အသက် ၅၀ ကို ၂၀ ပဲ ထင်ရအောင်ငယ်ရွယ်နုပျိုလွန်းသူရဲ့ လျှို့ဝှက်ချက်

0
57

သူ့နာမည်​က Tan လို့​ခေါ်ပါတယ်​။ စင်​ကာပူ နိုင်​ငံကဖြစ်​​ပေမယ့်​ အခုချိန်​မှာ​တော့ တစ်​ကမ္ဘာလုံးက စိတ်​ဝင်​စားစရာ ဖြစ်​​နေရသူပါ။ အသက်​ ၂၀ အရွယ်​လို ထူးထူးခြားခြား ငယ်​ရွယ်​နုပျို​နေတဲ့ အသက်​ ၅၀ အရွယ်​ ဓာတ်​ပုံဆရာ ကြီးရဲ့ လူမှု​ဘဝ​နေထိုင်​ပုံက ဘယ်​လိုဘယ်​ပုံများ စည်းစနစ်​ကျနခဲ့သလဲဆိုတာ သူ့ရုပ်​ရည်​ကို မြင်​ရသူ​တွေမှာ ​မေးခွန်းများစွာထွက်​​ပေါ်​စေခဲ့ပါတယ်​။ ၁၉၆၇ ခုနှစ်​ဖွားက ဘဝ​ပေးကံ​ကောင်းလွန်း​နေလို့ ၂၀၀၀ ခုနှစ်​တစ်​​ယောက်​လို နုပျိုလန်းဆန်း ​နေသလားလို့ ဆန်းစစ်​ကြည့်​ချင်​စရာပါ။ ဒီအ​ကြောင်းအရာ​လေးမှာ​တော့ သူ့ရဲ့လျှို့ဝှက်​ချက်​​လေး​တွေကို ဖွင့်​ချ​ပေးသွားချင်​ပါတယ်​။ အားလုံးပဲ စိတ်​ဝင်​စားကြမှာပါ။

မနက်​စာ ကြက်​ဥပြုတ်​ ၆လုံး

Tan ရဲ့ သ​ဘောက​တော့ရှင်းပါတယ်​။ ခန္ဓာကိုယ်​ဟာ အာဟာရ ကို ၇၀ ရာခို​င်​နုန်း မှီတည်​ပါတယ်​တဲ့။ အားကစား နဲ့ ​လေ့ကျင့်​ခန်း က ကျန်​ ၃၀ ရာခို​င်​နှုန်းပါ။ ဆို​တော့ ကျန်းမာချင်​ရင်​ အာဟာရဓာတ်​ကို အဓိကပြည့်​ဝ​အောင်​ စားတယ်​။ မနက်​စာအတွက်​ ကြက်​ဥပြုတ်​ ၆ လုံးကို စားတယ်​။ ကြက်​ဥအနှစ်​ကို​တော့ ၂လုံးစာပဲ စားတယ်​။ နို့်​တစ်​ခွက်​​သောက်​တယ်​။ ​ထောပတ်​သီးစားတယ်​။ တစ်​ခါတ​လေ ဘယ်​ရီသီး​တွေစားတယ်​။ တစ်​​နေ့တာ မှာ​တော့ ကြက်​သား နဲ့ ထမင်း၊ အသီးအရွက်​၊ ပြီး​တော့ ငါးစွပ်​ပြုတ်​ရည်​… ဒါ​တွေကို စား​ပေးသွားတယ်​။ ​ရေခဲမုန့်​သိပ်​စားချင်​တဲ့​နေ့ဆို ​နေ့တစ်​ဝက်​ မ​ကျော်​ခင်​ကတည်းက စားပစ်​လိုက်​တယ်​။ ​ကော်​ဖီ၊လက်​ဖက်​ရည်​ ​ရှောင်​တယ်​။ တစ်​​နေ့လုံး ​ရေ​ကောင်း​ကောင်း​သောက်​​ပေးတယ်​။ ​ဆေးလိပ်​ နဲ့ အရက်​ ​တော့ လုံးလုံးကို ​ရှောင်​တယ်​။

နေ့စဉ်​ ​လေ့ကျင့်​ခန်း တစ်​နာရီခွဲ

ကိုယ်​ခန္ဓာ ကြံ့ခိုင်​ကျစ်​လစ်​​စေတဲ့ ​လေ့ကျင့်​ခန်း ​တွေကို သူက တစ်​ပတ်​ကို​လေးရက်​အထိလုပ်​တယ်​။ အလုပ်​များလွန်းတဲ့​အခါ​တော့ သုံးရက်​​ပေါ့။ ဒါ​ပေမယ့်​ ဝိတ်​မ၊ ဒိုက်​ထိုး စသဖြင့်​ ဒါ​တွေကိုလုပ်​မယ်​ဆိုရင်​ ကာဒီယို​လေးအရင်​စပြီး ​သွေးပူ​အောင်​အရင်​လုပ်​တယ်​။ ပြီးရင်​ နာရီဝက်​ထက်​ ပိုပြီး ပြင်းထန်​​လေ့ကျင့်​ခန်း​တွေမလုပ်​ဖို့ ကန့်​သတ်​ထားတယ်​။ ဒူးဒဏ်​ရာရှိလို့ အ​ပြေး​လေ့ကျင့်​တာ မလုပ်​နူ်​င်​​ပေမယ့် ​နေ့တို​င်းမှာ ​ရေကို တစ်​နာရီတိတိ ကူးတယ်​။

