အနုပညာလောကက အပြီးတိုင်အနားယူတော့မယ်ဆိုတဲ့ Won Bin (ထယ်စောက်)

မြန်မာနိုင်ငံရဲ့ကိုရီးယားပိုးဝင်ခါစ အချိန်မှာ ပျိုမေတွေနှလုံးသားကိုသိမ်းပိုက်သွားတဲ့ ဆောင်းဦးရွက်ကြွေချစ်သက်သေ ဇာတ်လမ်းတွဲထဲက သနားစရာ ဒုတိယသရုပ်ဆောင်ကောင်လေး ထယ်စောက်ကို ပရိသတ်တော်တော်များများမှတ်မိကြဦးမှာပါ။ ဒုတိယမင်းသားတွေရဲ့ ကျိန်စာသင့်မှုကို စတင်ခဲ့တယ်လို့ဆိုရမယ့်ထယ်စောက်က မင်းသမီးကိုသိပ်ချစ်ခဲ့တဲ့ အခန်းလေးတွေမှာ ပရိသတ်တွေမျက်ရည်ဝဲခဲ့ရသလို ထယ်စောက်ကိုအွန်စောအစား တာဝန်ယူစောင့်ရှောက်ပေးချင်တယ်ဆိုတဲ့ ပရိသတ်တွေလည်းရှိခဲ့ပါသေးတယ်။ အဲဒီကတည်းက ထယ်စောက်သရုပ်ဆောင်ဝန်ဘင်းဟာ အောင်မြင်မှုအကြီးအကျယ်ရခဲ့သလိုရုပ်ရှင်တွေဆက်တိုက်သရုပ်ဆောင်ပြီး အောင်မြင်မှုတွေကိုအခုအချိန်အထိထိန်းထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်အခုတော့ Won Bin ပရိသတ်တွေအတွက်စိတ်မကောင်းစရာသတင်းတစ်ပုဒ်ပေါ်ထွက်လာပါပြီ။ အဲဒါကတော့  ဝန်ဘင်းတစ်ယောက် အနုပညာလောကကနေ အပြီးတိုင်အနားယူတော့မယ်ဆိုတဲ့သတင်းပါပဲ။ ဒီသတင်းကို ဝန်ဘင်းကိုယ်တိုင်ကြေငြာထားသေးတာမဟုတ်သလို ဝန်ဘင်းရဲ့ အေဂျင်စီကလည်းတိုက်ရိုက်ကြေငြာရသေးတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် မပြေးသော်ကန်ရာရှိဆိုသလို ဝန်ဘင်းရဲ့ အနုပညာလောကကနေ အနားယူတော့မယ်ဆိုတဲ့အရိပ်အမြွက်တွေကတော့ ထွက်ပေါ်လို့လာပါပြီ။ မကြာသေးမီက Media တစ်ခုက သတင်းတစ်ခုမှာ Won Bin ကို သရုပ်ဆောင် Won Bin လို့ ဖော်ပြခဲ့ပါတယ်။ အဲဒါကို Won Bin ရဲ့ Agency က Won Bin ကို သရုပ်ဆောင်လို့မသုံးနှုန်းပဲ Model လို့သာသုံးနှုန်းပေးပါလို့ Media ကို request လုပ်ခဲ့ပါတယ်။



Won Bin ဟာ 2010 ခုနှစ်က Man From Nowhere ရုပ်ရှင်မှာပါဝင်သရုပ်ဆောင်ခဲ့ပြီး အဲဒီနောက်မှာ ဘယ်ရုပ်ရှင်ဇာတ်လမ်းတွဲမှာမှပါဝင်သရုပ်ဆောင်ခြင်းမရှိတော့ပဲ Model အဖြစ်သာလုပ်ကိုင်နေခဲ့တာဖြစ်ပြီး သူ့ရဲ့ Agency ကိုယ်တိုင်က Won Bin ကို သရုပ်ဆောင်အဖြစ်ညွှန်းဆိုခြင်းမလုပ်တော့ဖို့တောင်းဆိုလာခဲ့တာကြောင့် ပရိသတ်တွေကြားမှာရော အနုပညာလောကမှာပါ Won Bin က အနုပညာလောကကနေ အနားယူတော့မယ်ဆိုတဲ့ ကောလဟလကပျံ့နှံ့သွားခဲ့တာပါ။ ပရိသတ်တွေကတော့ Won Bin တစ်ယောက်တကယ်အနားယူတော့မှာလားဆိုပြီး ဝမ်းနည်းတသနေကြပါတယ်။




နောက်ပိုင်းမှာ Won Bin ရဲ့ Agency က Won Bin ကိုယ်စားပြုတဲ့ Brand ကို ပိုပြီးထင်ပေါ်စေချင်တဲ့အတွက် Won Bin ကို actor အစား Model လို့ဖော်ပြပေးဖို့တောင်းဆိုခဲ့တာဖြစ်ကြောင်းနဲ့ ဒါက Won Bin ကို အနုပညာလောကက အနားယူတော့မယ်လို့မဆိုလိုကြောင်း၊မကြာမီမှာ Won Bin က သရုပ်ဆောင်တစ်ဦးအဖြစ် ဇာတ်လမ်းတွဲ၊ရုပ်ရှင်တစ်ခုခုနဲ့ ပရိသတ်ရှေ့ကိုပြန်လာဖို့ရှိတယ်လို့လည်းဖြေရှင်းလာခဲ့ပါတယ်။ ဒါပေမယ့် Won Bin ကို Agency က အနားယူဖို့ဖိအားပေးနေတယ်ဆိုတဲ့သတင်းတွေလည်းထွက်လာခဲ့တာကြောင့် ပရိသတ်တွေကစိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော Won Bin တစ်ယောက်တကယ်ပဲအနုပညာလောကက အနားယူတော့မယ်ထင်လား။ Won Bin ကို ရုပ်ရှင်တွေအများကြီးထပ်ရိုက်စေချင်ကြလား။ပြောခဲ့ကြပါဦး။



Unicode




