အရပ္ရွည္သူေတြသာ ၾကံဳေတြ႕ရတဲ့ စိတ္အေႏွာက္အယွက္ျဖစ္စရာ ျပႆနာေတြ

0
104

လူေတာ္ေတာ္မ်ားမ်ားဟာ အရပ္ပုတဲ့ သူေတြကို ေနာက္ေျပာင္သေရာ္တတ္ၾကပါတယ္။ဒါေပမယ္႔ ျမန္မာႏိုင္ငံမွာေတာ့ ပုပု ရွည္ရွည္ အကုန္ ေနာက္ေျပာင္ သေရာ္ခံရေနဆဲပါ။အရပ္ပုတဲ့ သူေတြဟာ အရပ္တဲ့ သူေတြေလာက္ ဒုကၡမမ်ားပါဘူး။

အရပ္ရွည္သူေတြသာ ၾကံဳရတဲ့ ဒုကၡေတြကို ေျပာခ်င္လြန္းလို႔ စာဖတ္သူေတြအတြက္ ေဝမ်ွေဖာ္ျပေပး လိုက္ပါတယ္။

တေယာက္နဲ႕ တေယာက္ ႏႈတ္ဆက္တဲ့အခါ သမီးရည္းစားခ်င္းေပြ႕ဖက္တဲ့အခါ အရပ္ရွည္သူေတြရဲ႕ ဒုကၡကေတာ့ ဖက္ရတာအဆင္မေျပပါဘူး။လက္က တဖက္လူရဲ႕ ပုခံုးေလာက္ကို ေရာက္ျပီး ဖက္ရတာျဖစ္ပါတယ္။

သင္ဟာ အရပ္ရွည္ရင္ အလုပ္မ်ားပါတယ္။တခ်ိဳ႕လူေတြက သူတို႕မမွီတဲ့ အရာေတြကို ၾကည့္ဖို႕ ယူဖို႕ သင့္ကိုအျမဲအကူအညီေတာင္းတတ္ျပီး သင္က အျမဲလုပ္ေပးရပါတယ္။

ဓာတ္ပံုရုိက္တဲ့အခါမွာလည္း ျပႆနာပါပဲ။သင္နဲ႕ တြဲရိုက္သူေတြက ပုေနရင္ သူတို႕ကို ဦးစားေပးရုိက္တဲ့အခါ သင့္ပံုမွာ ေခါင္းေတြ ေပ်ာက္ေနတာ ေတြ႕ရပါလိမ့္မယ္။တခ်ိဳ႕ဆို ေျခေထာက္ေတာင္ အျပည့္မပါပါဘူး။

ေရခ်ိဳးခန္းေတြ အိမ္သာေတြက မွန္ေတြကို အရပ္ရွည္သူေတြ ၾကည့္တဲ့အခါ အဆင္မေျပပါဘူး။အရပ္ပံုမွန္ရွိသူေတြ ျမင္ႏုိင္ေလာက္တဲ့ အေနအထားမွာ တပ္တာမို႕ အရပ္ရွည္ရင္ ငံု႕ျပီး ၾကည့္ရပါတယ္။

ခရီးသြားတဲ့အခါ လိုင္းကားစီးတဲ့အခါ သင့္ရဲ႕ အရပ္က ျပႆနာျဖစ္လာပါတယ္။ကားေတြ ေလယာဥ္ေတြရဲ႕ ေရွ႕ေနာက္ ထိုင္ခံုေတြဟာ သင့္ရဲ႕ ဒူးေခါင္းေတြကို မလြတ္ေစပါဘူး။ျမန္မာႏိုင္ငံက ဘတ္စ္ေတြဆို ခံုေတြ ျပန္ျပင္ထားတဲ့အတြက္ အရပ္ရွည္သူေတြ ထိုင္မရပါဘူး။

အိပ္ရတဲ့အခါလည္း အခန္းက တိုေနတာ အိပ္ရာက တိုေနတာဆို အဆင္မေျပျပန္ပါဘူး။ေျခေထာက္ေတြ ေကြးတန္ေကြးျပီး အိပ္ရတာျဖစ္ပါတယ္။

ကားေမာင္းတဲ့အခါမွာလည္း အရပ္ရွည္လြန္းေနရင္ ျပသနာပါပဲ။တခ်ိဳ႕ဆို ေခါင္မိုးနဲ႕ မလြတ္လို႕ ေခါင္းၾကီး ေစာင္းျပီး ေမာင္းႏွင္ရတာရွိပါတယ္။

ေရခ်ိဳးကန္ အသံုးျပဳသူေတြအေနနဲ႕ ေရခ်ိဳးတဲ့အခါ ျပႆနာက ေရခ်ိဳးဇလားထဲ ဝင္မဆန္႕တာျဖစ္ပါတယ္။အရပ္ရွည္တဲ့ ဒုကၡကေတာ့ ေရေတာင္ေကာင္းမြန္စြာ ဇိမ္ခံမခ်ိဳးႏုိင္ပဲ ေညာင္းလို႕ ျပန္ထြက္လာရတဲ့အထိ ရွိပါတယ္။

