အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ နေ့စဉ်စားသုံးနေသော အစားအစာများ
0
38
Unicode
အစေ့အဆန်တွေဟာ တကယ်တော့ အဆိပ်ရှိတတ်ပါတယ်။ပန်းသီးရဲ့ အစေ့ဆို ပိုလို့တောင် အဆိပ်ရှိပါတယ်။ဒီလိုပဲ ချယ်ရီသီးတွေလည်း များများစားလွန်းရင် အဆိပ်ဖြစ်တတ်ပါတယ်။သူတို့ကို မတည့်တာတခုနဲ့ တွဲဖက်စားမိတယ်ဆိုရင် မသေသည့်တိုင် အကြောအချဉ်တွေဆိုင်းတာနဲ့ ဥိးနှောက် တဒင်္ဂအလုပ်မလုပ်နိုင်တာမျိုးဖြစ်တတ်ပါတယ်။
သန့်စင်ပြီးသားမဟုတ်တဲ့ သဘာဝပျားရည်ကိုလည်း လက်လွတ်စပယ် မစားသင့်ပါဘူး။သင့်တင့်မျှတတဲ့ ပမာဏသာ စားသောက်သင့်ပါတယ်။ပျားလပို့ဟာ သွားကို ကောင်းကောင်းဒုက္ခပေးနိုင်တာဖြစ်ပြီး grayanotoxin ဆိုတဲ့ ပျားရည်မှာ ပါတဲ့ ဓာတ်က ခေါင်းမူးခြင်း၊အော့အန်ခြင်း၊အပြင်းဖျားခြင်းနဲ့ ချွေးထွက်လွန်ခြင်း အားနည်းခြင်းကို ဖြစ်စေပါတယ်။
ခရမ်းချဉ်သီးကလည်း အများကြီးစားဖို့ မသင့်ပါဘူး။သူ့အစေ့အဆန်တွေက လူတွေကို ဒုက္ခပေးနိုင်ပါတယ်။သူ့ရဲ့ အရွက်တွေကို လူတွေ မစားလို့ ခံသာတာဖြစ်ပါတယ်။သူ့အရွက်တွေက ပိုလို့ဆောက် အန္တရာယ်ရှိပြီး alkali အဆိပ်ဖြစ်စေပါတယ်။ဒါက ခရမ်းချဉ်သီးမှာလည်း ပါရှိပြီးတော့ အစာအိမ်ကို ကောင်းကောင်းဒုက္ခပေးနိုင်တယ်လို့ ဆိုပါတယ်။ဒါကြောင့် လိုအပ်တဲ့ ပမာဏထက် ပိုပြီးစားဖို့ မသင့်တော်တဲ့ အသီးဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။
သီဟိုစေ့ဟာ စားလို့ ကောင်းပါတယ်။အများကြီးစားဖို့တော့ မသင့်ပါဘူး။ဒါတောင် လှော်ထားတာစားရင်သာ ပြဿနာသိပ်မရှိပေမယ့် မလှော်ပဲ အစိမ်းစားမိရင် မူးဝေတာ အော့အန်တာတွေဖြစ်စေပါတယ်။သူဟာ ivy ဆိုတဲ့ အဆိပ်ရှိပြီးတော့ ဒီအဆိပ်ကို သစ်ကြားသီးတွေမှာပါ တွေ့ရတာဖြစ်ပါတယ်။အလွန်အကျွံစားမိရင် သေစေနိုင်တဲ့ အသီးဖြစ်ပါ်တယ်။
ဇာတိဗ္ဖိုလ်သီးကို မြန်မာနိုင်ငံမှာတော့ ဆေးဖြစ်ဝါးဖြစ်သုံးတဲ့ အတွက် ပြဿနာမရှိနိုင်ပါဘူး။ဒါပေမယ့် သူ့ချည်းသီးသန့်သောက်ဖို့ တော့မဖြစ်နိုင်ပါတယ်။2 အောင်စအပြင် ကျော်လွန်ပြီး စားသောက်မိရင် လူကို ချက်ချင်းသေစေနိုင်တဲ့ အသီးဖြစ်ပါတယ်။