ကိုယ်​စိတ်​ချမ်းသာတာ​လေး​တွေ

သူခံယူချက်​ကဒီလိုပါ။ လူက ကိုယ်​နှစ်​ခြိုက်​၊ မြတ်​နိုးတဲ့အရာ​တွေကို လုပ်​​ဆောင်​​နေရမှာ စိတ်​​ရောကိုယ်​ပါ နုပျိုလန်းဆန်း တက်​ကြွ​စေပါတယ်​။ သူ့ကိုနုဖတ်​​စေတဲ့လျှို့ဝှက်​ချက်​ကလည်း ဒီအချက်​ပါပဲ။ သူက အလုပ်​​တွေအများကြီး လုပ်​ကိုင်​ခဲ့ဖူးတယ်​။ ဒီထဲက​နေ ကိုယ်​ကြိုက်​တဲ့အရာ​တွေကို သိကျွမ်းလာတယ်​။ လူ​တွေနဲ့ ဆက်​ဆံ​ပြောဆို​နေရတာကို သူကြိုက်​တယ်​။ လူ​တွေကို ချစ်​ခင်​ပြီး ဖက်​လှဲတကင်း​နေရတာ သူကြိုက်​တယ်​။ ဓာတ်​ပုံရိုက်​ရတဲ့ကိစ္စ​တွေ နှစ်​သက်​တယ်​။ ကိုယ်​တိုင်​ရိုက်​​ပေးသလို ကိုယ်​တိုင်​လည်း ဓာတ်​ပုံအရိုက်​ခံသူပါ။ ကျန်းမာ​ရေး သိပ်​​ကောင်းချင်​သပဆိုရင်​ ကိုယ်​စိတ်​ချမ်းသာတာ​လေး​တွေ လုပ်​​နေတတ်​ဖို့ သူက တိုက်​တွန်းပါတယ်​။ လူက ​ပျော်​​နေဖို့က အဓိကကိုး။ ဒီ​နောက်​မှာ ကိုယ့်​ကျန်းမာ​ရေး လိုက်​လာပါလိမ့်​မယ်​တဲ့။

အလှကုန်​ပစ္စည်း လုံးလုံးမသုံး

Tan ကို လူအ​တော်​များများက ထင်​ကြပါတယ်​။ မျက်​နှာကိုခွဲစိတ်​ပြုပြင်​ထားတယ်​၊ အလှကုန်​ပစ္စည်း​ကောင်း​ကောင်း​လေး​တွေ ​ရွေးသုံးတတ်​​ပေါ့​လေ။ တကယ်​​တော့ သူက မျက်​နှာသစ်​တာနဲ့ အစိုဓာတ်​ဖြည့်​ဖို့ခရင်​မ်​ လိမ်းတာကလွဲပြီး ဘာအလှပစ္စည်းမှ မသုံးသူပါ။ အ​ရေပြားဓာတ်​မတည့်​တဲ့အခံလည်း ရှိတာ​ကြောင့်​ပါတဲ့။ ဘိုး​တောက်​စ်​ထိုးတာ​တော့ တစ်​ခါလုပ်​ဖူး​ပေမယ့်​ အ​ကြောင်းမထူးဘူးလို့ထင်​သလို ခံစားမှုကိုလည်း သူကမကြိုက်​ပါဘူး။ ဒါ​ပေမယ့်​ ဆံပင်​နက်​​မှောင်​​အောင်​​တော့ ​ဆေးဆိုးတတ်​တယ်​လို့ ကိုယ်​တို​င်​ဝန်​ခံထားပါတယ်​။

ပုံမှန်​ ​အိပ်​ရာဝင်​ချိန်

သူက သိပ်​​သေချာပါတယ်​။ တစ်​ညလုံးအချိန်​ဖြုန်း၊ ရုပ်​ရှင်​ထိုင်​ကြည့်​​နေတာက သူ့ကျန်းမာ​ရေးကို အကျိုးမဖြစ်​​စေဘူး ဆိုတာပါ။ ညကို ၁၁ နာရီထက်​ ​နောက်​မကျဘဲ အိပ်​ရာဝင်​တယ်​။ မနက်​ကို​စော​စောထတယ်​။ အိပ်​ချိန်​မှာ အိပ်​​ရေးဝ​နေဖို့အတွက်​ မအိပ်​ခင်​ ၅ နာရီအလိုကတည်းက ဘာမှမစား​တော့ဘဲ ​နေတယ်​။ သူက​တော့ ညဘက်​ကိုအလုပ်​လုပ်​​နေတာထက်​ အိပ်​​ရေးဝဝနိုးပြီး တစ်​​နေကုန်​ လန်းဆန်းမှုနဲ့ အလုပ်​လုပ်​ရတာက ပိုတန်​ဖိုးရှိတယ်​လို့ ခံယူပါတယ်​။

သူ လုပ်​သမျှအလုပ်​တို​င်း ရိုးရိုးရှင်းရှင်းပါပဲ။ အိပ်​​ရေးဝ​အောင်​အိပ်​တယ်​။ ကျန်းမာ​ရေးနဲ့ညီညွတ်​​အောင်​စား​သောက်​တယ်​။ ဘဝကို ရိုးစင်းစွာနဲ့ပဲ ရပ်​တည်​ဖြတ်​သန်းတယ်​။ ​နေထို​င်​မှု ဘဝပုံစံက တကယ့်​အတုယူစရာ အားကျစရာပါ။ တစ်​ခုပါပဲ… တစ်​သက်​လုံးစာ ​ရေရှည်​ သူ့လို​နေထိုင်​သွားနို​င်​မလားဆိုတာက​တော့…..။

Zaw (H2H)

LEAVE A REPLY

Please enter your comment!
Please enter your name here