အရင်ရည်းစားနဲ့ လမ်းခွဲခဲ့တဲ့အကြောင်းပြောပြတဲ့ ဘေဘီမောင်

0
144

ပုရိသတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ ခန္ဓာကိုယ် ကိတ်ကိတ်လေးနဲ့ သရုပ်ဆောင် မော်ဒယ် ဘေဘီမောင်ကတော့ လက်ရှိချိန်မှာ ပျော်စရာကောင်းပြီး အားကျစရာကောင်းတဲ့ Relationship တခုကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ အဆိုတော်ကောင်လေး သားဂန်းနဲ့ မ နဲ့ မောင် အချစ်ဇာတ်လမ်းလေးကို ပိုင်ဆိုင်ထားတဲ့ ဘေဘီမောင်ကတော့ အရင်က ရည်းစားတွေကို ဘာကြောင့် လက်တွဲဖြုတ်ခဲ့ပြီး လက်ရှိရည်းစားကိုဘာကြောင့် လက်တွဲခဲ့တာလည်းဆိုတာကိုတော့ ပြောကြားသွားခဲ့ပါတယ်။

ဘေဘီမောင်ကတော့ MC နဲ့အင်တာဗျူးတွင် “ထွေထွေထူးထူးတော့မရှိပါဘူး။ အသက်အရွယ်ရလာလို့ ကိုယ့်ကို ချစ်တဲ့သူ ကိုယ်က ချစ်တဲ့သူကို ရည်းစားအဖြစ် တွဲတာပဲလေ။ တခုကတော့ ဘေဘီ နောက် ၂ နှစ်လောက်ဆိုရင် ၃၀ ပြည့်တော့မှာလေ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကို အရမ်းချစ်တဲ့သူနဲ့တွေ့တော့ ကိုယ့်ဘဝတစ်ဆစ်ချိုးမှာ ကိုယ်ပျော်ရွှင်ခဲ့ရတာပေါ့။ အဲ့တော့ဘာပဲဖြစ်ဖြစ် အခုချိန်မှာ တယောက်ဆိုတယောက်ပဲ ထားချင်တာလေ။ ပြီးတော့ ကိုယ့်ကိုချစ်တဲ့သူဆိုတော့ ကိုယ်ရဲ့စိတ်နဲ့ ထပ်တူကြတော့ ပျော်ရွှင်နေရပါတယ်”

“ဘေဘီက ချစ်တတ်ပါတယ်။ မေတ္တာတရားထားတယ်။ ဘေဘီက သူဌေးမကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကိုယ့်မှာ ရှိတဲ့ဟာလေးနဲ့ ကိုယ်ချစ်တဲ့သူက ချမ်းသာတာ မချမ်းသာတ ဂရုမစိုက်ဘူး ကိုယ်ချစ်တဲ့သူကို ပေးချင်တယ်။ ကျွေးချင်တယ်။ ကိုယ် အပြင်ထွက်ရင်တောင်မှ သူ့ကို ဝယ်ပေးချင်တဲ့စိတ်ရှိတယ်။ ချစ်တဲ့သူဆိုရင် ကိုယ်စိတ်ချမ်းသာအောင် အမြဲထားတယ်။ အမက အရမ်းချစ်ပြတဲ့အခါမှာ အမကို တန်ဖိုးမထားဘူး။ အဲ့လိုလူမျိုးဆိုရင် အမက မလိုချင်ဘူး။ အဲ့ဒါကြောင့်လည်း အရင်က ပစ်ချခဲ့တာပေါ့။ အခုချိန်မှာတော့ ကိုယ်ကချစ်တဲ့သူ ကိုယ့်ကိုချစ်တဲ့သူကို ရထားပါပြီ။ အမ အရင်ကချစ်သူတွေအကြောင်းပြောလည်း သဝန်တော့ တိုကောင်းတိုလိုက်မယ် ပြသာနာ ရှာမယ့်အထဲမှာတော့ မပါဘူး။ အခုချစ်သူက အမပေါ်ကောင်းတော့ အမ အရမ်းကြည်နူးရပါတယ်”

