အသက္ေပါင္း ၅၀၀ေက်ာ္ကို ကယ္တင္ႏိုင္ခဲ့တဲ့ လက္ေတြ႕ေလာကမွ စူပါဟီးရိုး

0
95

ဂ်ပန္ႏိုင္ငံမွ ရဲအရာရိွ Yukio Shige ဟာ ကိုယ့္ကုိကိုယ္ သတ္ေသမယ့္ လူသား အေယာက္ ၅၀၀ေက်ာ္ရဲ႕ အသက္ေတြကိုကယ္တင္ႏိုင္ခဲ့သူ ၿဖစ္ပါတယ္။ ဂ်ပန္ရဲအရာရိွ Yukio Shige ဟာ အသက္ ၇၀ ရိွၿပီၿဖစ္ၿပီး သူ႕သက္တမ္းတေလွ်ာက္မွာ ကယ္တင္ႏိုင္ခဲ့သူေတြဟာ ကိုယ့္ကိုကိုယ္ သတ္ေသဖို႔ ၾကိဳးစားၾကတဲ့သူေတြ ၿဖစ္ၾကပါတယ္။ ဂ်ပန္ႏိုင္ငံဟာ စီးပြားေရးအရ တိုးတက္ဖြံၿဖိဳးသလို စိတ္က်ေဝဒနာနဲ႔ အလုပ္ပိတဲ့ဒဏ္ကို အမ်ားဆံုး ခံစားၾကရတဲ့ ႏိုင္ငံၿဖစ္ပါတယ္။

Yukio Shige ဟာအေလာင္းေတြကို ေတြ႕ရိွတဲ့အခါတိုင္း စိတ္မေကာင္းၿဖစ္ရေလ့ရိွကာ ဒီလိုကိစၥရပ္ေတြကို တားၿမစ္ဖို႔အတြက္ သူတက္ႏိုင္သမွ်ကာကြယ္ဖို႔ ဆံုးၿဖတ္ခ်က္ခ်ခဲ့ပါတယ္။ Yukio Shigeဟာ ဖူကူအိ စီရင္စုမွရိွေနတဲ့ ေတာေတာင္ေတြမွာ ကင္းလွည့္ေစာင့္ၾကပ္ေလ့ရိွပါတယ္။ သူနဲ႔အတူ ေစတနာ့ဝန္ထမ္း ၃ဦးဟာ ေန႔စဥ္နဲ႔အမွ် အဲ့ဒီ့နယ္ေၿမတဝိုက္မွာ လွည့္လည္ေစာင့္ၾကပ္ၿပီး ကိုယ့္ကိုကိုယ္သတ္ေသဖို႔ ၾကိဳးစားသူေတြကို ကယ္ဆယ္ဖို႕အတြက္ ေဆာင္ရြက္ခဲ့ၾကပါတယ္။

Yukio Shigeဟာ အေဝးၾကည့္မွန္ေၿပာင္း တလတ္ကိုအၿမဲလို ေဆာင္ထားေလ့ရိွၿပီး ေတာေတြ၊ ပင္လယ္ကမ္းစပ္ေတြတေလွ်ာက္မွာ လွည့္လည္ၾကည့္ရႈ႕ေလ့ရိွပါတယ္။ အစပိုင္းမွာ Yukio Shigeဟာတဦးတေယာက္ထဲ လွည့္လည္ေစာင့္ေရွာက္ေပးခဲ့ေပမယ့္ ေနာက္ပိုင္းေတြမွာ လူငယ္ေစတနာ့ဝန္ထမ္း ပရဟိတအဖြဲ႕မ်ားမွ ကူညီေပးကာ ကိုယ့္ကိုကိုယ္သတ္ေသမယ့္ လူေတြရဲ႕ အသက္မ်ားကို ကယ္ဆယ္ႏိုင္ခဲ့တာ ၿဖစ္ပါတယ္။

Yukio Shigeေနာက္ဆံုး ကယ္တင္ခဲ့တဲ့ သူေတြကေတာ့ စာေသာက္ဆိုင္ပိုင္ရွင္ စံုတြဲ၂ဦး ၿဖစ္ပါတယ္။ လုပ္ငန္းဆံုးရံႈးၿပီးေနာက္ ပင္လယ္ထဲဆင္းကာ သတ္ေသဖို႔ ၾကိဳးစားခဲ့ၾကတာၿဖစ္ပါတယ္။ Yukio Shige မွ သူတို႔၂ဦးကို ေဖ်ာင္းဖ်ကယ္ဆယ္ႏိုင္ခဲ့ေပမယ့္ ေနာက္၅ရက္အၾကာမွာ ၾကိဳးဆြဲခ်သတ္ေသသြားခဲ့ၿပန္ပါတယ္။ ဒီသတင္းေၾကာင့္ပဲ Yukio Shigeဟာ စိတ္အေတာ္ထိခိုက္ခဲ့ရပါတယ္။ ဒါေပမယ့္ Yukio Shige ဟာအသက္ေပါင္းမ်ားစြာကို ကယ္တင္ႏိုင္ခဲ့ကာ လက္ရိွဘဝရဲ႕ စူပါဟီးရိုးတဦးအၿဖစ္ မွတ္တမ္းတင္ ဂုဏ္ၿပဳလိုက္ရပါတယ္။

