အရင်ကတည်းက အောင်လကို စိတ်ထဲမှာ ရှိပြီးသားဆိုတဲ့ ဝိုင်းစု

0
61

လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ အောင်မြင်တဲ့ အဆိုတော်တစ်ဦးအဖြစ် သီချင်းကောင်းတွေနဲ့ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တဲ့အပြင် အရင်တုန်းကလည်း သရုပ်ဆောင်မှု ပိုင်းနဲ့ ပရိတ်သတ် ချစ်ခင်မှု အများအပြားရရှိနေတဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းဟာ လက်ရှိချစ်သူ အောင်လနဲ့ မင်္ဂလာဆောင်ဖြစ်မယ်ဆိုရင် ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနား ပြုလုပ်သွားမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပြီး ဂုဏ်တွေပကာသနတွေနဲ့ လွှမ်းမိုးနေတဲ့ မင်္ဂလာပွဲမျိုးလည်း လုံးဝမဖြစ်ချင်ဘူးလို့ Cele Yatkwatရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

ဘယ်တော့ စားရမလဲလို့ မေးမြန်းရာမှာ ဝိုင်းစုခိုင်သိန်းက “စားရတော့ပါမယ် ခဏနေပါအုန်း လောလောဆယ်တော့ မစားရသေးဘူး။ ဝိုင်းစုတို့ တောက်လျှောက် သီချင်းခွေထွက်ဖို့ ရှိသေးတယ်။ ဝိုင်းစုက ကိုယ်ကိုတိုင်တင်မဟုတ်ဘူး သူ့ကိုလည်း ဘေးနားမှာထားပြီးတော့ ဟိုဟာလုပ်လိုက်နော် ဒီဟာလုပ်လိုက်နော်။ အဲ့လိုတောက်လျှောက်မြှောက်ပေးတတ်တဲ့ သူဆိုတော့ သူ့ကိုလည်း တောက်လျှောက်မြှောက်ပေးနေတယ်။

သူ့fanတွေကတော့ ပျော်နေတာပေါ့နော် အခုဆိုရင် အခွေထွက်တော့မယ် ဘာညာဘယ်လိုဆိုတာသိနေတော့။ သူမှာမဟုတ်ဘူး ဘေးနားမှာရှိနေတဲ့ သူဆိုရင် ဝိုင်းစုက ကောင်းစေချင်တယ် ဒါလေးလုပ်လိုက်ပါလား ဟိုဟာလေး လုပ်လိုက်ပါလား။ မျက်နှာဆိုလည်း Skin careလေးလိမ်းလိုက်ပါလားလို့ ပြောတတ်လူဆိုတော့ သူမှမဟုတ်ဘူး ဝိုင်းစုက တစ်ခုခုဆိုရင် အကြံပေးတယ်ပေါ့နော် အဲ့တာကိုကြိုက်တာ။ ကိုယ်ကိုတိုင်လည်း ဒီဟာလုပ်မယ်ဆိုပြီး နောက်တစ်ခုက ကောင်းတယ်ဆိုပြီး ပြောင်းလုပ်လိုက်တယ်။ အဲ့လိုမျိုး ပုံစဲမျိုးဆိုတော့ သူ့ကိုလည်း မြှောက်ပေးနေသလို ကိုယ့်ကိုကိုယ်လည်း မြှောက်နေတယ်။ မြှောက်နေတယ်ဆို နောက်တစ်ခုပြီးတစ်ခုလုပ်ဖို့ပေါ့နော်။ အဲ့တော့ လာမယ် သီတင်းကျွတ်တော့မဟုတ်သေးဘူး။”လို့ ပြောသွားခဲ့ပါတယ်။

မင်္ဂလာဆောင်မယ်ဆိုရင် ဘယ်လိုမျိုးပုံစံဖြစ်ချင်လဲလို့ မေးမြန်းရာ ဝိုင်းစုခိုင်းသိန်းက “အဲ့လိုကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနားတော့ လုပ်ဖြစ်မယ်မထင်ဘူး။ မထင်ဘူးဆိုတာ အဓိက အလှူလုပ်မယ် ဝိုင်းစုတို့အတွက် မင်္ဂလာဆောင်ပကာသနတွေတော့ ဝိုင်းစုတို့မလိုဘူးပေါ့နော်။ အလှူလုပ်မယ် ကြားထဲမှာ စုမယ်ဆိုရင်တောင် အလှူလုပ်ဖို့အတွက်ပဲ စုဖြစ်မှာ။ တကယ့်ကို အဓိပ္ပါယ်ရှိတဲ့ တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်လို့ ယူတဲ့ မင်္ဂလာဆောင်ပဲ ဖြစ်ချင်တယ်။ ဂုဏ်ပကာသနတွေနဲ့ လွှမ်းနေတဲ့ဟာမျိုး လုံးဝမဖြစ်ချင်ဘူး။”လို့ ပြန်လည် ဖြေဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီး အောင်လက နောက်ဆုံးအချစ်လားဆိုတဲ့ မေးခွန်းကို ဝိုင်းစုခိုင်သိန်းက “စိတ်နှစ်လိုက်ပြီ အစောကြီးထဲက သူ့ကို စိတ်ထဲမှာရှိပြီးသား ရှိပြီးသားကိုမှ အခြေအနေအကြောင်းကြောင်းကြောင့် ဒါကိုတော့ဘယ်သူမှမသိဘူးပေါ့နော် အစ်မတို့ ကိစ္စကို ဒါပေမဲ့ ဒါက Personalဆိုတော့ ပြောပြဖို့လည်း မလိုဘူးပေါ့နော်။ အဲ့တော့ အခုဆိုရင် အားလုံးအဆင်ပြေတယ်။ မိသားစုတစ်ခုလိုဖြစ်သွားပြီး သူ့စိတ်ထဲမှာလည်း ကိုယ့်အတွက်ရှိတယ်။ ကိုယ့်စိတ်ထဲမှာလည်း သူ့အတွက်ရှိတယ်။ အဲ့လိုမျိုးဆိုတော့ ကိုယ့်အတွက် စဉ်းစားနေရင်တောင် သူ့အတွက်တစ်ခါထဲ စဉ်းစားပြီးသား သူကဘယ်လိုလုပ်သင့်တယ် သူကလည်း ဘယ်လိုလုပ်သင့်တယ် အဲ့လိုမျိုး ပြန်စဉ်းစားတဲ့အခါကျတော့ အထောက်အကူဖြစ်တာပေါ့။ တစ်ခုပိုကောင်းတာကကျတော့ သူကျွမ်းကျင်တဲ့ အပိုင်းကို ဝိုင်းစုမကျွမ်းကျင်ဘူး ဝိုင်းစုကျွမ်းကျင်တဲ့အပိုင်းကို သူမကျွမ်းကျင်ဘူး။ အဲ့တော့ တစ်ယောက်နဲ့ တစ်ယောက် ပြန်ပြီးတော့ ထောက်ပံ့လို့ရတယ်။ နှစ်ယောက်စလုံးက တစ်လိုင်းထဲ ကျွမ်းကျင်နေရင်တောင် အဆင်မပြေဘူး။”လို့ ပြန်လည် ဖြေဆိုသွားခဲ့ပါတယ်။