အတိတ်တချိန်က ခေတ်စားခဲ့တဲ့ အထူးဆန်းဆုံး လူသုံးပစ္စည်းများ

0
69

လူတွေဟာ လက်ရှိခေတ်ရေစီးကြောင်းမှာ ရေပန်းစားနေတဲ့ ဖက်ရှင်နောက်ကို လိုက်ကြရင်း နောင်တချိန် နောင်လာနောက်သားတွေ ပြန်တွေ့တဲ့အခါ ရယ်ပွဲဖွဲ့လောက်တဲ့ အရာဝတ္ထုတွေကို ဆင်ယင်မိခဲ့ရက်သား ဖြစ်ခဲ့ကြပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်တွေ အတွက် တစ်ခေတ်တစ်ခါက အင်မတန် ခေတ်စားခဲ့ပြီး အခုခေတ်မျက်လုံးနဲ့ ကြည့်ရင် အလွန်ထူးခြားနေတဲ့ အရာတွေကို ဖော်ပြပေးပါရစေ။

၁. ၁၇ နဲ့ ၁၈ ရာစုတွေမှာ ပြင်သစ်အမျိုးသမီးတွေဟာ ဘော်ဒါလူး လို့ခေါ်တဲ့ အမျိုးသမီးသုံး အပေါ့အိုး တွေကို ဆောင်လေ့ရှိပါတယ်။ ဒီခွက်တွေမှာ လက်ကိုင်တစ်ခုပါပြီး လှေတစ်စီးလို ပုံစံမျိုးရှိတယ်။ ခုခေတ်အနေနဲ့ ကြည့်ရင် တော်တော်လေး ရှက်စရာတစ်ခုလို ဖြစ်နေပေမယ့် ထိုစဉ်ကတော့ စတိုင်တစ်မျိုးပါ။ အထပ်ထပ်ရှိပြီး ကြီးမားတဲ့ ဂါဝန်ကြီးတွေနဲ့ သွားလာရတဲ့ အမျိုးကောင်း လေဒီတွေအတွက် ဒါဟာ လိုအပ်တဲ့ ပစ္စည်းတစ်ခု ဖြစ်ခဲ့ကာ လှပတဲ့ ဆေးပန်းချီတွေပါ ချယ်သထားတတ်ပါတယ်။

၂. ၁၈ ရာစုမှာ မျက်ခုံးမွှေးထူတာက အလှအပလို့ ယုံကြည်ခဲ့ကြပုံပါပဲ။ ထူးခြားတဲ့ မျက်ခုံးမွေးအတုတွေဟာ အလွန်ခေတ်စားခဲ့ပြီး မိန်းမတွေက သူတို့မျက်ခုံးမွေးတွေကို ရိတ်ကာ ကြွက်အရေပြားပေါ်ကို ကော်နဲ့လိုသလို ပြန်ကပ်ပြီးမှ မျက်နှာမှာ တစ်ခါပြန်ကပ်ပါတယ်။ ဒါ့ပြင် မျက်ခုံးမွေးတုတွေကို ရှိသင့်တာထက်ပိုပြီး မြင့်အောင် ကပ်ကြတဲ့ အလေ့လည်း ရှိခဲ့ပါတယ်။

၃. ၁၈ ရာစုမှာပဲ သဘာဝအတိုင်းဖြစ်တဲ့ မှဲ့တွေကို မလှဘူးလို့ ယူဆပြီး မျက်နှာပေါ်မှာ ထူထဲတဲ့ မိတ်ကပ်တွေနဲ့ ဖုံးအုပ်ထားလေ့ရှိတယ်။ ဒါ့အပြင် ပုံထဲကလို အမှတ်အသားလေးတွေကို သားရေနဲ့ ပြုလုပ်ကာ မှဲ့အပေါ်က အလှကပ်ထားတာလည်း ရှိပါတယ်။

၎. တော်ဝင်မျိုးနွယ်မှ အမျိုးသမီးများအတွက် အသားအရေကို ဖြူဖျော့နေစေတာကလည်း မရှိမဖြစ်လက္ခဏာ တစ်ခုပါပဲ။ ဒါ့ကြောင့် ခရီးတွေသွားဖို့ လိုအပ်လာတဲ့ အခါမျိုးမှာ ၁၆ ရာစုက အမျိုးကောင်းသမီးတွေဟာ နေရောင်ကို ကာကွယ်ဖို့ မျက်နှာဖုံးတွေ တပ်ကြပါတယ်။

၅. ၁၈၄၆ ခုနှစ်မှာ အမှန်တကယ် တီထွင်ခဲ့တဲ့ စကပ်ကို မ ဖို့ ကိရိယာပါ။ လေးလံတဲ့ အဝတ်အစားကြီးတွေနဲ့ သွားလာနေခဲ့ရတဲ့ မိန်းမတွေအတွက်တော့ သူတို့အဝတ်ကို ဖုန်တွေမပေအောင် ဒါမှမဟုတ် အနည်းငယ် ပိုလွတ်လပ်စွာ သွားခွင့်ရအောင် အရမ်းအသုံးဝင်ခဲ့ပါတယ်။

၆. ပါးဖောင်းဖောင်းလေးမှ လှတယ်လို့ ယူဆကြတဲ့ ခေတ်ကလည်း တစ်ခေတ် ရှိခဲ့ပါသေးတယ်။ ဒါကြောင့် ၁၇ ရာစုက အမျိုးသမီးတွေဟာ ပါးလေးတွေ ဖောင်းနေအောင် ပါးစောင်တစ်ဖက်စီမှာ အရာဝတ္ထုအမျိုးမျိုးနဲ့ ပြုလုပ်ထားတဲ့ ဘောလုံးတွေကို ငုံထားခဲ့ကြတယ်။ အလေးချိန်စီးဖို့လည်း လိုတာကြောင့် တစ်ခါတရံမှာ ပါးလေးတွေ ဖောင်းနေပြီး စကားတောင် မပြောနိုင်တာလည်း ရှိပါတယ်တဲ့။