အစြဲၾကီးစြဲခဲ့ရတဲ့ ေဟာလိဝုဒ္ရဲ႕ ေယာက်ာၤးအပီသဆံုး နဲ႕ ညိွဳ႕ဓာတ္အျပင္းဆံုး ကမၻာေက်ာ္သရုပ္ေဆာင္မ်ား

ရုပ္ရွင္ခ်စ္သူေတြ ရုပ္ရွင္ဝါသနာအိုးေတြတင္မက သာမန္အေပ်ာ္ၾကည့္ရံု ေဖ်ာ္ေျဖေရးတခုအေနနဲ႕ အပန္းေျဖဖို႕ရုပ္ရွင္ၾကည့္ရွဳအားေပးၾကတဲ့သူေတြဟာ ရုပ္ရွင္တကားကို ၾကည့္ဖို႕ဆိုရင္ ကိုယ့္စိတ္ၾကိဳက္ျဖစ္မယ့္ ပံုစံအမ်ိဳးမ်ိဳး နဲ႕ ေရြးခ်ယ္ၾကည့္ရွဳေလ့ရွိၾကပါတယ္။ ဒါကို ရုပ္ရွင္ၾကိဳက္သူတိုင္း ကိုယ့္အရသာစြဲနဲ႕ကိုယ္ လက္ခံျပီးသားျဖစ္ၾကပါလိမ့္မယ္။

တခ်ို႕က ဇာတ္လမ္းဇာတ္အိမ္တည္ေဆာက္မွဳကို ဦးစားေပးေရြးခ်ယ္ၾကည့္ၾကတယ္။ တခ်ို႕က ကိုယ့္အေၾကြဆံုး ရုပ္ရွင္ဒါရိုက္တာရဲ႕ ရုပ္ရွင္ကိုမွ မလြတ္တမ္းၾကည့္ၾကတယ္။ တခ်ို႕က်ျပန္ေတာ့ စူပါဟီးရိုးဇာတ္လမ္းေတြကိုမွ အဓိကထားၾကည့္ၾကသလို တခ်ိဳ႕ကလည္း အနုပညာဖန္တီးမွဳအားေကာင္းလွတဲ့ ရုပ္ရွင္ေတြကိုမွ ေဇာင္းေပးျပီး ၾကည့္ရွဳခံစားၾကပါတယ္။ ရုပ္ရွင္ေတြဟာ ကိုယ့္အၾကိဳက္နဲ႕ကိုယ္ဆိုေပမဲ့ ဒီေနရာမွာ တူညီေနတာတခုရွိေနတာကိုေတာ့ ေျပာပါရေစ။
အဲ့ဒါကေတာ့ ထိပ္တန္း သရုပ္ေဆာင္မင္းသား မင္းသမီးေတြရဲ႕ ရုပ္ရွင္ပရိသတ္ေတြအေပၚ လႊမ္းမိုးမွဳပါပဲ။ အသည္းစြဲၾကိဳက္ခဲ့ရတဲ့ မင္းသား မင္းသမီးဆိုတာ လူတိုင္းကိုယ္စီမွာ ရွိခဲ့ၾကပါတယ္။ သူတို႕ကို ျမင္ေတြ႕မိတိုင္း ကိုယ့္ငယ္ဘဝရဲ႕အမွတ္တရေတြ အေငြ႕အသက္ေတြ လြတ္လပ္ေပါ့ပါးမွဳရနံ႕ေတြကို ျပန္ရတယ္ဆိုတာကိုက သိပ္အရသာရွိတာမဟုတ္လား။ အခုတခါ ကိုယ္ အစြဲလန္းၾကီးစြဲလန္းခဲ့ရတဲ့ ေဟာလိဝုဒ္ရဲ႕ ေယာက်ာၤးအပီသဆံုး နဲ႕ ညိွဳ႕ဓာတ္အျပင္းဆံုး ကမၻာေက်ာ္သရုပ္ေဆာင္ေတြ အေၾကာင္းကို တင္ဆက္ေပးခ်င္တာပါ။

ဟုဂ်က္မန္း



X-Men ဇာတ္ကားေတြနဲ႕ လူငယ္ေတြအေပၚလႊမ္းမိုးမွဳၾကီးခဲ့တာကေတာ့ ဟုဂ်က္မန္းျဖစ္ပါတယ္။ X-MEN ၾကီးဟာ ေယာက်ာၤးခ်င္းကေတာင္ ပစ္ေၾကြရေလာက္ေစတဲ့အထိ ဆြဲေဆာင္မွဳျပင္းသူျဖစ္ပါတယ္။




