အထင္နဲ႔အျမင္တက္တက္စင္ေအာင္လြဲတဲ့ Marvel သရုပ္ေဆာင္ေတြရဲ႕အသက္အမွန္ေတြ

သရုပ္ေဆာင္ေတြဟာ အမူအရာပဲသရုပ္ေဆာင္ေကာင္းတာမဟုတ္ပါဘူး၊ ကုိယ့္ရဲ႕အသားအရည္၊ lifestyle နဲ႔ အသက္အရြယ္ေတြကိုပါ ကုိုယ္သရုပ္ေဆာင္မယ့္ ကာရို္က္တာနဲ႔အလိုက္ ေျပာင္းလဲနုိိင္ရပါတယ္။ အဲဒါမွလည္းသရုပ္ေဆာင္ေကာင္းလုိ႔ေခၚဆိုနုိင္မွာပါ။ ဒီတစ္ခါမွာေတာ့ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ ရုပ္ရွင္ထဲကအသက္ေတြနဲ႔ တကယ့္အသက္ေတြနဲ႔ တကယ့္ရွိရင္းစြဲအသက္ေတြနဲ႔ ပရိသတ္ေတြပါးစပ္အေဟာင္းသားျဖစ္သြားရေအာင္ကို ကြာျခားလြန္းတဲ့ Marvel သရုပ္ေဆာင္ေတြကုိ ေဖာ္ျပေပးလိုက္ပါတယ္။

Steve Rogers



Steve Rogers ကေတာ့ အသက္တစ္ရာေက်ာ္ေလာက္ရွိေနျပီျဖစ္တဲ့အဖိုးၾကီးတစ္ေယာက္အေနနဲ႔ အရမ္းအရမ္းကုိ ၾကည့္လို႔ေကာင္းျပီးေခ်ာေမာသူတစ္ဦးလို႔ဆိုရမွာပါ။ ရုပ္ရွင္ထဲက Captain America က 1918 July 4 မွာေမြးခဲ့တာျဖစ္လို႔ အခုဆိုရင္အသက္ ၁၀၁ နွစ္ေလာက္ရွိေနပါျပီ။ ဒါေပမယ့္ Steve Rogers အျဖစ္သရုပ္ေဆာင္တဲ့မင္းသား Chris Evans ကေတာ့ ၃၈ နွစ္သာရွိပါေသးတယ္။

Thor




နတ္ဘုရားတစ္ပါးျဖစ္တဲ့ Thor ဟာ 965 CE မွာ Loki ကုိေမြးစားခဲ့တဲ့အခ်ိန္မွာ ကေလးဘဝသာရွိေနပါေသးတယ္။ ဒါေၾကာင့္ အခုအခ်ိန္မွာေတာ့ Thor ဟာ အသက္တစ္ေထာင္ကိုေအးေအးေဆးေဆးေက်ာ္တယ္ဆိုရမွာပါ။ Thor က Infinity War မွာတုန္းက သူ႔ကုိယ္သူ အသက္ 1500 ေက်ာ္ျပီလို႔ေျပာခဲ့ပါေသးတယ္။ ဒါေပမယ့္ Thor အျဖစ္ သရုပ္ေဆာင္တဲ့ လူေခ်ာေလး Chris Hemsworth ရဲ႕ အသက္ကေတာ့ 35 နွစ္သာရွိေသးတာမုို႔ ကာရိုက္တာရဲ႕အသက္နဲ႔ကြာျခားခ်က္ၾကီးမားပါတယ္။

Bucky Barnes



Steve Rogers ရဲ႕ရဲေဘာ္ရဲဘက္ အခ်စ္ဆံုးသူငယ္ခ်င္း Bucky Barnes ကေတာ့ အသက္ဘယ္ေလာက္ရွိျပီဆိုတာအတိအက်မေဖာ္ျပထားတာမို႔သူ႕ရဲ႕အသက္ကိုခန္႔မွန္းဖို႔ခက္ပါတယ္။ ဒါေပမယ့္ Bucky ဟာလည္း Steve က Captain America မျဖစ္လာခင္အခ်ိန္ကတည္းက ရွိေနခဲ့တာျဖစ္လို႔ အသက္က မရွိဘူးဆို အသက္တစ္ရာေက်ာ္ေလာက္လို႔ဆိုုရမွာပါ။ Bucky Barnes သရုပ္ေဆာင္ Sebastian Stan ကေတာ့ အသက္ 37 နွစ္ရွိပါျပီ။

