အရင္ရည္းစားနဲ႔လမ္းခြဲျပီး Selena Gomez နဲ႔အတူရွိေနတာကုိရင္ဖြင့္လာတဲ့ Nail Horan

Nail Horan နဲ႔ Selena ဟာ နွစ္ေတြအၾကာၾကီး သူငယ္ခ်င္းေတြျဖစ္ခဲ့ၾကျပီး 2016 ေလာက္တုန္းက အခ်ိန္ခဏေလာက္ေတာင္တြဲခဲ့ဖူးၾကတယ္လို႔ ေကာလဟလေတြထြက္ဖူးပါတယ္။ Nail က Selena နားကုိဆို အခ်ိန္မေရြးေရာက္လာခဲ့ဖူးသလို Selena ကလည္း Nail ကုိေလးစားမႈအျပည့္ရွိျပီးအရာရာဖြင့္ဟတတ္တယ္လို႔ဆိုပါတယ္။ မၾကာေသးမီက Instagram မွာ ပ်ံ႕နွံ႕သြားတဲ့ ဓာတ္ပံုတစ္ပံုထဲမွာ Nail က Selena ကုိ ပခံုးကုိတယုတယဖက္ထားခဲ့ျပီး Selena ကလည္း Nail ရဲ႕ ရင္ခြင္ထဲမွာေပ်ာ္ရႊင္ေနတာကိုေတြ႕ရတာေၾကာင့္ Selena နဲ႔ Nail တို႔ခ်စ္သူေတြျဖစ္ေနၾကျပီလားလို႔ တစ္ကမၻာလံုးက ပရိသတ္ေတြက စိ္တ္ဝင္တစားျဖစ္ေနၾကပါတယ္။

One Direction ရဲ႕ Nail Horan ဟာ လက္ရွိမွာ သူ႔ရဲ႕အရင္ရည္းစား အသက္ (၂၂) အရြယ္ အဆိုေတာ္သရုပ္ေဆာင္ Hailee Steinfield နဲ႔ ျပတ္စဲထားျပီး ခ်စ္သူမရွိေသးတဲ့အေျခအေနပါ။ သူ႔ရဲ႕အသည္းကြဲမႈဟာ သူေရးေနတဲ့ သီခ်င္းေတာ္ေတာ္မ်ားမ်ားကုိ အေထာက္အကူျပဳခဲ့တယ္လို႔ Nail က ဆုိပါတယ္။ ဒါ့အျပင္ သူလက္ရွိျပဳလုပ္ေနတဲ့ Tour ေတြဟာလည္း ပရိသတ္ေတြနဲ႔ သူနဲ႔ ကုိ ရင္းနွီးမႈရေစတယ္လို႔ေျပာထားပါေသးတယ္။ Nail က လက္ရွိမွာ သူ႔ရဲ႕ သီခ်င္း Album အသစ္ထဲက Nice To Meet Ya ဆိုတဲ့ သီခ်င္းအသစ္တစ္ပုဒ္ထြက္ရွိထားျပီးပရိသတ္အားေပးမႈအျပည့္အဝရရွိထားတာလည္းျဖစ္ပါတယ္။



Selena နဲ႔အတူူတူရွိေနျဖစ္တ့ဲအေၾကာင္းကုိေတာ့ Nail က Selena ဟာ တကယ္ကုိရင့္က်က္တဲ့အမ်ိဳးသမီးတစ္ဦးျဖစ္ေၾကာင္းနဲ႔ အေကာင္းျမင္စိတ္အျပည့္ရွိျပီး အနားမွာရွိတဲ့လူေတြကုိ စိတ္ခ်မ္းသာေစတယ္လို႔ဆိုပါတယ္။ ဒါ့အျပင္ Selena က သူ႕ကုိလည္း အမ်ားၾကီးအားေပးျပီးစိတ္ခြန္အားေပးတယ္လို႔လည္းေျပာထားပါေသးတယ္။ Nail က Hailee Steinfield နဲ႔ လမ္းခြဲခဲ့တာကုိေ အတည္ျပဳေျပာၾကားထားျပီး Selena နဲ႔ခ်စ္သူေတြျဖစ္ေနျပီလားဆိုတာကုိေတာ့ ေျပာၾကားသြားျခင္းမရွိပါဘူး။




လက္ရွိမွာေတာ့ ရည္းစားေဟာင္း Justin Bieber ရဲ႕ မဂၤလာပြဲအတြက္ Selena က ဘာမွသိပ္ခံစားရပံုမေပၚပဲ သူလုပ္စရာရွိတဲ့အလုပ္ေတြကုိတက္တက္ၾကြၾကြနဲ႔လုပ္ေနျပီး ရင့္က်က္တည္ျငိမ္တဲ့အသြင္နဲ႔ အရင္ကထက္ပုိလွလာတာကိုလည္း ေတြ႕ရပါတယ္။ ေျပာခ်င္လြန္းလု႔ိပရိသတ္ၾကီးေရာ အရင္ကတည္းက အခ်စ္ေရးေကာလဟလေတြထြက္ဖူးၾကတဲ့ Selena နဲ႔ Nail Horan တို႔ကုိသေဘာတူၾကလား။ သူတို႔နွစ္ဦးကုိ သီခ်င္းေတြအတူတူထုတ္ေစခ်င္ၾကလား။ ေျပာခဲ့ၾကပါဦး။

