အနုပညာရှင်တွေရဲ့အိမ်ထောင်ရေးကိုဖျက်ဆီးပစ်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းရုပ်ရှင်ကားကောင်းများ

လောကကြီးမှာတစ်ခုကိုလိုချင်ရင်တစ်ခုကိုပေးဆပ်လိုက်ရတယ်ဆိုသလိုပဲ အနုပညာဖန်တီးရာမှာလည်း အနုပညာကိုပီပြင်ချင်သလောက်ကိုအားစိုက်ထည့်ပြီးခံစားချက်ပါပါသရုပ်ဆောင်ရတဲ့အခါမှာ စိတ်ခံစားချက်တွေဝေဝါးပြီးပြောင်းလဲသွားတာမျိုးတွေလည်းရှိပါတယ်။ အဲဒီအခါ အပြင်ဘဝမှာတည်ဆောက်ထားတဲ့ အိမ်ထောင်ရေးတွေပါပျက်စီးရတဲ့အချိန်တွေလည်းရှိတယ်လို့ဆိုရမှာပါ။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ထိပ်တန်းအနုပညာရှင်အချို့ရဲ့ အိမ်ထောင်ရေးကိုဖျက်ဆီးပစ်ခဲ့တဲ့ ကမ္ဘာကျော်ရုပ်ရှင်ကားတွေအကြောင်းဖော်ပြပေးလိုက်ပါတယ်။

Mr. & Mrs. Smith



ဟုတ်ပါတယ်။ ကမ္ဘာကျော်သွားခဲ့သလို ဆုတွေလည်းအများကြီးရခဲ့တဲ့ Mr. & Mrs. Smith ရုပ်ရှင်ဟာ နှစ်တွေအကြာကြီးချစ်လာခဲ့ပြီးမှ လက်ထပ်ခဲ့ကြတဲ့ Brad Pitt နဲ့ Jennifer Anniston ရဲ့ အိမ်ထောင်ရေးကို အစိတ်စိတ်အမွှာမွှာပြိုကွဲသွားစေခဲ့ပါတယ်။ Brad Pitt က အဲဒီရုပ်ရှင်ရိုက်ကွင်းမှာ Angelina Jolie နဲ့ ချစ်ကျွမ်းဝင်ခဲ့တယ်လို့ ဝန်ခံထားပြီး Jolie ကလည်း ရုပ်ရှင်ရိုက်နေစဉ်မှာ အိမ်ထောင်ရှိတဲ့ယောက်ျားတစ်ယောက်ကိုမချစ်မိအောင်ထိန်းရင်းနဲ့ပဲ Brad Pitt ကိုချစ်မိသွားခဲ့တယ်လို့ ဝန်ခံထားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Jennifer က သူသိပ်ချစ်တဲ့ယောက်ျားကို ကွာရှင်းပေးခဲ့ရပါတယ်။

The Outlaw Josey Wales




ဒီရုပ်ရှင်ကတော့ မင်းသားကြီး Clint Eastwood ရဲ့ Maggie Johnson ရဲ့ အိမ်ထောင်ရေးကို လောင်မြိုက်စေခဲ့တဲ့မီးတစ်စလို့ပြောရင် လွန်မယ်မထင်ပါဘူး။ Clint ဟာ ရုပ်ရှင်ထဲမှာအတူသရုပ်ဆောင်တဲ့ Sandra Locke နဲ့ သံယောဇဉ်တွေတွယ်ခဲ့ပြီး ချစ်သူတွေဖြစ်ခဲ့ပါတယ်။ အဲဒီအချစ်ရေးဟာ ပရိသတ်တွေဆီက ရှုတ်ချမှုတွေရော ထောက်ခံမှုတွေပါရစေခဲ့ပြီး Clint နဲ့ Maggie ကိုတော့ ကွာရှင်းပြတ်စဲတဲ့အထိဖြစ်သွားစေခဲ့ပါတယ်။ ဒါပေမယ့် Clint ရဲ့ Sandra နဲ့အချစ်ရေးကတော့ သက်ဆိုးမရှည်ခဲ့ရှာပါဘူး။

Days Of Thunder



Box Office ဝင်ငွေတွေကြောက်ခမန်းလိလိရစေခဲ့တဲ့ ဒီရုပ်ရှင်ကတော့ 1990 ခုနှစ်ဝန်းကျင်မှာထွက်ရှိခဲ့တာပါ။ ဒီရုပ်ရှင်ကိုရိုက်နေစဉ်မှာ Tom Cruise ဟာ ဇနီးဖြစ်သူ Mimi Rogers နဲ့ အဆင်မပြေကတောက်ကဆဖြစ်နေခဲ့တယ်လို့ သတင်းမီဒီယာတွေတော်တော်များများက ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် မပြေးသော်ကန်ရာရှိဆိုသလို Days of Thunder ရုပ်ရှင်ကိုစရိုက်ပြီးတစ်လအကြာမှာပဲ Tom Cruise နဲ့ မင်းသမီး Nicole Kidman ရဲ့အချစ်ဇာတ်လမ်းက Tom ရဲ့ Mimi ရဲ့ အိမ်ထောင်ရေးကို ပြိုကွဲသွားစေခဲ့တာပါ။

By The Sea

ကိုယ်ပြုသောကံကိုယ့်ထံပြန်ဆိုသလိုပဲ Jennifer Aniston ရဲ့အသည်းကိုခွဲပြီး တည်ဆောက်ခဲ့တဲ့ Brad Pitt နဲ့ Angelina Jolie ရဲ့ အိမ်ထောင်ရေးဟာလည်း တစ်သက်လုံးတည်မြဲခဲ့တာတော့မဟုတ်ပါဘူး။ သူတို့နှစ်ယောက်ရဲ့ ပျက်စီးလုဖြစ်နေတဲ့ အိမ်ထောင်ရေးကို ထင်ဟပ်ဖော်ပြနေခဲ့တဲ့ By The Sea ရုပ်ရှင်ကိုရိုက်နေစဉ်အချိန်မှာပဲ တစ်ယောက်နဲ့တစ်ယောက် ပြတ်စဲဖို့နီးကပ်လာခဲ့တယ်လို့ Jolie က ဝန်ခံခဲ့ပါတယ်။ အဲဒီရုပ်ရှင်ထွက်ပြီးနှစ်အနည်းငယ်အကြာမှာပဲ Jolie နဲ့ Brad Pitt တို့ ကွာရှင်းခဲ့ကြပါတယ်။

အခုပြောပြသွားတာတွေကတော့ အနုပညာရှင်တွေရဲ့ အိမ်ထောင်ရေးတွေကို ပြိုကွဲစေခဲ့တဲ့ ရုပ်ရှင်ကားတွေအကြောင်းပဲဖြစ်ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဆိုင်သူကိုယ်စီရှိမှန်းသိပေမယ့် ကိုယ်သဘောတူတဲ့မင်းသားမင်းသမီးတွေကိုချစ်သူတွေဖြစ်သွားစေချင်တာမျိုးရှိကြလား။ ဒီရုပ်ရှင်တွေထဲက ဘယ်သူတွေကို သဘောတူကြလဲ။ပြောခဲ့ကြပါဦး။

Unicode


Mr. & Mrs. Smith


The Outlaw Josey Wales


Days Of Thunder


By The Sea

