အသက်ရှုမှားနိုင်လောက်တဲ့ ကြုံတောင့်ကြုံခဲ ကိစ္စများ

0
253

လူသားတွေအနေနဲ့ ကိုယ်လုပ်လိုက်တဲ့ အရာရာတိုင်းရဲ့ နောက်ကွယ်မှာဖြစ်ပျက်တတ်တဲ့ အရာလေးတွေ ဖြစ်ပါတယ်။ တချို့သောအရာတွေကတော့ သဲကွဲနေသလိုမျိုး ဖြစ်ပေမယ့်လည်း တချို့သောအရာတွေကတော့ သဲသဲကွဲကွဲ မရှိပါဘူး။ တခါတလေမှာတော့ ဒီလိုမျိုး နောက်ကွယ်က အဖြစ်အပျက်တွေက တော်တော်လေး ထူးခြားနေတာကို တွေ့ရပါတယ်။ တကယ်ကို မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေလည်း ဖြစ်ပျက်တတ်ပါတယ်။ ဒါကြောင့် ပြောချင်လွန်းလို့ပေ့ခ်ျက ဒီတခေါက်မှာတော့ အဖြစ်အပျက်တခုနောက်ကွယ်က အသက်ရှုမှားလောက်တဲ့ မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁.ဒီပုံကိုကြည့်လိုက်ရင်လည်း ခေါင်းကြီးပြတ်နေသလိုမျိုးကို တွေ့ရမှာပါ။ အမှန်ကတော့ ဆက်ကပ် တခုမှာ ဟန်ရေးပြနေတဲ့ ကောင်မလေးတယောက်ကို ရုတ်တရတ် ဓါတ်ပုံရိုက်လိုက်တာ ဖြစ်ပါတယ်။

၂.ဒါကိုတော့ သင်တို့အနေနဲ့ ပန်းချီကား တချပ်လို့ ထင်မှာပါ။ တကယ်လည်း ပန်းချီကားတစ်ချပ်ပါပဲ။ ဒါပေမယ့်လည်း ပန်းချီကားထဲမှာ ပါတဲ့ ငှက်တွေက အနည်းငယ်သာ ရှိပါတယ်။ အမှန်က အပြင်က ငှက်တွေ ဖြစ်ပါတယ်။

၃.ဒီလေယာဉ်ပျံကတော့ တိုက်တွေ အိမ်တွေကြားမှာ ရပ်ထားတယ်လို့ ထင်ကောင်းထင်မိပါ။ သို့သော်လည်း ဒီလေယာဉ်ကတော့ ပျံသန်းနေတာ ဖြစ်ပါတယ်။ ကောင်းကင်ကလေယာဉ်နဲ့ တဖက်က မြင်ကွင်းနဲ့က အံ့ဝင်ခွင်ကျဖြစ်နေတာကြောင့် ဒီလိုမျိုး မြင်ကွင်းမျိုး ဖြစ်နေတာ ဖြစ်ပါတယ်။

၎.ဒါကတော့ ကောင်းကင်ကြီးပေါ်ကဒဏ္ဍာရီ ဆန်ဆန် သင်္ဘောကြီးနဲ့ တူနေပါတယ်။ ဒါပေမယ့်လည်း မြင်ကွင်းရဲ့ နောက်ကွယ်မှာတော့ ဒီသင်္ဘောကြီးက မြူတွေ အနည်းငယ်ကျနေတဲ့နေရာမှာ ရောက်နေတာကြောင့် ကောင်းကင်ပေါ်က သင်္ဘောကြီးနဲ့ တူနေတာ ဖြစ်ပါတယ်။

၅.ဒီပုံကတော့ တော်ရုံနဲ့ ဘယ်သူမှ ရိုက်လို့ရမှာ မဟုတ်လောက်ပါဘူး။ တကယ်ကို တိုက်တိုက်ဆိုင်ဆိုင် ရိုက်နိုင်လိုက်မှသာလျှင် ရရှိနိုင်တဲ့ လှပလွန်းတဲ့ မြင်ကွင်းလည်း ဖြစ်ပါတယ်။

၆.အောင်ပွဲအခံလွန်သွားတော့လည်း ဒီလိုမျိုး ဖြစ်သွားတာပေါ့။ တယောက်နဲ့ တယောက် ဘီယာခွက်တိုက်ပြီး အောင်ပွဲခံရာမှ လက်လွန်သွားတဲ့ မြင်ကွင်းလေးကို အမိအရ ဓါတ်ပုံ ရိုက်လိုက်နိုင်တာ ဖြစ်ပါတယ်။

၇.ဒါကတော့ တကယ့်ကို Perfect ဖြစ်လွန်းတဲ့ မြင်ကွင်းဖြစ်ပါတယ်။ ခွေးတကောင်ရဲ့ အမြီးလေးထဲမှာ အံဝင်ခွင်ကျဖြစ်နေအောင် ရုတ်တရတ်ရိုက်မိလိုက်တဲ့ ဓါတ်ပုံဖြစ်ပါတယ်။

၈.ဒီပုံကလည်း တော်တော်ကို လှပသေသပ်လွန်းတဲ့ ပုံတစ်ပုံပါ။ ဖျံတကောင် ကမ်းစပ်နားမှာ ရှိတဲ့အချိန် လှိုင်းသေးသေးလေးရဲ့ ရိုက်ခပ်မှုကတော့ ဒီဖျံလေးပေါ်ကို စောင်လေးခြုံပေးထားတာနဲ့ တူနေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here