Loki

Loki ရဲ႕ ဟာ 965 CE မွာ ေမြးဖြားခဲ့တာျဖစ္ျပီး လွည့္စားတတ္တဲ့ နတ္ဘုရားတစ္ပါးအေနနဲ႔ လူေတြၾကားမွာနာမည္ေက်ာ္သူပါ။ Loki ရဲ႕အသက္ဟာ အတိအက်ဆိုရင္1053 နွစ္ရွိျပီျဖစ္ျပီး သူ႔ရဲ႕ေမြးစားအစ္ကုိ Thor ထက္ငယ္ပါတယ္။ ဒါေပမယ့္ Asgardians ေတြရဲ႕ အသက္ကြာျခားမႈကုိဘယ္သူမွမမွန္းနုိင္တာေၾကာင့္ Loki နဲ႔ Thor ရဲ႕ ၾကားမွာအသက္ဘယ္ေလာက္ကြာလဲဆိုတာ ဘယ္သူမွမသိပါဘူး။ ဒါေပမယ့္ Loki အျဖစ္သရုပ္ေဆာင္တဲ့ Tom Hiddleston ရဲ႕ အသက္ကေတာ့ 38 နွစ္ျဖစ္လို႔ Chris Evans နဲ႔အတူတူပါပဲ။

Gamora

ျဂိဳဟ္သားမ်ိဳးႏြယ္တစ္ဦးျဖစ္တဲ့ Gamora ဟာ အေၾကာက္အလန္႔မရွိတဲ့ အမ်ိဳးသမီးငယ္ေလးတစ္ေယာက္ျဖစ္ျပီး တိုက္ရည္ခိုက္ရည္ရဲစြမ္းသတၱိနဲ႔ျပည့္ဝတဲ့ စစ္သူရဲမတစ္ဦးလည္းျဖစ္လို႔ သူမရဲ႕ အေဖျဖစ္သူ Thanos ရဲ႕ အေလးထားခ်စ္ျမတ္နိုးရတဲ့သမီးတစ္ေယာက္ဆိုရင္္မမွားပါဘူး။ Gamora ရဲ႕အသက္ကိုComic ေတြထဲမွာေရာ ရုပ္ရွင္ထဲမွာပါ 29 နွစ္ဝန္းက်င္လို႔ခန္႔မွန္းခဲ့ၾကပါတယ္။ ဒါေပမယ့္ တကယ္တမ္း Gamora အျဖစ္ကြက္တိက်ေအာင္သရုပ္ေဆာင္နုိင္ခဲ့တဲ့ မင္းသမီး Zoe Saldana ကေတာ့ အသက္ေလးဆယ့္တစ္နွစ္ရွိပါျပီ။ ရုပ္ရွင္ထဲမွာေရာအျပင္မွာပါ နွစ္ဆယ္ေက်ာ္ေလးလို႔ထင္ရတဲ့ Zoe ရဲ႕တကယ့္အသက္အမွန္ဟာ တစ္ကမၻာလံုးက ပရိသတ္ေတြကို အံံ့ၾသတၾကီးျဖစ္ေစခဲ့တယ္လို႔ဆိုရမွာပါ။

အခုေျပာျပသြားတာေတြကေတာ့ ရုပ္ရွင္ထဲကအသက္အရြယ္ေတြနဲ႔အျပင္က ရွိရင္းစြဲအသက္ေတြ တက္တက္စင္ေအာင္လြဲေနတဲ့ Marvel သရုပ္ေဆာင္ေတြအေၾကာင္းပဲျဖစ္ပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ဒီထဲက ဘယ္သူေတြကုိအားအေပးၾကဆံုးလဲ။ေျပာခဲ့ၾကပါဦး။

Unicode

အထင်နဲ့အမြင်တက်တက်စင်အောင်လွဲတဲ့ Marvel သရုပ်ဆောင်တွေရဲ့အသက်အမှန်တွေ

သရုပ်ဆောင်တွေဟာ အမူအရာပဲသရုပ်ဆောင်ကောင်းတာမဟုတ်ပါဘူး၊ ကိုယ့်ရဲ့အသားအရည်၊ lifestyle နဲ့ အသက်အရွယ်တွေကိုပါ ကိုုယ်သရုပ်ဆောင်မယ့် ကာရို်က်တာနဲ့အလိုက် ပြောင်းလဲနိုိင်ရပါတယ်။ အဲဒါမှလည်းသရုပ်ဆောင်ကောင်းလို့ခေါ်ဆိုနိုင်မှာပါ။ ဒီတစ်ခါမှာတော့ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ရုပ်ရှင်ထဲကအသက်တွေနဲ့ တကယ့်အသက်တွေနဲ့ တကယ့်ရှိရင်းစွဲအသက်တွေနဲ့ ပရိသတ်တွေပါးစပ်အဟောင်းသားဖြစ်သွားရအောင်ကို ကွာခြားလွန်းတဲ့ Marvel သရုပ်ဆောင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Steve Rogers

Steve Rogers ကတော့ အသက်တစ်ရာကျော်လောက်ရှိနေပြီဖြစ်တဲ့အဖိုးကြီးတစ်ယောက်အနေနဲ့ အရမ်းအရမ်းကို ကြည့်လို့ကောင်းပြီးချောမောသူတစ်ဦးလို့ဆိုရမှာပါ။ ရုပ်ရှင်ထဲက Captain America က 1918 July 4 မှာမွေးခဲ့တာဖြစ်လို့ အခုဆိုရင်အသက် ၁၀၁ နှစ်လောက်ရှိနေပါပြီ။ ဒါပေမယ့် Steve Rogers အဖြစ်သရုပ်ဆောင်တဲ့မင်းသား Chris Evans ကတော့ ၃၈ နှစ်သာရှိပါသေးတယ်။