အရပ္ရွည္သူေတြရဲ႕ ေျခဖဝါးက ေသးသူေတြမဟုတ္ပါဘူး။ေျခဖဝါးေတြပါ လိုက္ၾကီးၾကတာျဖစ္လို႕ ဖိနပ္ဆိုဒ္ကို ရွာရခက္ပါတယ္။သူတို႕ဟာ ဖိနပ္မရွိတဲ့အတြက္ ေသးငယ္လွပတဲ့ ဖိနပ္ေတြ စီးခြင့္မရၾကပါဘူး။

လက္တြဲေဖာ္နဲ႔ လိုက္ဖက္မႈ မရွိဘူးလို႕ ေျပာၾကပါတယ္။သူတို႕ခ်င္းဘက္မညီဘူးလို႕ ေျပာၾကျပီး သူတုိ႕ဟာ အရပ္အေပၚ သိမ္ငယ္စိတ္ျဖစ္တတ္ပါတယ္။

ရႈိးပြဲေတြ သြားတဲ့အခါ လူမုန္းမ်ားပါတယ္။ေက်ာင္းမွာထိုင္လဲ အဆဲခံရပါတယ္။သူတို႕ေခါင္းေတြ ကြယ္ေနလို႕ ျဖစ္ျပီး ဒီလို ေနရာမ်ိဳးေတြမွာ သူတုိ႕ဟာ က်ိန္စာ အထိခံရဆံုးလို ျဖစ္ေနပါတယ္။

တခ်ိဳ႕အခန္းေတြရဲ႕ မ်က္ႏွာက်က္ေတြက နိမ့္တတ္ပါတယ္။ဒီလို အခန္းမ်ိဳးေတြကို ဝင္ရတဲ့အခါ ေသေလာက္ေအာင္ ခက္ခဲပါတယ္။သူတို႕ဟာ အထပ္ခိုးထဲ ဝင္ဖို႕ ဆိုတာ ပိုလို႕ေတာင္မျဖစ္ႏိုင္ပါဘူး။

ဒီအေၾကာင္းအရာေလးကို ၾကိဳက္ႏွစ္သက္တယ္ဆိုရင္ ေျပာခ်င္လြန္းလို႔ စာမ်က္ႏွာကို See First လုပ္ထားျပီး ဆက္လက္အားေပးပါဦးေနာ္။

အခု တင္ဆက္ေပးလိုက္တဲ႔ အေၾကာင္းအရာေလးကေတာ႔ အရပ္ရွည္သူေတြသာ ၾကံဳေတြ႕ရတဲ့ စိတ္အေႏွာက္အယွက္ျဖစ္စရာ ျပႆနာေတြ အေၾကာင္းပဲ ျဖစ္ပါတယ္။

Unicode

လူတော်တော်များများဟာ အရပ်ပုတဲ့ သူတွေကို နောက်ပြောင်သရော်တတ်ကြပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ပုပု ရှည်ရှည် အကုန် နောက်ပြောင် သရော်ခံရနေဆဲပါ။အရပ်ပုတဲ့ သူတွေဟာ အရပ်တဲ့ သူတွေလောက် ဒုက္ခမများပါဘူး။

အရပ်ရှည်သူတွေသာ ကြုံရတဲ့ ဒုက္ခတွေကို ပြောချင်လွန်းလို့ စာဖတ်သူတွေအတွက် ဝေမျှဖော်ပြပေး လိုက်ပါတယ်။

တယောက်နဲ့ တယောက် နှုတ်ဆက်တဲ့အခါ သမီးရည်းစားချင်းပွေ့ဖက်တဲ့အခါ အရပ်ရှည်သူတွေရဲ့ ဒုက္ခကတော့ ဖက်ရတာအဆင်မပြေပါဘူး။လက်က တဖက်လူရဲ့ ပုခုံးလောက်ကို ရောက်ပြီး ဖက်ရတာဖြစ်ပါတယ်။

သင်ဟာ အရပ်ရှည်ရင် အလုပ်များပါတယ်။တချို့လူတွေက သူတို့မမှီတဲ့ အရာတွေကို ကြည့်ဖို့ ယူဖို့ သင့်ကိုအမြဲအကူအညီတောင်းတတ်ပြီး သင်က အမြဲလုပ်ပေးရပါတယ်။

ဓာတ်ပုံရိုက်တဲ့အခါမှာလည်း ပြဿနာပါပဲ။သင်နဲ့ တွဲရိုက်သူတွေက ပုနေရင် သူတို့ကို ဦးစားပေးရိုက်တဲ့အခါ သင့်ပုံမှာ ခေါင်းတွေ ပျောက်နေတာ တွေ့ရပါလိမ့်မယ်။တချို့ဆို ခြေထောက်တောင် အပြည့်မပါပါဘူး။

