အများဆန္ဒနဲ့ရွေးချယ်ခဲ့တဲ့ ၂၀၁၈ အတွက် ဆွဲဆောင်မှုအရှိဆုံး အမျိုးသားများ

0
53

၂၀၁၈ ခုနှစ်လည်း ကုန်ဆုံးခါနီးပါပြီ။ အင်တာနက်ပေါ်မှာ ၂၀၁၈ အတွက် ဆွဲဆောင်မှုအရှိဆုံးအဖြစ် မဲပေးခံရတဲ့ အမျိုးသား ၁၀၀ စာရင်းထွက်ပေါ်လာခဲ့ပေမယ့် အဆိုပါ စာရင်းဟာ အခြားမီဒီယာတွေလို အထူးအကဲဖြတ်တွေနဲ့ သတ်မှတ်ထားတာမဟုတ်ဘဲ ဆိုရှယ်မီဒီယာ သုံးစွဲသူတွေကသာ မဲပေးထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အများစုဆန္ဒနဲ့ ဘယ်သူတွေ ထိပ်ဆုံးဆယ်ယောက်ထဲ ပါဝင်လာခဲ့တယ် ဆိုတာ ကြည့်လိုက်ရအောင်။

၁၀. Michael B. Jordan

Black Panther မှာဗီလိန် Killmonger အဖြစ် ပါဝင်ခဲ့သလို၊ ရော့ကီး လက်ဝှေ့စီးရီးရဲ့ နောက်ဆက်တွဲ Creed ရုပ်ရှင်မှာလည်း အဓိက သရုပ်ဆောင်နေရာက ပါဝင်ထားတဲ့ မိုက်ကယ်ဘီဂျော်ဒန်ဟာ အခုနှစ်ထဲမှာ လူတော်တော်များများ မျက်စိကျစရာ ဖြစ်ပါတယ်။

၉. Çagatay Ulusoy

တူရကီလူမျိုး သရုပ်ဆောင် မော်ဒယ်တစ်ဦးဖြစ်တဲ့ Çagatay Ulusoy ကတော့ နဝမနေရာမှာပါ။ မိဘတွေက ဘူဂေးရီးယားနဲ့ ဘော့စနီးယားလူမျိုးတွေ ဖြစ်တာကြောင့် ထူးခြားတဲ့ သွင်ပြင်ကို ပိုင်ဆိုင်ပြီး လက်ရှိ တူရကီ ထိပ်တန်းမင်းသား တစ်လက် ဆိုလည်း မမှားပါဘူး။

၈. Henry Cavill

Man of Steel, BvS, Justice League တို့မှာ စူပါမန်း အဖြစ် ပါဝင်ခဲ့တဲ့ မင်းသားချော ကာဗေးလ်ဟာ Mission Impossible နောက်ဆုံးရုပ်ရှင်မှာလည်း ပါဝင်ခဲ့သလို Netflix ကရိုက်ကူးနေတဲ့ Witcher စီးရီးမှာလည်း အဓိကနေရာက သရုပ်ဆောင်ဦးမှာပါ။ အချောအခန့်ဆုံး စာရင်းမှာ ပါနေကြဖြစ်ပြီး နံပါတ် ၈ ပဲချိတ်တာ အံ့သြစရာ ကောင်းပါတယ်။

၇. William Levy

သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ဝီလီယံဟာလည်း ဒီစာရင်းထဲ မကြာခဏပါဖူးပြီး အခုမှ ထိပ်ဆုံးဆယ်ယောက် စာရင်းထဲ ဝင်လာတာပါ။ သူကတော့ ဆင်းရဲတဲ့ ဘဝကနေ အောင်မြင်မှု ရရှိလာခဲ့သူ ဖြစ်ပါတယ်။

၆. Toni Mahfud

ဆီးရီးယန်း မိဘတွေက ဆင်းသက်လာတဲ့ ဂျာမဏီနိုင်ငံသား မော်ဒယ်တစ်ယောက်ပါ။ သူ့အင်စတာဂရမ် အကောင့်မှာ Follower ၃.၅ သန်းရှိပါတယ်။

၅. Marlon Teixeira

ဘရာဇီး လူမျိုး မော်ဒယ်ဖြစ်ပြီး ရေလွှာလျှောစီးရတာကို နှစ်ခြိုက်သူ ဖြစ်ပါတယ်။

၎. Maxi Iglesias

စပိန်လူမျိုး သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ Maxi ဟာ ယခင်က ဒီဂျေ လုပ်ကိုင်ခဲ့ပြီး သရုပ်ဆောင်လောကထဲ တဖြေးဖြေးချင်း ဝင်ရောက်လာခဲ့တာပါ။

၃. Jamie Dornan

50 Shades of Grey ထဲက ခရစ္စရှန်ဂရေး အဖြစ် ပါဝင်ခဲ့တဲ့ မင်းသားချောကတော့ ဒီစာရင်းမှာ တတိယ နေရာချိတ်လာတာကို တွေ့ရပါတယ်။ မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး ထားရတာကို နှစ်သက်ပေမယ့် အဆိုပါ ရုပ်ရှင်အတွက် မျက်နှာပေါ်က အမွေးအမြင်တွေ ရှင်းပေးဖို့ သဘောတူခဲ့ရရှာပါတယ်။

၂. Zayn Malik

One Direction အဖွဲ့ဝင်ဟောင်း Zayn ကတော့ အမြဲလိုလို ကမ္ဘာအနှံ့က မိန်းမပျိုတွေ အသည်းစွဲ အဖြစ် ပါဝင်နေကြပါ။ အသက် ၁၇ နှစ်မှာ X-Factor ပြိုင်ပွဲဝင်ဖို့ မိခင်က တိုက်တွန်းကူညီခဲ့ရာကနေ ဂီတသက်တမ်း စတင်ခဲ့ပါတယ်။

၁. Kim Taehyung (V)

တောင်ကိုရီးယား ကေပေါ့ပ်အဖွဲ့ BTS မှ အဆိုတော်အမည် V နဲ့လူသိများတဲ့ Kim Taehyung ကတော့ အင်တာနက်ပေါ်မှာ မဲဆန္ဒအများဆုံးနဲ့ ၂၀၁၈ အတွက် ဆွဲဆောင်မှုအရှိဆုံးအမျိုးသား အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒါဟာ ကမ္ဘာအနှံ့မှာ သူ့ပရိသတ်တွေ အများအပြား ရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here