တူနာငါးတွေဟာ စားလို့ ကောင်းပြီးတော့ ပုံမှန်ပမာဏအရစားရင် ပြဿနာမရှိပါဘူး။ဒါပေမယ့် သူ့ကို အလွန်အကျွံစားရင်တော့ မကောင်းပါဘူး။ဒီငါးတွေဟာ မာကြူရီပမာဏများစွာပါဝင်ပြီး ခန္ဓာကိုယ်တွင်းကို ဓာတုအဆိပ်ဖြစ်စေနိုင်ပါတယ်။ကျောက်ကပ်ကို ဆုံးရှုံးနိုင်ပြီးတော့ လူကို ဖောယောင်စေကာ သေတဲ့ အထိဖြစ်နိုင်ပါတယ်။
အာလူးကတော့ နိုင်ငံတော်တော်များများစားပါတယ်။အာလူးကြော်ဟာ သရေစာဖြစ်ပြီးတော့ ဒီတိုင်းလဲ စားသောက်ကြပါတယ်။ဒေါပမယ့် အာလူးဟာ ကောင်းမွန်လွန်းတဲ့ အစားအစာတော့ မဟုတ်ပဲ အနည်းငယ်ပြဿနာပေးနိုင်ပြီးတော့ ခေါင်းကိုက်တာဖြစ်တတ်ပါတယ်။အလွန်အကျွံစားမိရင် ရင်ပြည့်ရင်ကယ်နဲ့ မူးဝေခြင်းဖြစ်စေကာ နောက်ဆုံးရလဒ်ဆို ကိုမာပါ ဖြစ်စေနိုင်ပါတယ်။
ပီလောပီနံကို လူကြီးတွေဆို အများကြီးပေးမစားပါဘူး။တောက်တယ်လို့ ဆိုကာ အနည်းငယ်သာ ကျွေးလေ့ရှိပါတယ်။ဒါပေမယ့် အရသာကကောင်းမွန်ခြင်းနဲ့ စေးစေးပိုင်ပိုင်ရှိခြင်းကြောင့် သူ့ကို လူကြိုက်များပါတယ်။သူဟာ အစာမကြေခြင်း ဗိုက်အောင့်ခြင်း ခေါင်းမူးခြင်းနဲ့ သွေးကြောပေါက်ခြင်းပါ ဖြစ်စေနိုင်ပြီး လူကို သေဆုံးစေနိုင်ပါတယ်။
ဒါကတော့ အရည်ရွမ်းပြီး ရိုးတံရှည်တဲ့ Rhubarb လိ့ ခေါ်တဲ့ ကြာတစ်မျိုးဖြစ်ပါတယ်။သူ့ကို များများစားရင် ကျောက်ကပ်မှာ ကျောက်တည်တာတွေဖြစ်နိုင်ပြီးတော့ ကျောက်ကပ်ပါ ဆုံးရှုံးရတတ်ပါတယ်။ဒီအပင်တွေဟာ လက်တံတွေ ရှည်ပြီး ဖြတ်ရောင်းတာဖြစ်ပါတယ်။တပတ်အတွင်း ဒီအပင်ကို 11 ပေါင်နီးပါးစားမိရင် သေကို သေနိုင်တဲ့ အပင်အဖြစ် သတ်မှတ် တားမြစ်ထားပါတယ်။
ဟော့ဒေါ့ချောင်းတေါကို နေရာတော်တော်များများမှာ သုံးပါတယ်။သူ့ရဲက အသိသာဆုံးအချက်ကတော့ ဝမ်းချုပ်ခြင်းဖြစ်ပါတယ်။ပုံမှန်စားရင်း လွန်ကြူးလာရင်တော့ ဝမ်းဖောဝမ်းရောင်ဖြစ်ကာ ဗိုက်မှာ ရေဖျင်းဆွဲတဲ့ လက္ခဏာတွေပါ တွေ့ရတာဖြစ်ပါတယ်။ဒါကြောင့် အမြဲတစေ စားသုံးဖို့ မသင့်တဲ့ အစားစာထဲ ဟော့ဒေါ့ကို ထည့်သွင်းထားပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here