ရေချိုးခန်းတွေ အိမ်သာတွေက မှန်တွေကို အရပ်ရှည်သူတွေ ကြည့်တဲ့အခါ အဆင်မပြေပါဘူး။အရပ်ပုံမှန်ရှိသူတွေ မြင်နိုင်လောက်တဲ့ အနေအထားမှာ တပ်တာမို့ အရပ်ရှည်ရင် ငုံ့ပြီး ကြည့်ရပါတယ်။

ခရီးသွားတဲ့အခါ လိုင်းကားစီးတဲ့အခါ သင့်ရဲ့ အရပ်က ပြဿနာဖြစ်လာပါတယ်။ကားတွေ လေယာဉ်တွေရဲ့ ရှေ့နောက် ထိုင်ခုံတွေဟာ သင့်ရဲ့ ဒူးခေါင်းတွေကို မလွတ်စေပါဘူး။မြန်မာနိုင်ငံက ဘတ်စ်တွေဆို ခုံတွေ ပြန်ပြင်ထားတဲ့အတွက် အရပ်ရှည်သူတွေ ထိုင်မရပါဘူး။

အိပ်ရတဲ့အခါလည်း အခန်းက တိုနေတာ အိပ်ရာက တိုနေတာဆို အဆင်မပြေပြန်ပါဘူး။ခြေထောက်တွေ ကွေးတန်ကွေးပြီး အိပ်ရတာဖြစ်ပါတယ်။

ကားမောင်းတဲ့အခါမှာလည်း အရပ်ရှည်လွန်းနေရင် ပြသနာပါပဲ။တချို့ဆို ခေါင်မိုးနဲ့ မလွတ်လို့ ခေါင်းကြီး စောင်းပြီး မောင်းနှင်ရတာရှိပါတယ်။

ရေချိုးကန် အသုံးပြုသူတွေအနေနဲ့ ရေချိုးတဲ့အခါ ပြဿနာက ရေချိုးဇလားထဲ ဝင်မဆန့်တာဖြစ်ပါတယ်။အရပ်ရှည်တဲ့ ဒုက္ခကတော့ ရေတောင်ကောင်းမွန်စွာ ဇိမ်ခံမချိုးနိုင်ပဲ ညောင်းလို့ ပြန်ထွက်လာရတဲ့အထိ ရှိပါတယ်။

အရပ်ရှည်သူတွေရဲ့ ခြေဖဝါးက သေးသူတွေမဟုတ်ပါဘူး။ခြေဖဝါးတွေပါ လိုက်ကြီးကြတာဖြစ်လို့ ဖိနပ်ဆိုဒ်ကို ရှာရခက်ပါတယ်။သူတို့ဟာ ဖိနပ်မရှိတဲ့အတွက် သေးငယ်လှပတဲ့ ဖိနပ်တွေ စီးခွင့်မရကြပါဘူး။

လက်တွဲဖော်နဲ့ လိုက်ဖက်မှု မရှိဘူးလို့ ပြောကြပါတယ်။သူတို့ချင်းဘက်မညီဘူးလို့ ပြောကြပြီး သူတို့ဟာ အရပ်အပေါ် သိမ်ငယ်စိတ်ဖြစ်တတ်ပါတယ်။

ရှိုးပွဲတွေ သွားတဲ့အခါ လူမုန်းများပါတယ်။ကျောင်းမှာထိုင်လဲ အဆဲခံရပါတယ်။သူတို့ခေါင်းတွေ ကွယ်နေလို့ ဖြစ်ပြီး ဒီလို နေရာမျိုးတွေမှာ သူတို့ဟာ ကျိန်စာ အထိခံရဆုံးလို ဖြစ်နေပါတယ်။

တချို့အခန်းတွေရဲ့ မျက်နှာကျက်တွေက နိမ့်တတ်ပါတယ်။ဒီလို အခန်းမျိုးတွေကို ဝင်ရတဲ့အခါ သေလောက်အောင် ခက်ခဲပါတယ်။သူတို့ဟာ အထပ်ခိုးထဲ ဝင်ဖို့ ဆိုတာ ပိုလို့တောင်မဖြစ်နိုင်ပါဘူး။

ဒီအကြောင်းအရာလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် ပြောချင်လွန်းလို့ စာမျက်နှာကို See First လုပ်ထားပြီး ဆက်လက်အားပေးပါဦးနော်။

အခု တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးကတော့ အရပ်ရှည်သူတွေသာ ကြုံတွေ့ရတဲ့ စိတ်အနှောက်အယှက်ဖြစ်စရာ ပြဿနာတွေ အကြောင်းပဲ ဖြစ်ပါတယ်။