ခရစၥဟမ္းစ္ေဝါ့သ္

THOR ကို ဒီစာရင္းမွာ ခ်န္ထားခဲ့ဖို႕ မျဖစ္နိုင္တာ အေသအခ်ာပဲေပါ့ေလ။ နွုတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲဆိုရင္ မမွားပါဘူး။ စူပါဟီးရိုးရုပ္ရွင္ေတြနဲ႕အတူ Thor ဇာတ္ရုပ္နဲ႕ တရွိန္ထိုးေအာင္ျမင္မွဳၾကီးလာခဲ့တာျဖစ္ပါတယ္။



လီယိုနာဒို ဒီကာပရီယို

The Revenant ရုပ္ရွင္နဲ႕ ေအာ္စကာဆုရျပီျဖစ္ခဲ့လို႕ လီယိုနာဒိုရဲ႕အမာခံပရိသတ္ေတြနဲ႕ ရုပ္ရွင္ပရိသတ္ေတြ ရင္ထဲက အစိုင္အခဲေတြ ေက်လည္သြားခဲ့ရတာ ဝမ္းသာစရာပါ။ လီယိုနာဒိုကေတာ့ တိုင္တန္းနစ္ရုပ္ရွင္ကစလို႕ အထူးတလည္ ရင္ထဲက်န္ေအာင္ သရုပ္ေဆာင္အားေကာင္းသူျဖစ္မွန္း အၾကိမ္ၾကိန္သက္ေသျပခဲ့ျပီးျဖစ္ပါတယ္။

ေရာဘတ္ဒီနီရိုး

ေဟာလိဝုဒ္ရဲ႕ အရင့္အမာ ဝါရင့္ သမၻာရင့္ သရုပ္ေဆာင္ၾကီးတဦးျဖစ္ရံုမက ဒီေန႕ေခတ္ ကမၻာေက်ာ္သရုပ္ေဆာင္ေတြရဲ႕ အေတြးအေခၚပိုင္းအထိ လႊမ္းမိုးမွဳရွိေနဆဲသူပါ။

တြမ္ဟာဒီ

အမိုက္စား ရုပ္ရည္ က်စ္လစ္ေတာင့္တင္းတဲ့ ကိုယ္ခႏၶာအခ်ိဳးအဆစ္နဲ႕အတူ သိပ္ျပီးအသက္ဝင္လွတဲ့ သရုပ္ေဆာင္အားကို ေပါင္းစပ္ထားနိုု္င္သူဆိုရင္ မမွားပါဘူး။ အမ်ိုဳးသမီးထုပရိသတ္ၾကီးရဲ႕ စိတ္နွလံုးကို တျဖဳတ္ျဖဳတ္ေခြ်ခ်ခဲ့သူပါ။

ရပ္ဆဲခရိုး

မင္းသားၾကီး ရပ္ဆဲခရိုးကေတာ့ ထူးျပီးေျပာဆိုမိတ္ဆက္စရာမလိုုေအာင္ ေဟာလိဝုရဲ႕ ထူးျခားထင္ရွားလွတဲ့ သရုပ္ေဆာင္ၾကီးျဖစ္ပါတယ္။

Unicode

ရုပ်ရှင်ချစ်သူတွေ ရုပ်ရှင်ဝါသနာအိုးတွေတင်မက သာမန်အပျော်ကြည့်ရုံ ဖျော်ဖြေရေးတခုအနေနဲ့ အပန်းဖြေဖို့ရုပ်ရှင်ကြည့်ရှုအားပေးကြတဲ့သူတွေဟာ ရုပ်ရှင်တကားကို ကြည့်ဖို့ဆိုရင် ကိုယ့်စိတ်ကြိုက်ဖြစ်မယ့် ပုံစံအမျိုးမျိုး နဲ့ ရွေးချယ်ကြည့်ရှုလေ့ရှိကြပါတယ်။ ဒါကို ရုပ်ရှင်ကြိုက်သူတိုင်း ကိုယ့်အရသာစွဲနဲ့ကိုယ် လက်ခံပြီးသားဖြစ်ကြပါလိမ့်မယ်။

