အများအတွက် ကိုယ်ကျိုးစွန့်ခဲ့တဲ့ လက်တွေ့ဘဝက လူစွမ်းကောင်းများ

0
74

အခုပြောပြမယ့်လူတွေက လူစွမ်းကောင်းလို့သာ တင်စားထားပေမဲ့ သာမန်ဘဝထဲမှာ အလုပ်လုပ်ကိုင်နေသူတွေချည်းပါပဲ။ ဒါပေမဲ့ သူတို့က အခြားလူတွေ အန္တရာယ်ကြုံလာပြီဆိုရင် ကူညီဖို့ဝန်မလေးကြသူတွေပါ။ လက်တွေ့ဘဝထဲမှာ ဒီလိုလူစွမ်းကောင်းတွေ ရှိနေသေးလားဆိုတာ သိချင်ရင်တော့ အခုပဲ ကြည့်လိုက်နော်…

ပြစ်မှုကျူးလွန်သူဆီက ဓားကိုရအောင် ဖယ်ထုတ်ခဲ့တဲ့ ကျောင်းသူ

ရုရှားက ၁၅ နှစ်အရွယ်ကျောင်းသူလေး Ekaterina က အိမ်ပြန်လာတဲ့လမ်းမှာ အမျိုးသားသုံးယောက် တိုက်ခိုက်နေတာ တွေ့ခဲ့ရပြီး တစ်ယောက်က အခြားနှစ်ယောက်ကို ဓားနဲ့ လိုက်ထိုးနေတာ ဖြစ်ပါတယ်။ ထိုမြင်ကွင်းကို မြင်တွေ့ရချိန်မှာ ကိုယ်ခံပညာ တတ်ထားတဲ့ ကျောင်းသူလေးက မဆိုင်းမတွဘဲ ဓားကိုင်ထားတဲ့လူဆီ ပြေးပြီး ဓားကိုဖယ်ထုတ်ကာ လက်ကို လိမ်ချိုးခဲ့ပါတယ်။ ပြီးတော့မှ ရဲလက်ထဲ အပ်ခဲ့တာ ဖြစ်ပါတယ်။

ပိုက်ဆံအိတ်သူခိုးကို ဖမ်းဆီးပေးတဲ့ ဝှီးချဲနဲ့ အားကစားသမား

အလက်ဇန်းဒါးရွန်နစ်က ဝှီးချဲနဲ့ သွားလာနေရတဲ့ ဘော်လီဘော အားကစားသမား ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ပိုက်ဆံအိတ်ကို လုပြေးတဲ့သူခိုးကို မြင်ချိန်မှာ အလက်ဇန်းဒါးက အခြားအမျိုးသားတစ်ယောက်နဲ့ တူတူ သူခိုးကိုဖမ်းပြီး ပိုင်ရှင်ဆီ ပိုက်ဆံအိတ် ပြန်အပ်ခဲ့ပါတယ်။

ကျောင်းကားကို ရပ်တန့်ပြီး ကားပေါ်က ကလေးတွေကို ကယ်တင်ခဲ့တဲ့ အမျိုးသမီး

မက္ကဆီကိုနိုင်ငံမှာတော့ Rhonda Calsen လို့ခေါ်တဲ့ အမျိုးသမီးနဲ့ သမီးဖြစ်သူတို့ ကျောင်းကားအလာလို စောင့်စားနေပေမဲ့ ကျောင်းကားက မရပ်ဘဲကျော်ပြီး မောင်းထွက်သွားတဲ့အတွက် ဒရိုင်ဘာ တစ်ခုခုမှားနေပြီဖြစ်ကြောင်း သိရှိလိုက်ရပါတယ်။ တကယ်တော့ ဒရိုင်ဘာက ကားမောင်းရင်းတန်းလန်းနဲ့ ဦးနှောက်သွေးကြောပိတ်သွားတာ ဖြစ်ပါတယ်။ ဒါကြောင့် Rhonda က ကျောင်းကားနောက် ပြေးလိုက်ပြီး ကားထဲက ကျောင်းသားတွေကို ကားတံခါး ဖွင့်ခိုင်းခဲ့ပါတယ်။ ထို့နောက်မှာတော့ ဘရိတ်ကိုနင်းပြီး ကျောင်းကားကို အချိန်မီရပ်တန့်နိုင်ခဲ့လို့ ထိခိုက်ဒဏ်ရာရသူ တစ်ယောက်မှ မရှိခဲ့ပါဘူး။

၂၈ နာရီအတွင်း ခွဲစိတ်မှု ၅ ခုပြုလုပ်ခဲ့တဲ့ ခွဲစိတ်ဆရာဝန်

ခွဲစိတ်ခန်းထဲမှာ လူနာရဲ့ အသက်ကိုကယ်တင်ရတယ်ဆိုတာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ ခွဲစိဆတ်ဆရာဝန် လျှိုဟန်ကတော့ ၂၈ နာရီအတွင်း ခွဲစိတ်မှု ၅ ခုကို တစ်ဆက်တည်း လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ညတွင်းချင်း အရေးပေါ်ခွဲစိတ်မှု ၂ ခုလုပ်ပြီး မနက်ခင်းမှာ နောက်ထပ်ခွဲစိတ်မှုသုံးခု ဆက်လုပ်တာ ဖြစ်ပါတယ်။ ဂျူတီအားလုံးပြီးဆုံးချိန်မှာတော့ ပင်ပန်းလွန်းလို့ ဆေးရုံကြမ်းပြင်ပေါ်မှာ အိပ်ပျော်သွားတာ ဖြစ်ပါတယ်။

ရဲသက်တမ်း နှစ် ၂၀ အတွင်း သေကြောင်းကြံစည်သူ အယောက် ၂၀၀ ကို ဟန့်တားပေးနိုင်ခဲ့တဲ့ ရဲအရာရှိ

ရဲအရာရှိ ကယ်ဗင်က Golden Gate တံတားမှာ နှစ်ပေါင်း ၂၀ ကြာ ကင်းလှည့်စစ်ဆေးခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ကံမကောင်းတဲ့ အချက်ကတော့ ဒီတံတားက သေကြောင်းကြံစည်သူတွေ အများကြီးလာရောက်ကြတဲ့ တံတားဖြစ်ပါတယ်။ ကယ်ဗင်က တစ်လကို နှစ်ကြိမ်လောက် ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်သူတွေကို တားပေးခဲ့တာ အယောက်ပေါင်း ၂၀၀ ကျော်တောင်ရှိသွားခဲ့တာ ဖြစ်ပါတယ်။