Unicode

ဂျပန်နိုင်ငံမှ ရဲအရာရှိ Yukio Shige ဟာ ကိုယ့်ကိုကိုယ် သတ်သေမယ့် လူသား အယောက် ၅၀၀ကျော်ရဲ့ အသက်တွေကိုကယ်တင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဂျပန်ရဲအရာရှိ Yukio Shige ဟာ အသက် ၇၀ ရှိပြီဖြစ်ပြီး သူ့သက်တမ်းတလျှောက်မှာ ကယ်တင်နိုင်ခဲ့သူတွေဟာ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားကြတဲ့သူတွေ ဖြစ်ကြပါတယ်။ ဂျပန်နိုင်ငံဟာ စီးပွားရေးအရ တိုးတက်ဖွံဖြိုးသလို စိတ်ကျဝေဒနာနဲ့ အလုပ်ပိတဲ့ဒဏ်ကို အများဆုံး ခံစားကြရတဲ့ နိုင်ငံဖြစ်ပါတယ်။

Yukio Shige ဟာအလောင်းတွေကို တွေ့ရှိတဲ့အခါတိုင်း စိတ်မကောင်းဖြစ်ရလေ့ရှိကာ ဒီလိုကိစ္စရပ်တွေကို တားမြစ်ဖို့အတွက် သူတက်နိုင်သမျှကာကွယ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ Yukio Shigeဟာ ဖူကူအိ စီရင်စုမှရှိနေတဲ့ တောတောင်တွေမှာ ကင်းလှည့်စောင့်ကြပ်လေ့ရှိပါတယ်။ သူနဲ့အတူ စေတနာ့ဝန်ထမ်း ၃ဦးဟာ နေ့စဉ်နဲ့အမျှ အဲ့ဒီ့နယ်မြေတဝိုက်မှာ လှည့်လည်စောင့်ကြပ်ပြီး ကိုယ့်ကိုကိုယ်သတ်သေဖို့ ကြိုးစားသူတွေကို ကယ်ဆယ်ဖို့အတွက် ဆောင်ရွက်ခဲ့ကြပါတယ်။

Yukio Shigeဟာ အဝေးကြည့်မှန်ပြောင်း တလတ်ကိုအမြဲလို ဆောင်ထားလေ့ရှိပြီး တောတွေ၊ ပင်လယ်ကမ်းစပ်တွေတလျှောက်မှာ လှည့်လည်ကြည့်ရှု့လေ့ရှိပါတယ်။ အစပိုင်းမှာ Yukio Shigeဟာတဦးတယောက်ထဲ လှည့်လည်စောင့်ရှောက်ပေးခဲ့ပေမယ့် နောက်ပိုင်းတွေမှာ လူငယ်စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့များမှ ကူညီပေးကာ ကိုယ့်ကိုကိုယ်သတ်သေမယ့် လူတွေရဲ့ အသက်များကို ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Yukio Shigeနောက်ဆုံး ကယ်တင်ခဲ့တဲ့ သူတွေကတော့ စာသောက်ဆိုင်ပိုင်ရှင် စုံတွဲ၂ဦး ဖြစ်ပါတယ်။ လုပ်ငန်းဆုံးရှုံးပြီးနောက် ပင်လယ်ထဲဆင်းကာ သတ်သေဖို့ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ Yukio Shige မှ သူတို့၂ဦးကို ဖျောင်းဖျကယ်ဆယ်နိုင်ခဲ့ပေမယ့် နောက်၅ရက်အကြာမှာ ကြိုးဆွဲချသတ်သေသွားခဲ့ပြန်ပါတယ်။ ဒီသတင်းကြောင့်ပဲ Yukio Shigeဟာ စိတ်အတော်ထိခိုက်ခဲ့ရပါတယ်။ ဒါပေမယ့် Yukio Shige ဟာအသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ကာ လက်ရှိဘဝရဲ့ စူပါဟီးရိုးတဦးအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါတယ်။