းအရသာသည် ဘာမှအရသာမရှိကြောင်းပြောဆိုခဲ့တယ်။ ဒါကြောင့် သူ့ကို ကော်ဖီ သို့ ကွေကာအုပ်တို့နဲ့ ရောနှောသောက်သုံးကြည့်မယ်ဆိုလည်း ဘာအရသာမှ တိုးသွားမှာ မဟုတ်ပေ။

ထိုအစားအသောက်အသစ်သည် ဈေးကွက်အတွင်းလူသိများလာရင်တောင် ၄င်းမှာ ပြိုင်ဆိုင်မှုအချို့တော့ ရှိပါတယ်။ အရင်စမ်းသပ်ချက်တွေမှာတော့ မြင်းနို့ ၊ လျှော်ပင်နို့ ၊ သစ်ကုလားအုတ်နို့ နှင့် မြင်းပုနို့ တို့၏ အကျိုးကျေးဇူးတွေကလည်း အပြိုင်မဲဆွယ်နေပါတယ်။

တကယ်လို့များ ပိုးဟပ်နို့ကိုသောက်သုံးဖို့ မသတီတာမျိုးမဖြစ်ဖူးဆိုရင်တော့ ပိုးဟပ်နို့ရည်သည် သင့်ရဲ့ မျှတသောအစားအသောက်စနစ်မှာ မရှိမဖြစ်လိုအပ်သော အစားအသောက်တစ်မျိုး ဖြစ်လာနိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here