အလွကုန္ပစၥည္းေတြမွာ ထည္႔သံုးတဲ႔ တိရိစၦာန္ေတြရဲ႕ အစိတ္အပိုင္းမ်ား

0
63

ဒီေကာင္ေလးေတြဟာ ငါးကေလးေတြျဖစ္ပါတယ္။ဒါကို ေရခ်ိဳးဇလားထဲထည့္ထားျပီးေတာ့ သင့္ရဲ႕ ေခ်းေညွာ္ေတြကို ထိုးသုတ္ေပးပါတယ္။ဒီကုထံုးက ေစ်းၾကီးပါသတဲ့။အနည္းဆံုးလည္း သံုးနာရီေလာက္ေရစိမ္ရင္ တကိုယ္လံုးအတြက္ ျပည့္စံုတယ္လုိ႕ ဆိုပါတယ္။ဒီငါးမ်ွင္မ်ွင္ေလးက ဘယ္အေပါက္ထဲက ဝင္သြားမလဲ ဘယ္သူက ေျပာႏိုင္မွာလဲ။

အရင္ကေတာ့ သိပၸံပညာရွင္ေတြ မွားယြင္းတဲ့ စမ္းသပ္ခ်က္ေတြ လုပ္ခဲ့ပါတယ္။ဒါကေတာ့ ေရဒီယို သတိၱၾကြတဲ့ ျဒပ္စင္အခ်ိဳ႕က အေရျပားကုထံုးအတြက္ အထူးေကာင္းမြန္ေစတယ္လို႕ ဆိုပါတယ္။အက်ိဳးဆက္ကေတာ့ မွဲ႔ေျခာက္ေတြ တင္းတိတ္ကြက္ေတြနဲ႕ အေရျပားကင္ဆာထိ ျဖစ္ခဲ့ပါတယ္။ဒါတင္မကပဲ သြားတိုက္ေဆးေတြမွာပါ ေရဒီယိုသတိၱၾကြဓာတ္ကို သံုးခဲ့ပါတယ္။

ဒီေန႕လို အခ်ိန္အခါမ်ိဳးမွာေတာ့ လိုးရွင္းက ဘယ္တံဆိပ္ကိုမဆိုဝယ္လို႕ရပါတယ္။ဒါေပမယ့္ လြန္ခဲ့တဲ့ ႏွစ္ 100 ေလာက္က လိုးရွင္းဆိုတာ ဆပ္ျပာတံုးလို ထြက္ခဲ့တာျဖစ္ပါတယ္။ဒါကို ကမ္းေျခသြားသူေတြအသံုးျပဳၾကပါတယ္။ပိုဆိုးတာကေတာ့ အသားအေရထိန္းသိမ္းဖို႕ ေဝဖာဆိုျပီး ထြက္လာတာျဖစ္ပါတယ္။ဟုတ္ပါတယ္…စားပစ္ရတာပါ။ဒါကို လူေတြက ဝယ္ယူစားေသာက္တဲ့အခါမွာေတာ့ ေက်ာက္ကပ္ကို တိုက္ရုိက္ထိခိုက္ျပီး ပ်က္စီးေစေၾကာင္း သတင္းေတြထြက္ေပၚလာပါတယ္။တခ်ိဳ႕ကလည္း ေခါင္းကိုက္တာမ်ိဳးျဖစ္ခဲ့ၾကပါတယ္။

ပ်ားကို သက္သက္အတုပ္ခံသူေတြ ရွိပါတယ္။ဒီလို အနာခံျပီး အတုပ္ခံသူေတြရဲ႕ အေၾကာင္းျပခ်က္ကေတာ့ ပ်ားတစ္ေကာင္ရဲ႕ အဆိပ္ဟာ မ်က္ႏွာအေရျပားေပၚက ဆဲလ္ေသေတြကို ပယ္ရွားေပးတယ္လို႕ ဆိုပါတယ္။နာက်င္မႈနဲ႕ ေယာင္ယမ္းမႈေပ်ာက္ကြယ္သြားရင္ မ်က္ႏွာက အရင္ကထက္ ပိုႏုပ်ိဳလာတယ္လို႕ သတ္မွတ္ၾကပါတယ္။ဒါေၾကာင့္ သီးသန္႔ ပ်ားတုပ္ခံသူေတြ ရွိပါသတဲ့။