“ဘယ်လိုပဲဖြစ်ဖြစ်ပါ သူတို့ကောင်းကောင်းမကောင်းကောင်း အမနဲ့ လမ်းခွဲလိုက်ရတဲ့အချိန်မှာ နောင်တရနေမှာပါ။ ဘာလို့လဲဆိုတော့ ဘေဘီက မေတ္တာမှန်တယ်လေ။ အရမ်းချစ်ပြတဲ့အခါမှာ သူတို့က ပြန်ပစ်ချတာပေါ့။ ယောကျာ်းလေးတွေက သူတို့ စိတ်တိုလွန်းတဲ့အခါမှာ တချို့ မိန်းကလေးတယောက်ကို လက်ပါတယ်ဆိုတာကတော့ တော်တော်ကို အောက်တန်းကျလွန်းပါတယ်။ ဒါမကောင်းဘူးပေါ့နော်။ ဒါပေမယ့် ကိုယ်ချစ်ခဲ့တုန်းက ငြိမ်ခံခဲ့ဖူးတယ်။ အခုချိန်မှာတော့ ကိုယ့်ကို တန်ဖိုးထားပြီး ချစ်တဲ့သူပေါ်လာတာကြောင့် ဒါတွေက မေ့သွားသလိုပဲ။ ပုံပြင်တပုဒ်လိုပါပဲ။ ထွေထွေထူးထူး အမအတွက်တော့ မရှိပါဘူး။ အရင်ချစ်နေတုန်းကတော့ ဒါတွေက ခံစားရတယ်။ အရိုးကွဲအောင် ရိုက်မှ အသည်းစွဲအောင် ချစ်တာပေါ့နော်။ အမေတို့ဆိုနောက်တယ်လေ။ အပြစ်မမြင်ခဲ့ဘူး။ ဒါကြောင့် ကိုယ့်မေတ္တာမှန်တာကြောင့် သူတို့ပဲ နောင်တရနေမှာပါ”

“အမက ရည်းစားမရှုပ်တတ်ဘူး။ တယောက်မကောင်းမှသာ တယောက်ပြောင်းတာလေ။ တယောက်နဲ့တယောက် ညားတာကတော့ ကံနဲ့ပဲဆိုင်တယ်။ အမက ချစ်ပြီဆိုရင် ပေးဆပ်တတ်တယ်။ အမက မချမ်းသာပါဘူး။ ဒါပေမယ့်လည်း သူတို့ကို Support လုပ်ပေးချင်တယ်။ ချမ်းသာနေရင်တော့ ပြောစရာတောင်မလိုပါဘူး။ ကိုယ်ချစ်တဲ့သူကို ကောင်းတာလေးတွေ ဖြစ်စေချင်တာလေးက မိန်းကလေးတိုင်းရဲ့ ဆန္ဒပါ။ မိန်းကလေးတွေကတော့့ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူကို Support လုပ်ပေးချင်ကြတာကြီးပဲလေ။ အမကလည်း ကိုယ်ချစ်လို့ Support လုပ်ပေးတာပါ။ သူတို့ကို နောင်တရစေချင်လို့ မဟုတ်ပါဘူး။ မေတ္တာမှန်ရင် ကိုယ်လည်း လိပ်ပြာလုံတယ်လေ။ အရင်ကလည်း တယောက်နဲ့တယောက် မုန်းလို့လမ်းခွဲတာမဟုတ်ဘူးလေ။ မဖြစ်နိုင်တော့လို့ လမ်းခွဲလိုက်တာ။ ကိုယ့်ကို အရမ်းချစ်တဲ့သူကိုပဲ လိုချင်တာလေ။ ကိုယ့်ကိုချစ်တဲ့သူနဲ့ ကိုယ့်ဘဝလေးက ပျော်နေပြီပေါ့။ သူလည်း သူ့ဘဝနဲ့သူ ပျော်ရွှင်ပါစေ အဆင်ပြေပါစေလို့ ဆုတောင်ပေးပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။