အရမ်းမိုက်တဲ့ ရုပ်ရှင်ကားတစ်ကားရိုက်ဖို့ ရှိတဲ့အကြောင်းပြောသွားတဲ့ လွှမ်းပိုင်










Unicode

ဂီတလောကမှာနေရာတစ်နေရာရနေရုံမကပဲ သရုပ်ဆောင်အလုပ်ဘက်မှာပါ နေရာတစ်ခုရနေတဲ့ MC လွှမ်းပိုင်ကတော့ Bo Paing Gyi ဆိုတဲ့နာမည်နဲ့လည်း Game တွေကို Stream လုပ်နေသူတစ်ဦးဖြစ်ပါတယ်။ ကျနော်တို့ပြောချင်လွန်းလို့ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောပြသွားတဲ့အကြောင်းတွေရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ်။



Game Community တွေ မြန်မာပြည်ကျယ်ပြန့်လာရခြင်းအကြောင်းနဲ့ ပတ်သက်ပြီး လွှမ်းပိုင်က “ Game ကလူငယ်တွေအတွက် Part Time Jobလိုမျိုးဖြစ်လာတယ် ။ ကျနော်တို့ Streaming ကိုတော်တော်များများလုပ်လာကြတယ်။ Streaming ကနေပြီး Earning တွေ ရလာတဲ့အချိန်မှာ ဘယ်လိုပြောမလဲ အရင်လိုမျိုးGameဆော့တယ် အချိန်ကုန်နေတာမျိုးမဟုတ်ဘဲနဲ့ အလုပ်တစ်ခုပေါ့နော် အချိန်ပိုင်းအလုပ်လေးတစ်ခုလိုပုံစံမျိုးဖြစ်လာတဲ့အတွက် အားလုံးလည်း စိတ်ဝင်စားလာပြီလို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ ဒီနိုင်ငံက ပြောရမယ်ဆိုရင်တောင် နည်းနည်း နောက်ကျနေတယ်လို့ပြောလို့ရတယ်ဗျ ။ ဘာဖြစ်လို့လဲဆိုတော့ တခြားနိုင်ငံတွေဆိုရင် ဒီထက် အများကြီးရောက်နေပြီ ။”ဆိုပြီးပြောပြသွားပါတယ်။

အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း “ ဒီလထဲမှာ သီချင်းထွက်ဖို့ရှိပါတယ်။ သီချင်းအကြောင်းရာလေးကတော့ ကျနော် အမြူးသီချင်းတွေမလုပ်တာကြပြီဆိုတော့ အမြူးလေးလုပ်ထားပါတယ်။ သူတို့(ပရိသတ်) ကြိုက်မယ်လို့တော့ထင်ပါတယ်။ ကျနော်က ဒါကအရမ်းကြီးကောင်းတယ်ဆိုပြီး ပြောထားပြီး မဟုတ်ရင်ရော အလကားအာရွှီးတယ်ဖြစ်ဦးမယ်။ ရှေ့လ ၁၁လ ၊ ၁၂ လောက်ကျရင် ကားကြီးတစ်ကားရိုက်ဖို့ရှိပါတယ်။ ပြီးရင်တော့ Musical ကားပေါ့ အဲ့ဒီကားကတော့ အရမ်းကို မိုက်မယ်လို့ကျနော် မျှော်လင့်ပါတယ်။

ဇာတ်ရုပ်တော်တော်များများနဲ့ လိုက်ဖက်အောင်တော့ ကျနော် ကြိုးစားနေတယ် ။ အဓိကကတော့ ကျနော့်ကိုကျနော်မြင်တာကတော့ ရုပ်ကအရမ်းနုနေတယ် ။ရုပ်ကနည်းနည်း ငယ်နေတော့ ကာရိုက်တာတိုင်းကို လိုက်လုပ်လို့မရဘူး နည်းနည်းဘောင်ကျဉ်းနေတယ်လို့ ကျနော်ခံစားရတယ် ။ အဲ့ဒီအတွက် ကျနော်ရုပ်ရင့်အောင် လုပ်နေပါတယ်။ ရုပ်ရင့်အောင်လို့ မအိပ်ဘဲနဲ့ ကျနော် Game ဆော့နေပါတယ်။ (ရယ်လျက်) လျှောက်ပြောတာပါ အဓိကကတော့ ခန္ဓာကိုယ်ထွားအောင် ကျနော်ကြိုးစားနေပါတယ်”ဆိုပြီးပြောပြသွားတယ်။

Leave a Reply