ဒီငါးကန္ထဲ ေျခေထာက္စိမ္တဲ့ အလွျပင္နည္းကေတာ့ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ျပဳလုပ္ေနတာျဖစ္ပါတယ္။ငါးေပါက္ေလးေတြက ေျခသည္းၾကားက ဂ်ီးေတြ အညစ္အေၾကးေတြကို ထိုးဆိတ္စားေသာက္ပါတယ္။ဒါကလည္း ေျခေထာက္ကို ယြယြေလးျဖစ္ေစျပီး ဇိမ္ခံတာနဲ႕ ေျခေထာက္ကို ျဖဴေဖြးသန္႕စင္ေအာင္လုပ္ျခင္းမ်ိဳးျဖစ္ပါတယ္။ဒီလို လုပ္ျခင္းက ေျခေထာက္က ဘက္တီးရီးယားေတြကိုလည္း ေပ်ာက္ကင္းသက္သာေစပါတယ္။

ထူးဆန္းတဲ့ အလွကုန္အခ်ိဳ႕ဆိုတာ ရွိပါေသးတယ္။ဒါကေတာ့ ကေလးအခ်င္းနဲ႕ လုပ္တာျဖစ္ျပီး ဒါဟာ ေသြးတြင္း ေအာက္ဆီဂ်င္ပမာဏကို ပိုရေစျပီး ဆဲလ္ေသေတြကို ပယ္ရွားေပးႏိုင္ပါတယ္။တခ်ိဳ႕ကေတာ့ သိုးေလးေတြရဲ႕ အခ်င္းနဲ႕ အလွကုန္ေဖာ္ပါတယ္။အေရျပားကို အာဟာရပိုရေစျပီး လူ႕အေရျပားကို ပိုမိုေခ်ာေမြ႕ေစပါတယ္။

ခရုငယ္ေတြရဲ႕ အေစးက လူ႕အေရျပားေကာင္းမြန္ေစတယ္လို႕ လြန္ခဲ့တဲ့ 10 ႏွစ္ေလာက္က ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။သူတို႕သြားရာ လမ္းေၾကာင္းမွာ အက်ိအခြ်ဲေလးေတြ က်န္ခဲ့ျပီး ဒါေတါက လူ႔အေရျပားကို တင္းရင္း က်နး္မာေစတယ္လို႕ ဆိုပါတယ္။မ်က္ႏွာေပၚက အမဲစက္၊ဝက္ျခံနဲ႕ အေရးအေၾကာင္းေတါကိုပါ ေပ်ာက္ကင္းသက္သာေစပါတယ္။

ႏြားရုိင္းေတြရဲ႕ က်င္ငယ္ရည္ကို အလွကုန္ထုတ္လုပ္ေရးေတြက ဝယ္ၾကပါတယ္။ဒါကို ဆံပင္ေပါင္းတင္တဲ့ ေဆးဝါးေတြနဲ႕ မ်က္ႏွာေပါင္းတင္တဲ့ မ်က္ႏွာဖံုးေတြမွာ သံုးတယ္လို႕ ဆိုပါတယ္။သူဟာ ဆံပင္ကုထ့ုးမွာ အေတာ္ေလးအေရးပါတဲ့ ပစၥည္းလို႕ ဆိုပါတယ္။ႏြားရုိင္းေတြရဲ႕ သုတ္မွာ ပရုိတိန္းပမာဏမ်ားစြာပါဝင္တဲ့အတြက္ ပိုလို႕ ေကာင္းမြန္တယ္လို႕ ဆိုပါတယ္။