Unicode



Nail Horan နဲ့ Selena ဟာ နှစ်တွေအကြာကြီး သူငယ်ချင်းတွေဖြစ်ခဲ့ကြပြီး 2016 လောက်တုန်းက အချိန်ခဏလောက်တောင်တွဲခဲ့ဖူးကြတယ်လို့ ကောလဟလတွေထွက်ဖူးပါတယ်။ Nail က Selena နားကိုဆို အချိန်မရွေးရောက်လာခဲ့ဖူးသလို Selena ကလည်း Nail ကိုလေးစားမှုအပြည့်ရှိပြီးအရာရာဖွင့်ဟတတ်တယ်လို့ဆိုပါတယ်။ မကြာသေးမီက Instagram မှာ ပျံ့နှံ့သွားတဲ့ ဓာတ်ပုံတစ်ပုံထဲမှာ Nail က Selena ကို ပခုံးကိုတယုတယဖက်ထားခဲ့ပြီး Selena ကလည်း Nail ရဲ့ ရင်ခွင်ထဲမှာပျော်ရွှင်နေတာကိုတွေ့ရတာကြောင့် Selena နဲ့ Nail တို့ချစ်သူတွေဖြစ်နေကြပြီလားလို့ တစ်ကမ္ဘာလုံးက ပရိသတ်တွေက စိ်တ်ဝင်တစားဖြစ်နေကြပါတယ်။

One Direction ရဲ့ Nail Horan ဟာ လက်ရှိမှာ သူ့ရဲ့အရင်ရည်းစား အသက် (၂၂) အရွယ် အဆိုတော်သရုပ်ဆောင် Hailee Steinfield နဲ့ ပြတ်စဲထားပြီး ချစ်သူမရှိသေးတဲ့အခြေအနေပါ။ သူ့ရဲ့အသည်းကွဲမှုဟာ သူရေးနေတဲ့ သီချင်းတော်တော်များများကို အထောက်အကူပြုခဲ့တယ်လို့ Nail က ဆိုပါတယ်။ ဒါ့အပြင် သူလက်ရှိပြုလုပ်နေတဲ့ Tour တွေဟာလည်း ပရိသတ်တွေနဲ့ သူနဲ့ ကို ရင်းနှီးမှုရစေတယ်လို့ပြောထားပါသေးတယ်။ Nail က လက်ရှိမှာ သူ့ရဲ့ သီချင်း Album အသစ်ထဲက Nice To Meet Ya ဆိုတဲ့ သီချင်းအသစ်တစ်ပုဒ်ထွက်ရှိထားပြီးပရိသတ်အားပေးမှုအပြည့်အဝရရှိထားတာလည်းဖြစ်ပါတယ်။

Selena နဲ့အတူူတူရှိနေဖြစ်တဲ့အကြောင်းကိုတော့ Nail က Selena ဟာ တကယ်ကိုရင့်ကျက်တဲ့အမျိုးသမီးတစ်ဦးဖြစ်ကြောင်းနဲ့ အကောင်းမြင်စိတ်အပြည့်ရှိပြီး အနားမှာရှိတဲ့လူတွေကို စိတ်ချမ်းသာစေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် Selena က သူ့ကိုလည်း အများကြီးအားပေးပြီးစိတ်ခွန်အားပေးတယ်လို့လည်းပြောထားပါသေးတယ်။ Nail က Hailee Steinfield နဲ့ လမ်းခွဲခဲ့တာကိုေ အတည်ပြုပြောကြားထားပြီး Selena နဲ့ချစ်သူတွေဖြစ်နေပြီလားဆိုတာကိုတော့ ပြောကြားသွားခြင်းမရှိပါဘူး။

လက်ရှိမှာတော့ ရည်းစားဟောင်း Justin Bieber ရဲ့ မင်္ဂလာပွဲအတွက် Selena က ဘာမှသိပ်ခံစားရပုံမပေါ်ပဲ သူလုပ်စရာရှိတဲ့အလုပ်တွေကိုတက်တက်ကြွကြွနဲ့လုပ်နေပြီး ရင့်ကျက်တည်ငြိမ်တဲ့အသွင်နဲ့ အရင်ကထက်ပိုလှလာတာကိုလည်း တွေ့ရပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော အရင်ကတည်းက အချစ်ရေးကောလဟလတွေထွက်ဖူးကြတဲ့ Selena နဲ့ Nail Horan တို့ကိုသဘောတူကြလား။ သူတို့နှစ်ဦးကို သီချင်းတွေအတူတူထုတ်စေချင်ကြလား။ ပြောခဲ့ကြပါဦး။