အသက်ကွာခြားမှုကြီးမားပေမယ့် အချစ်တွေထပ်တူကျနေတဲ့ ကမ္ဘာကျော်စုံတွဲများ

ချစ်ခြင်းမေတ္တာမှာ အသက်ကွာခြားမှုက ပဓာနမဟုတ်ပါဘူးဆိုတဲ့ Age is just a number, jail is just a room ဆိုတဲ့ စကားတွေလည်းကြားဖူးကြမှာပါ။ မြန်မာမှာဆိုရင်လည်း နှစ်ယောက်ကြားက အသက်ကွာခြားမှုကိုဖော်ပြတဲ့ ယောက်ျားပဉ္ဇင်းတက် မိန်းမပုခက်တွင်းဆိုတဲ့စကားလည်း ရှိပါသေးတယ်။ အဲဒီလို အသက်တွေကွာခြားပေမယ့်အချစ်တွေထပ်တူကျနေတဲ့ ကမ္ဘာကျော်စုံတွဲတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

Jason Momoa နဲ့ Lisa Bonet



ရေဘုရင်ကြီးလို့ကျော်ကြားပြီး တစ်ကမ္ဘာလုံးက နှုတ်ခမ်းနီမလေးတွေဝိုင်းချစ်နေကြတဲ့ Jason Momoa ကြီးဟာ ဆွဲဆောင်မှုရှိလွန်းပြီး သရုပ်ဆောင်လည်းကောင်းတဲ့ မင်းသားကြီးတစ်လက်ပါ။ ဒါပေမယ့် သူဟာ လူလွတ်မဟုတ်ပဲ လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကတည်းက လက်ထပ်ပြီးသား ချစ်ဇနီးနဲ့ ကလေးတွေနဲ့ သာယာတဲ့မိသားစုလေးပိုင်ဆိုင်ထားသူပါ။ Jason ဟာ ဇနီးဖြစ်သူ Lisa Bonet နဲ့ 2007 ခုနှစ်ကတည်းက လက်ထပ်ထားပြီး ဇနီးနဲ့ အသက် 12 နှစ်တောင်ကွာပါတယ်။ Jason က အသက် 40 ဖြစ်ပြီး Lisa က 52 ပါ။

Megan Fox နဲ့ Brian Austin Green




ညို့အားပြင်းမင်းသမီး Megan Fox ဟာ ခင်ပွန်းဖြစ်သူ Brain Austin Green နဲ့အသက်ကွာခြားမှု 13 နှစ်တိတိရှိပါတယ်။ Megan က အသက် 30 ဖြစ်ပြီး Brian Austin က 43 နှစ်ပါ။ သူတို့နှစ်ဦးဟာ 2004 မှာ စတင်ချစ်ကျွမ်းဝင်ခဲ့ပြီး 2010 မှာ လက်ထပ်ခဲ့ကြပါတယ်။ သူတို့စုံတွဲလေးဟာ ရင်သွေးလေးနှစ်ယောက်ထွန်းကားခဲ့ပြီး Hollywood ရဲ့ အထင်ပေါ်အကျော်ကြားဆုံးစုံတွဲတွေထဲမှာပါဝင်ခဲ့သလို သူတို့ရဲ့အချစ်ကို တစ်ကမ္ဘာလုံးက ဝိုင်းပြီးအားကျခဲ့ကြရပါတယ်။

Ashton Kutcher နဲ့ Demi Moore



မင်းသားချော Ashton Kutcher နဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့မင်းသမီး Demi Moore တို့ကြားက အသက်ကွာခြားမှုကတော့ 15 နှစ်တောင်ကွာခြားပါတယ်။ Demi Moore ကတော့ အသက် 56 နှစ်ဖြစ်ပြီး Ashton က 41 နှစ်ပါ။ သူတို့နှစ်ဦးဟာ 2003 မှာ စတွဲခဲ့ကြပြီး 2005 မှာ လက်ထပ်ခဲ့ကြပါတယ်။ Hollywood ရဲ့ လူတွေအားကျခံရဆုံးစုံတွဲလေးဟာ 2011 မှာ ကွာရှင်းခဲ့ကြပြီး ပရိသတ်တော်တော်များများ အသည်းကွဲခဲ့ရပါတယ်။

Tom Cruise နဲ့ Katie Holmes


မင်းသားကြီး Tom Cruise နဲ့ ကျက်သရေရှိရှိလှပတဲ့ မင်းသမီး Katie Holmes တို့ဟာ လူတိုင်းအားကျရတဲ့စုံတွဲလေးဖြစ်ခဲ့ပြီး အလွန်လိုက်ဖက်တဲ့ချစ်သူတွေပါ။ ဒါပေမယ့်သူတို့နှစ်ယောက်ဟာ 2006 မှာလက်ထပ်ခဲ့ပြီး 2012 မှာ ကွာရှင်းခဲ့ကြပါတယ်။ Tom Cruise က အသက် 57 ဖြစ်ပြီး Katie က 41 မို့ အသက် 16 နှစ်တိတိကိုကွာခြားမှုရှိပါတယ်။

Bradley Cooper နဲ့ Suki Waterhouse

မင်းသားချော Bradley ကတော့ အရမ်းကိုစွံတဲ့ မင်းသားတစ်လက်ဖြစ်သလို ကောင်မလေးတွေကိုလည်း ထည်လဲတွဲခဲ့သူပါ။ ရွှေရောင်မော်ဒယ် Irina Shayk နဲ့မပြတ်စဲခင်က Bradley က Suki Waterhouse နဲ့ တွဲခဲ့ပါသေးတယ်။ Suki ဟာ Bradley နဲ့ စတွဲခဲ့စဉ်က အသက် 21 သာရှိခဲ့ပါသေးတယ်။ အခုတော့ Bradley က 44 နှစ် Suki က 27 နှစ်ရှိပါပြီ။ သူတို့ကြားက အသက်ကွာခြားမှုကတော့ 17 နှစ်နှစ်တောင်ရှိတာမို့ ကြောက်စရာပါပဲ။

အခုပြောပြသွားတာတွေကတော့ အသက်တွေကွာခြားကြပေမယ့် အချစ်တွေထပ်တူကျခဲ့ကြတဲ့ ကမ္ဘာကျော်အနုပညာရှင်စုံတွဲတွေအကြောင်းပါ။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော ကိုယ်နဲ့အသက်ကွာတဲ့သူနဲ့ချစ်သူဖြစ်ခဲ့ဖူးလား။ ဖြစ်ခဲ့ဖူးရင် အတွေ့အကြုံလေးတွေဝေမျှခဲ့ကြပါဦး။

Unicode

အသကျကှာခွားမှုကွီးမားပမေယျ့ အခစြျတှထေပျတူကနြတေဲ့ ကမ်ဘာကြောျစုံတှဲမြား