လက္ရွိေပါင္းတင္စနစ္က တေျဖးေျဖးျမင့္လာပါတယ္။လူတစ္ဦးကို ေပါင္းတင္လိုက္ရင္ ကေလးအေရျပားလို ႏူးညံ့ျပီး နီရဲတြတ္ေနတာမ်ိဳးရ ရရွိေအာင္ လုပ္ေပးႏိုင္ပါတယ္။ဒီလိုေပါင္းတင္မႈမ်ိဳးဟာ ေနာက္ပိုင္းေတာ့ အေရျပားကို ဆိုးရြားစြာ ထိခိုက္ေစႏုိင္တယ္လို႕ ဆိုပါတယ္။ဒါကို လုပ္ရင္ ကုန္က်စရိတ္က ေဒၚလာ 10000 နီးပါးရွိပါတယ္။

Unicode

ဒီကောင်လေးတွေဟာ ငါးကလေးတွေဖြစ်ပါတယ်။ဒါကို ရေချိုးဇလားထဲထည့်ထားပြီးတော့ သင့်ရဲ့ ချေးညှော်တွေကို ထိုးသုတ်ပေးပါတယ်။ဒီကုထုံးက စျေးကြီးပါသတဲ့။အနည်းဆုံးလည်း သုံးနာရီလောက်ရေစိမ်ရင် တကိုယ်လုံးအတွက် ပြည့်စုံတယ်လို့ ဆိုပါတယ်။ဒီငါးမျှင်မျှင်လေးက ဘယ်အပေါက်ထဲက ဝင်သွားမလဲ ဘယ်သူက ပြောနိုင်မှာလဲ။

အရင်ကတော့ သိပ္ပံပညာရှင်တွေ မှားယွင်းတဲ့ စမ်းသပ်ချက်တွေ လုပ်ခဲ့ပါတယ်။ဒါကတော့ ရေဒီယို သတ္တိကြွတဲ့ ဒြပ်စင်အချို့က အရေပြားကုထုံးအတွက် အထူးကောင်းမွန်စေတယ်လို့ ဆိုပါတယ်။အကျိုးဆက်ကတော့ မှဲ့ခြောက်တွေ တင်းတိတ်ကွက်တွေနဲ့ အရေပြားကင်ဆာထိ ဖြစ်ခဲ့ပါတယ်။ဒါတင်မကပဲ သွားတိုက်ဆေးတွေမှာပါ ရေဒီယိုသတ္တိကြွဓာတ်ကို သုံးခဲ့ပါတယ်။

ဒီနေ့လို အချိန်အခါမျိုးမှာတော့ လိုးရှင်းက ဘယ်တံဆိပ်ကိုမဆိုဝယ်လို့ရပါတယ်။ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် 100 လောက်က လိုးရှင်းဆိုတာ ဆပ်ပြာတုံးလို ထွက်ခဲ့တာဖြစ်ပါတယ်။ဒါကို ကမ်းခြေသွားသူတွေအသုံးပြုကြပါတယ်။ပိုဆိုးတာကတော့ အသားအရေထိန်းသိမ်းဖို့ ဝေဖာဆိုပြီး ထွက်လာတာဖြစ်ပါတယ်။ဟုတ်ပါတယ်…စားပစ်ရတာပါ။ဒါကို လူတွေက ဝယ်ယူစားသောက်တဲ့အခါမှာတော့ ကျောက်ကပ်ကို တိုက်ရိုက်ထိခိုက်ပြီး ပျက်စီးစေကြောင်း သတင်းတွေထွက်ပေါ်လာပါတယ်။တချို့ကလည်း ခေါင်းကိုက်တာမျိုးဖြစ်ခဲ့ကြပါတယ်။

ပျားကို သက်သက်အတုပ်ခံသူတွေ ရှိပါတယ်။ဒီလို အနာခံပြီး အတုပ်ခံသူတွေရဲ့ အကြောင်းပြချက်ကတော့ ပျားတစ်ကောင်ရဲ့ အဆိပ်ဟာ မျက်နှာအရေပြားပေါ်က ဆဲလ်သေတွေကို ပယ်ရှားပေးတယ်လို့ ဆိုပါတယ်။နာကျင်မှုနဲ့ ယောင်ယမ်းမှုပျောက်ကွယ်သွားရင် မျက်နှာက အရင်ကထက် ပိုနုပျိုလာတယ်လို့ သတ်မှတ်ကြပါတယ်။ဒါကြောင့် သီးသန့် ပျားတုပ်ခံသူတွေ ရှိပါသတဲ့။

