အသည်းကွဲနေတဲ့ကလေးတွေကို အားပေးလိုက်တဲ့ နန်းသီရိမောင်

0
232

အမိုက်စား ခန္ဓာကိုယ်နဲ့ Sexy ပုံလေးတွေ ရိုက်ပြီး တင်တတ်တဲ့ မော်ဒယ်မလေး နန်းသီရိမောင်ကိုတော့ ပုရိသတော်တော်များများ သတိထားမိကြမယ် ထင်ပါတယ်။ တကယ်ကို ခပ်လန်းလန်းပုံလေးတွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေမှုပေးနေတဲ့ နန်းသီရိမောင်ကတော့ အချစ်အကြောင်းနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ ထို့နောက် အသည်းကွဲနေတဲ့ ကလေးတွေကိုလည်း အကြံဥာဏ်ပေးခဲ့ပါသေးတယ်။


နန်းသီရိမောင်ကတော့ အချစ်ကို ဘယ်လိုသတ်မှတ်လဲဆိုတဲ့ အပေါ်မှာ “အခုခေတ်မှာ အချစ်စစ်က ရှားပါးလာတယ်။ တတ်နိုင်သမျှတော့ မေတ္တာထားနိုင်တဲ့လူ ဖြစ်အောင်နေပါတယ်။ အကောင်းမြင်တဲ့စိတ်များများ မွေးပါတယ်။ မေတ္တာတရား ခေါင်းပါးလာတဲ့ အပေါ်မှာ မေတ္တာထားနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်”

အသည်းကွဲတာမျိုးကော ခံစားဖူးလားဆိုတဲ့အပေါ်မှာတော့ “ခံစားဖူးပါတယ်။ အချစ်မှာတော့ အသည်းကွဲခြင်း ခံစားရခြင်းကတော့ အနှစ်ပါပဲ။ ဘာလို့လည်းဆိုတော့ ဒီလိုနာတဲ့ဖက်ကနေပဲ ရဲရင့်မှုတွေက ရောက်ရှိလာတာလေ။ အဲ့အတွက်လည်း ကြိုက်ပါတယ် အဲ့လိုမျိုးတွေကို”

အချစ်ရဲ့ အနက်အဓိပ္ပါယ်ကို ဖွင့်ဆိုထားတဲ့အပေါ်မှာ “နန်းဖွင့်ဆိုထားတဲ့ အချစ်က နားလည်မှုရယ် သည်းခံမှုရယ်ရှိတဲ့ အချစ်ပေါ့။ တဖက်ထဲကိုပြောတာ မဟုတ်ပါဘူး။ နှစ်ဖက်မျှမှ သည်းခံခြင်း နားလည်မှုရှိခြင်းတွေ ရှိမှ အဆင်ပြေမှာပါ”

“အသည်းတွေလည်း ကွဲဖူးပါတယ်။ ၂ ခါ ၃ ခါလောက် ဘယ်လိုခံစားရလဲဆိုတော့ အရမ်းစပ်တယ်။ အသည်းကွဲတာကလည်း ငယ်ငယ်တုန်းကပေါ့။ ခုအသက်ကြီးတဲ့အချိန် ပြန်တွေးတော့ ကိုယ်တွေက ငပေါကြီးလိုပဲ။ အသည်းကွဲနေတဲ့ ကလေးလေးတွေကိုလည်း ပြောချင်ပါတယ်။ ကိုယ်လုပ်စရာတွေ အများကြီး ရှိသေးတယ်။ အကြာကြီးအသည်းမကွဲပါနဲ့။ သီချင်းတွေ နားထောင်ပြီး မျော်လွင့်ပါ။ ဒါကြီးက ဘဝမဟုတ်ပါဘူး။ ကိုယ့်အတွက် ဘဝဖြစ်စေမယ့် အကြောင်းရာတွေက ဘုရားကဖန်ဆင်းပေးထားပါတယ်။ ကိုယ်နဲ့ ကံပါတဲ့သူက ကိုယ့်နားရောက်လာမှာပါ။ အချစ်ကိုလိုက်ပြီးတော့ မရှာပါနဲ့။ သူ့ဟာသူရောက်လာပါလိမ့်မယ်”

“အချစ်တွေကတော့ ရောက်ရောက်လာတာပဲလေ။ ဘယ်လိုလေးတွေ ဆန်းဆန်းလေးတွေ ချစ်မလဲဆိုတာကို တွေးထားပါတယ်။ နှစ်သစ်မှာလည်း စိတ်ညစ်စရာတွေ ထားခဲ့ပြီး အကောင်းဆုံးပြုံးပါ။ နန်းကိုလည်း ဆက်အားပေးနေပါ” လို့ ပြောကြားသွား ခဲ့ပါတယ်။