အန်ဂျလီနာဂျိုလီရဲ့ လူသိနည်းတဲ့အချက်များ

0
95

ညှို့အားပြင်းတဲ့ ဟောလိဝုဒ်မင်းသမီး အန်ဂျလီနာဂျိုလီဟာ ကြီးမားတဲ့အောင်မြင်မှုကို ရရှိခဲ့ဖူးသလို၊ မင်းသားချော ဘရက်ပစ်နဲ့ အချစ်ဇာတ်လမ်း၊ ကလေးတွေ အများကြီးမွေးစားတာ၊ ကျန်းမာရေးချို့တဲ့မှု စသဖြင့် အပြောင်းအလဲများတဲ့ ဘဝပိုင်ရှင် တစ်ယောက်ပါ။ ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် သူမရဲ့ လူသိနည်းတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

၁. ဂျိုလီဟာ အိမ်ထောင်သုံးဆက်ကျခဲ့သူဖြစ်ပြီး ဘရက်ပစ်ရှေ့မှာ ဒုတိယအိမ်ထောင်အဖြစ် အနုပညာရှင် ဘီလီဘော့ဘ်နဲ့ ယူခဲ့ပါသေးတယ်။ ၂၀၀၀ ခုနှစ်မှာ လက်ထပ်ခဲ့တဲ့ အနုပညာစုံတွဲရဲ့ မင်္ဂလာပွဲဟာ ထိုစဉ်က အမေရိကန်ဒေါ်လာ ၁၈၉ သာ ကုန်ကျခဲ့ပါတယ်။ နောက်တော့ ၂၀၀၂ ခုနှစ်မှာ ခွဲနေကြပြီး ၂၀၀၃ မှာ တရားဝင် ကွဲသွားခဲ့တယ်။

၂. ငယ်ငယ်က သူ့အဖိုးရဲ့ အသုဘမှာ စီမံခန့်ခွဲသူရဲ့ ညံ့ဖျင်းမှုကို အားမရခဲ့တာကြောင့် ငယ်စဉ်မှာ ကြီးလာရင် အသုဘ စီမံခန့်ခွဲသူ တစ်ဦး ဖြစ်ချင်ခဲ့ပါတယ်။ တကယ်လို့သာ မင်းသမီး အလုပ်နဲ့ အကျိုးမပေးခဲ့ရင် အသုဘတွေကို စီမံခန့်ခွဲသူ ဖြစ်လာမှာ သေချာတယ်လို့ သူမက ဆိုပါတယ်။

၃. သူမဟာ လိင်တူလိင်ကွဲနှစ်မျိုးလုံး ချစ်ကြိုက်သူ (Bisexual) ဖြစ်ပြီး ဟာသ သရုပ်ဆောင် ရိုစီအိုဒွန်နယ်နဲ့ ဇာတ်လမ်းဖြစ်မလိုလို ဖြစ်ခဲ့ပါသေးတယ်။ သူမရဲ့ ဖုန်းနံပါတ်ကို ရိုစီကို ပေးခဲ့ပြီး ဖုန်းနှစ်ကြိမ်သုံးကြိမ်လောက် ပြောဖြစ်ခဲ့တယ်လို့ ရိုစီက ဆိုပါတယ်။

၎. ခေါက်ဓါး (Buttefly Knife) ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ကစားပြနိုင်သူပါ။ အက်ရှင်ကားတွေကနေ စပြီး နာမည်ကြီးလာတာ အကြောင်းမဲ့ မဟုတ်ပါဘူး။ ဂျိုလီဟာ ငယ်ငယ်တည်းက လက်နက်တွေ နှစ်သက်စုဆောင်းသူ ဖြစ်ပါတယ်။

၅. ၁၉၉၀ ခုနှစ်များက နာမည်ကြီးအဖွဲ့တွေရဲ့ ဂီတဗီဒီယို (MV) တွေမှာ အကြိမ်ကြိမ်ပါဖူးပါတယ်။ Lemonhead ရဲ့ It’s about time, Rolling Stone ရဲ့ Anybody seen my baby, Meat Loaf ရဲ့ Rock and Roll Dreams Come Through တို့မှာ ၁၆ နှစ်အရွယ်ထဲက စတင်သရုပ်ဆောင်ခဲ့ဖူးတယ်။

၆. ကင်ဆာရောဂါကြောင့် သူမရဲ့ သားအိမ်နဲ့ ရင်သားကို ဖယ်ရှားထားရတာပါ။ ၂၀၁၃ ခုနှစ်မှာ ပထမဆုံး ကင်ဆာဖြစ်နိုင်တဲ့ Gene ကိုမြင်တွေ့ခဲ့တာ ဖြစ်ပြီး ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာ တို့ကို တိုက်ထုတ်ဖို့ ကြိုးစားခဲ့ရသူ ဖြစ်ပါတယ်။ ဂျိုလီရဲ့ အမေ၊ အဖွားနဲ့ အဒေါ်တို့ဟာလည်း ကင်ဆာရောဂါတွေနဲ့ အသီးသီး ကွယ်လွန်ခဲ့တာကြောင့် သူမဟာ အန္တရာယ်ရှိတဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားဖို့ သဘောတူခဲ့တယ်။ ဘရက်ပစ် ကတော့ သူ့ဇနီးဟာ လှမြဲလှနေတယ်လို့ ရင်သားကင်ဆာ ခွဲစိတ်ကုသမှုအပြီးမှာ မှတ်ချက်ချခဲ့ပါတယ်။