ဒီငါးကန်ထဲ ခြေထောက်စိမ်တဲ့ အလှပြင်နည်းကတော့ နေရာတော်တော်များများမှာ ပြုလုပ်နေတာဖြစ်ပါတယ်။ငါးပေါက်လေးတွေက ခြေသည်းကြားက ဂျီးတွေ အညစ်အကြေးတွေကို ထိုးဆိတ်စားသောက်ပါတယ်။ဒါကလည်း ခြေထောက်ကို ယွယွလေးဖြစ်စေပြီး ဇိမ်ခံတာနဲ့ ခြေထောက်ကို ဖြူဖွေးသန့်စင်အောင်လုပ်ခြင်းမျိုးဖြစ်ပါတယ်။ဒီလို လုပ်ခြင်းက ခြေထောက်က ဘက်တီးရီးယားတွေကိုလည်း ပျောက်ကင်းသက်သာစေပါတယ်။

ထူးဆန်းတဲ့ အလှကုန်အချို့ဆိုတာ ရှိပါသေးတယ်။ဒါကတော့ ကလေးအချင်းနဲ့ လုပ်တာဖြစ်ပြီး ဒါဟာ သွေးတွင်း အောက်ဆီဂျင်ပမာဏကို ပိုရစေပြီး ဆဲလ်သေတွေကို ပယ်ရှားပေးနိုင်ပါတယ်။တချို့ကတော့ သိုးလေးတွေရဲ့ အချင်းနဲ့ အလှကုန်ဖော်ပါတယ်။အရေပြားကို အာဟာရပိုရစေပြီး လူ့အရေပြားကို ပိုမိုချောမွေ့စေပါတယ်။

ခရုငယ်တွေရဲ့ အစေးက လူ့အရေပြားကောင်းမွန်စေတယ်လို့ လွန်ခဲ့တဲ့ 10 နှစ်လောက်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။သူတို့သွားရာ လမ်းကြောင်းမှာ အကျိအချွဲလေးတွေ ကျန်ခဲ့ပြီး ဒါတေါက လူ့အရေပြားကို တင်းရင်း ကျနး်မာစေတယ်လို့ ဆိုပါတယ်။မျက်နှာပေါ်က အမဲစက်၊ဝက်ခြံနဲ့ အရေးအကြောင်းတေါကိုပါ ပျောက်ကင်းသက်သာစေပါတယ်။

နွားရိုင်းတွေရဲ့ ကျင်ငယ်ရည်ကို အလှကုန်ထုတ်လုပ်ရေးတွေက ဝယ်ကြပါတယ်။ဒါကို ဆံပင်ပေါင်းတင်တဲ့ ဆေးဝါးတွေနဲ့ မျက်နှာပေါင်းတင်တဲ့ မျက်နှာဖုံးတွေမှာ သုံးတယ်လို့ ဆိုပါတယ်။သူဟာ ဆံပင်ကုထု့းမှာ အတော်လေးအရေးပါတဲ့ ပစ္စည်းလို့ ဆိုပါတယ်။နွားရိုင်းတွေရဲ့ သုတ်မှာ ပရိုတိန်းပမာဏများစွာပါဝင်တဲ့အတွက် ပိုလို့ ကောင်းမွန်တယ်လို့ ဆိုပါတယ်။

လက်ရှိပေါင်းတင်စနစ်က တဖြေးဖြေးမြင့်လာပါတယ်။လူတစ်ဦးကို ပေါင်းတင်လိုက်ရင် ကလေးအရေပြားလို နူးညံ့ပြီး နီရဲတွတ်နေတာမျိုးရ ရရှိအောင် လုပ်ပေးနိုင်ပါတယ်။ဒီလိုပေါင်းတင်မှုမျိုးဟာ နောက်ပိုင်းတော့ အရေပြားကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။ဒါကို လုပ်ရင် ကုန်ကျစရိတ်က ဒေါ်လာ 10000 နီးပါးရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here