အရုပ်အလားထင်မှားရလောက်အောင် ချစ်စရာကောင်းတဲ့ တိရစ္ဆာန်များ

0
65

လူသားတော်တော်များများကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်ကြမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အိမ်မွေးတိရစ္ဆာန်လေးတွေက လူသားတွေအတွက် အဖော်မွန်ကောင်းဖြစ်သလို လိမ်လည်းလိမ်မာကြပါတယ်။ ဒါကြောင့် လူသားတွေအနေနဲ့ ကိုယ့်အတွက် အဖော်ပြုပေးနိုင်မယ့် အိမ်မွေးတိရစ္ဆာန်လေးတွေကို မွေးလေ့ရှိပါတယ်။ သင်တို့အနေနဲ့ အိမ်မွေးတိရစ္ဆာန်မွေးတဲ့နေရာမှာတော့ တကယ့်ကို ချစ်စရာကောင်းပြီး အရုပ်လေးအတိုင်း ဖြစ်နေတဲ့ တိရစ္ဆာန်လေးတွေကို မွေးချင်ကြမှာအမှန်ပါပဲ။ ဒါကြောင့်ပြောချင်လွန်းလို့ပေ့ခ်ျက ဒီတခေါက်ဖော်ပြပေးချင်တာကတော့ မမွေးလိုက်ရရင် နောင်တရသွားစေမယ့် အိမ်မွေးတိရစ္ဆာန်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁.ကြက်လို့ပြောလိုက်တာနဲ့ လူသားတွေကတော့ ချက်စားဖို့ပဲ တွေးနေကြမှာပါ။ ဒါပေမယ့်လည်း ဒီလိုမျိုးကြက်မျိုးကိုတော့ သတ်ပြီးတော့စားချင်ကြမယ် မထင်ပါဘူး။ ဘာလို့လဲဆိုတော့ အလွန်ချစ်ဖို့ ကောင်းလို့ပါပဲ။

၂.ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်လဲ။ ဒီလိုခွေးလေးတွေဆိုရင်တော့ ကိုယ့်ရဲ့အဖိုးတန်ပစ္စည်းတွေထက်တောင် ပိုပြီးတော့ မြတ်နိုးမိမယ် ထင်ပါတယ်။

၃.ဒီကောင်ကြီးအတွက်တော့ ပြောစရာစကားတောင် မရှိတော့ပါဘူး။ တိရစ္ဆာန်တွေကို မချစ်တဲ့သူတွေတောင် ဒီလိုအကောင်မျိုးမြင်လို့ကတော့ လုံးဝကို ချစ်သွားမှာသေချာပါတယ်။

၎.ဒီအကောင်လေးကိုလည်း ကြည့်ပါဦး။ တကယ်ကို လူသားတယောက်ကို အဖော်မွန်ကောင်းလုပ်ပေးနိုင်မယ့် ပုံပါပဲ။ ဒါက ခွေးမဟုတ်ဘူးနော်။ ဝက်ဝံတကောင်ပါ။ ရုတ်တရတ်ဆို အရုပ်နဲ့တောင်တူပါသေးတယ်။

၅.ကြောင်ချစ်တတ်တဲ့သူတွေအတွက်ကတော့ ဒီကြောင်ဟာ ချစ်စရာတော်တော့်ကိုကောင်းပြီး ကိုယ့်ရဲ့ သားသမီးတွေအတိုင်းကိုချစ်နေမှာ သေချာပါတယ်။

၆.ဒီအမွေးဖွာဖွာနဲ့ ကြက်လေးကလည်းတကယ်ကို ချစ်စဖွယ်လေးပါပဲ။ အိမ်မွေးတိရစ္ဆာန်လေးလိုမျိုးမွေးရင်တော့ ဒီကြက်လေးက တကယ်ကို ချစ်စရာကောင်းပြီး အဖော်မွန်ကောင်းလေးလည်း ဖြစ်ပါတယ်။

၇.ဒီလိုမျိုးအရောင် ဒီလိုမျိုးပုံစံလေးနဲ့ ယုန်လေးတကောင်ကို မြင်လိုက်ရင်တော့ ဘယ်သူမဆိုလိုချင်ကြမှာပါ။ ကောင်မလေးတွေကို လက်ဆောင်ပေးမယ်ဆိုရင် လက်စွပ်တကွင်းပေးတာထက်တောင် ပျော်ကြဦးမယ်ထင်တယ်။

၈.ဒီကြောင်ရဲ့ ပုံစံကလည်း ရှားရှားပါးပါးပါပဲ။ ဒီပုံစံနဲ့ ကြောင်တကောင် မလှုပ်မယှက်ပဲ နေမယ်ဆိုရင်တော့ တကယ့်ကို အရုပ်ကြီးတရုပ်လိုပါပဲ။ တကယ့်ကို ချစ်စရာကောင်းလွန်းပါတယ်။