တချို့က ဇာတ်လမ်းဇာတ်အိမ်တည်ဆောက်မှုကို ဦးစားပေးရွေးချယ်ကြည့်ကြတယ်။ တချို့က ကိုယ့်အကြွေဆုံး ရုပ်ရှင်ဒါရိုက်တာရဲ့ ရုပ်ရှင်ကိုမှ မလွတ်တမ်းကြည့်ကြတယ်။ တချို့ကျပြန်တော့ စူပါဟီးရိုးဇာတ်လမ်းတွေကိုမှ အဓိကထားကြည့်ကြသလို တချို့ကလည်း အနုပညာဖန်တီးမှုအားကောင်းလှတဲ့ ရုပ်ရှင်တွေကိုမှ ဇောင်းပေးပြီး ကြည့်ရှုခံစားကြပါတယ်။ ရုပ်ရှင်တွေဟာ ကိုယ့်အကြိုက်နဲ့ကိုယ်ဆိုပေမဲ့ ဒီနေရာမှာ တူညီနေတာတခုရှိနေတာကိုတော့ ပြောပါရစေ။
အဲ့ဒါကတော့ ထိပ်တန်း သရုပ်ဆောင်မင်းသား မင်းသမီးတွေရဲ့ ရုပ်ရှင်ပရိသတ်တွေအပေါ် လွှမ်းမိုးမှုပါပဲ။ အသည်းစွဲကြိုက်ခဲ့ရတဲ့ မင်းသား မင်းသမီးဆိုတာ လူတိုင်းကိုယ်စီမှာ ရှိခဲ့ကြပါတယ်။ သူတို့ကို မြင်တွေ့မိတိုင်း ကိုယ့်ငယ်ဘဝရဲ့အမှတ်တရတွေ အငွေ့အသက်တွေ လွတ်လပ်ပေါ့ပါးမှုရနံ့တွေကို ပြန်ရတယ်ဆိုတာကိုက သိပ်အရသာရှိတာမဟုတ်လား။ အခုတခါ ကိုယ် အစွဲလန်းကြီးစွဲလန်းခဲ့ရတဲ့ ဟောလိဝုဒ်ရဲ့ ယောကျာၤးအပီသဆုံး နဲ့ ညှို့ဓာတ်အပြင်းဆုံး ကမ္ဘာကျော်သရုပ်ဆောင်တွေ အကြောင်းကို တင်ဆက်ပေးချင်တာပါ။

ဟုဂျက်မန်း

X-Men ဇာတ်ကားတွေနဲ့ လူငယ်တွေအပေါ်လွှမ်းမိုးမှုကြီးခဲ့တာကတော့ ဟုဂျက်မန်းဖြစ်ပါတယ်။ X-MEN ကြီးဟာ ယောကျာၤးချင်းကတောင် ပစ်ကြွေရလောက်စေတဲ့အထိ ဆွဲဆောင်မှုပြင်းသူဖြစ်ပါတယ်။

ခရစ္စဟမ်းစ်ဝေါ့သ်

THOR ကို ဒီစာရင်းမှာ ချန်ထားခဲ့ဖို့ မဖြစ်နိုင်တာ အသေအချာပဲပေါ့လေ။ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဆိုရင် မမှားပါဘူး။ စူပါဟီးရိုးရုပ်ရှင်တွေနဲ့အတူ Thor ဇာတ်ရုပ်နဲ့ တရှိန်ထိုးအောင်မြင်မှုကြီးလာခဲ့တာဖြစ်ပါတယ်။

လီယိုနာဒို ဒီကာပရီယို

The Revenant ရုပ်ရှင်နဲ့ အော်စကာဆုရပြီဖြစ်ခဲ့လို့ လီယိုနာဒိုရဲ့အမာခံပရိသတ်တွေနဲ့ ရုပ်ရှင်ပရိသတ်တွေ ရင်ထဲက အစိုင်အခဲတွေ ကျေလည်သွားခဲ့ရတာ ဝမ်းသာစရာပါ။ လီယိုနာဒိုကတော့ တိုင်တန်းနစ်ရုပ်ရှင်ကစလို့ အထူးတလည် ရင်ထဲကျန်အောင် သရုပ်ဆောင်အားကောင်းသူဖြစ်မှန်း အကြိမ်ကြိန်သက်သေပြခဲ့ပြီးဖြစ်ပါတယ်။

ရောဘတ်ဒီနီရိုး

ဟောလိဝုဒ်ရဲ့ အရင့်အမာ ဝါရင့် သမ္ဘာရင့် သရုပ်ဆောင်ကြီးတဦးဖြစ်ရုံမက ဒီနေ့ခေတ် ကမ္ဘာကျော်သရုပ်ဆောင်တွေရဲ့ အတွေးအခေါ်ပိုင်းအထိ လွှမ်းမိုးမှုရှိနေဆဲသူပါ။

တွမ်ဟာဒီ

အမိုက်စား ရုပ်ရည် ကျစ်လစ်တောင့်တင်းတဲ့ ကိုယ်ခန္ဓာအချိုးအဆစ်နဲ့အတူ သိပ်ပြီးအသက်ဝင်လှတဲ့ သရုပ်ဆောင်အားကို ပေါင်းစပ်ထားနိုင်သူဆိုရင် မမှားပါဘူး။ အမျိုုးသမီးထုပရိသတ်ကြီးရဲ့ စိတ်နှလုံးကို တဖြုတ်ဖြုတ်ချွေချခဲ့သူပါ။

ရပ်ဆဲခရိုး

မင်းသားကြီး ရပ်ဆဲခရိုးကတော့ ထူးပြီးပြောဆိုမိတ်ဆက်စရာမလိုအောင် ဟောလိဝုရဲ့ ထူးခြားထင်ရှားလှတဲ့ သရုပ်ဆောင်ကြီးဖြစ်ပါတယ်။