Thor

နတ်ဘုရားတစ်ပါးဖြစ်တဲ့ Thor ဟာ 965 CE မှာ Loki ကိုမွေးစားခဲ့တဲ့အချိန်မှာ ကလေးဘဝသာရှိနေပါသေးတယ်။ ဒါကြောင့် အခုအချိန်မှာတော့ Thor ဟာ အသက်တစ်ထောင်ကိုအေးအေးဆေးဆေးကျော်တယ်ဆိုရမှာပါ။ Thor က Infinity War မှာတုန်းက သူ့ကိုယ်သူ အသက် 1500 ကျော်ပြီလို့ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် Thor အဖြစ် သရုပ်ဆောင်တဲ့ လူချောလေး Chris Hemsworth ရဲ့ အသက်ကတော့ 35 နှစ်သာရှိသေးတာမိုု့ ကာရိုက်တာရဲ့အသက်နဲ့ကွာခြားချက်ကြီးမားပါတယ်။

Bucky Barnes

Steve Rogers ရဲ့ရဲဘော်ရဲဘက် အချစ်ဆုံးသူငယ်ချင်း Bucky Barnes ကတော့ အသက်ဘယ်လောက်ရှိပြီဆိုတာအတိအကျမဖော်ပြထားတာမို့သူ့ရဲ့အသက်ကိုခန့်မှန်းဖို့ခက်ပါတယ်။ ဒါပေမယ့် Bucky ဟာလည်း Steve က Captain America မဖြစ်လာခင်အချိန်ကတည်းက ရှိနေခဲ့တာဖြစ်လို့ အသက်က မရှိဘူးဆို အသက်တစ်ရာကျော်လောက်လို့ဆိုုရမှာပါ။ Bucky Barnes သရုပ်ဆောင် Sebastian Stan ကတော့ အသက် 37 နှစ်ရှိပါပြီ။

Loki

Loki ရဲ့ ဟာ 965 CE မှာ မွေးဖွားခဲ့တာဖြစ်ပြီး လှည့်စားတတ်တဲ့ နတ်ဘုရားတစ်ပါးအနေနဲ့ လူတွေကြားမှာနာမည်ကျော်သူပါ။ Loki ရဲ့အသက်ဟာ အတိအကျဆိုရင်1053 နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့မွေးစားအစ်ကို Thor ထက်ငယ်ပါတယ်။ ဒါပေမယ့် Asgardians တွေရဲ့ အသက်ကွာခြားမှုကိုဘယ်သူမှမမှန်းနိုင်တာကြောင့် Loki နဲ့ Thor ရဲ့ ကြားမှာအသက်ဘယ်လောက်ကွာလဲဆိုတာ ဘယ်သူမှမသိပါဘူး။ ဒါပေမယ့် Loki အဖြစ်သရုပ်ဆောင်တဲ့ Tom Hiddleston ရဲ့ အသက်ကတော့ 38 နှစ်ဖြစ်လို့ Chris Evans နဲ့အတူတူပါပဲ။

Gamora

ဂြိုဟ်သားမျိုးနွယ်တစ်ဦးဖြစ်တဲ့ Gamora ဟာ အကြောက်အလန့်မရှိတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ဖြစ်ပြီး တိုက်ရည်ခိုက်ရည်ရဲစွမ်းသတ္တိနဲ့ပြည့်ဝတဲ့ စစ်သူရဲမတစ်ဦးလည်းဖြစ်လို့ သူမရဲ့ အဖေဖြစ်သူ Thanos ရဲ့ အလေးထားချစ်မြတ်နိုးရတဲ့သမီးတစ်ယောက်ဆိုရင််မမှားပါဘူး။ Gamora ရဲ့အသက်ကိုComic တွေထဲမှာရော ရုပ်ရှင်ထဲမှာပါ 29 နှစ်ဝန်းကျင်လို့ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမယ့် တကယ်တမ်း Gamora အဖြစ်ကွက်တိကျအောင်သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီး Zoe Saldana ကတော့ အသက်လေးဆယ့်တစ်နှစ်ရှိပါပြီ။ ရုပ်ရှင်ထဲမှာရောအပြင်မှာပါ နှစ်ဆယ်ကျော်လေးလို့ထင်ရတဲ့ Zoe ရဲ့တကယ့်အသက်အမှန်ဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေကို အံံ့သြတကြီးဖြစ်စေခဲ့တယ်လို့ဆိုရမှာပါ။

အခုပြောပြသွားတာတွေကတော့ ရုပ်ရှင်ထဲကအသက်အရွယ်တွေနဲ့အပြင်က ရှိရင်းစွဲအသက်တွေ တက်တက်စင်အောင်လွဲနေတဲ့ Marvel သရုပ်ဆောင်တွေအကြောင်းပဲဖြစ်ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဒီထဲက ဘယ်သူတွေကိုအားအပေးကြဆုံးလဲ။ပြောခဲ့ကြပါဦး။