အသည္းကြဲၿပီးေနာက္မွာျမန္ျမန္ဆန္ဆန္ ခ်စ္သူသစ္ရသြားတဲ့ Adele

Never mind I’ll find, someone like you.. ဆိုတဲ့ Adele ကေတာ့ တကယ္ၾကီးကုိပဲ someone like you ကုိျမန္ျမန္ၾကီးရွာေတြ႕သြားတဲ့ပံုပါပဲ။ Adele ဟာ မၾကာေသးမီကမွ ခင္ပြန္းျဖစ္သူ Simon Konecki နဲ႔ ကြာရွင္းခြင့္ေတာင္းထားတာျဖစ္ျပီး Simon နဲ႔ ျပတ္စဲျပီးမၾကာမီပဲခ်စ္သူအသစ္ရေနျပီလို႔ိုဆိုပါတယ္။ Adele ဟာ သူ႔ရဲ႕ကုိယ္ပုိင္ဘဝကို လ်ိဳ႕ဝွက္သိုသိပ္စြာေနေလ့ရွိတာေၾကာင္ Adele နဲ႔ သူ႔ထက္ အသက္ 14 နွစ္ေလာက္ၾကီးတဲ့ Simon နဲ႔ အျမဲတမ္းၾကည္နူးသာယာေနၾကတာကုိပဲပရိသတ္ေတြက ျမင္ခဲ့ရျပီး သူတို႔နွစ္ေယာက္ကို အားက်ေနခဲ့ၾကရတာျဖစ္ပါတယ္။ အဲဒီလို ပရိသတ္ေတြကေရာ တစ္ကမၻာလံုးကပါဝုိင္းအားက်ခဲ့ၾကရတဲ့ Adele တို႔ဇနီးေမာင္နွံကြာရွင္းေတာ့မယ္ဆိုေတာ့ အားလံုးက မယုံနိုင္ေအာင္ျဖစ္ခဲ့ရတာပါ။

Adele က ခင္ပြန္းျဖစ္သူနဲ႔ ကြာရွင္းရျခင္းအေၾကာင္းကို ဘာရယ္လို႔တိတိက်က်မေျပာထားခဲ့ေပမယ့္ ေကာလဟလေတြအရေတာ့ အေနကြာေဝးမႈေၾကာင့္လို႔ဆိုပါတယ္။ LA နဲ႔ New York မွာပဲေပ်ာ္ျပီး အလုပ္ေတြလုပ္တတ္တဲ့ Adele နဲ႔  UK မွာပဲ ေနထုိင္ျပီးအလုပ္လုပ္ရတာအဆင္ေျပတဲ့ Simonနဲ႔ဟာ ဘယ္လိုမွညွိမရတဲ့ ျပႆနာေတြျဖစ္ခဲ့ၾကတယ္လို႔သူတို႔ဇနီးေမာင္နွံရဲ႕အိမ္နီးခ်င္းေတြေျပာစကားအရ သိရပါတယ္။ အဲဒီလိုနဲ႔ နွစ္ေတြအၾကာၾကီးခ်စ္လာတဲ့ Simon နဲ႔ ျပတ္စဲျပီးေနာက္မွာ Adele က သိပ္မၾကာလိုက္ပဲ ခ်စ္သူအသစ္ရသြားခဲ့ပါျပီ။ အသည္းေတြဘာေတြကြဲမေနလိုက္ပဲ ခ်က္ခ်င္းၾကီးကို ခ်စ္သူအသစ္ရသြားတဲ့ Adele ေၾကာင့္ ပရိသတ္ေတြက အံ့ၾသေနၾကရပါတယ္။



Adele က ခ်စ္သူအသစ္ရသြားျပီလို႔ အတိအက်ဝန္ခံလိုက္တာမ်ိဳးမဟုတ္ေပမယ့္ Skepta ဆိုတ့ဲ့ အဆိုေတာ္ေကာင္ေလးနဲ႔ ၾကိတ္ပုန္းခုတ္ေနတယ္ဆိုတဲ့သတင္းေတြကဟိုက ဒီကထြက္လာျပီး Adele က အဲဒီသတင္းေတြကုိျငင္းဆိုထားျခင္းမရွိေသးပါဘူး။Skepta ဟာ British အဆိုေတာ္ေလးျဖစ္ျပီး ေကာင္မေလးေတြပါးစပ္ဖ်ားမွာ ေရပန္းစားသူျဖစ္သလုိ မၾကာေသးမီကမွ ခ်စ္သူနဲ႔လမ္းခြဲထားသူလည္းျဖစ္ပါတယ္။ Adele နဲ႔ Skepta ဟာ ဟုိးအရင္ကတည္းကသူငယ္ခ်င္းေတြျဖစ္ခဲ့ၾကျပီး သူတို႔နွစ္ေယာက္ရဲ႕သူငယ္ခ်င္းေတြက တစ္ေန႔ေန႔မွာ သူတို႔နွစ္ဦးခ်စ္သူေတြျဖစ္သြားမယ္လို႔ေမွ်ာ္လင့္ေနၾကတာပါတဲ့။




Adele နဲ႔ Skepta ဟာ လက္ရွိမွာ အတူတူတြဲသြားတြဲလာလုပ္ေနၾကျပီး ေပ်ာ္ရႊင္ေနၾကသလို နွစ္ေယာက္စလံုးက အဆိုေတာ္အနုပညာရွင္ေတြျဖစ္တဲ့အေလ်ာက္သီခ်င္းေတြအတူူတူဖန္တီးၾကဖို႔ရွိလာမလားလို႔လည္း ပရိသတ္ေတြက ခန္႔မွန္းေနၾကတာျဖစ္ပါတယ္။ Adele က Skepta နဲ႔ဆိုရင္အျမဲလိုျပံဳးရႊင္ရယ္ေမာေနတဲ့အျပင္ Skepta ကလည္း Adele ကုိသူငယ္ခ်င္းတစ္ေယာက္လိုေရာ ခ်စ္သူတစ္ေယာက္လိုပါ ဂရုစိုက္ၾကင္နာမႈေတြျပေနတာေၾကာင့္ သူတို႔နွစ္ဦးကုိ ပရိသတ္ေတြက သေဘာတူေနၾကပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ Adele ကုိ အားေပးၾကလား။ Adele နဲ႔ သူ႔ရဲ႕ခ်စ္သူအသစ္ကိုေရာ သေဘာတူၾကလား။ေျပာခဲ့ၾကပါဦး။

Unicode



Never mind I’ll find, someone like you.. ဆိုတဲ့ Adele ကတော့ တကယ်ကြီးကိုပဲ someone like you ကိုမြန်မြန်ကြီးရှာတွေ့သွားတဲ့ပုံပါပဲ။ Adele ဟာ မကြာသေးမီကမှ ခင်ပွန်းဖြစ်သူ Simon Konecki နဲ့ ကွာရှင်းခွင့်တောင်းထားတာဖြစ်ပြီး Simon နဲ့ ပြတ်စဲပြီးမကြာမီပဲချစ်သူအသစ်ရနေပြီလိို့ုဆိုပါတယ်။ Adele ဟာ သူ့ရဲ့ကိုယ်ပိုင်ဘဝကို လျို့ဝှက်သိုသိပ်စွာနေလေ့ရှိတာကြောင် Adele နဲ့ သူ့ထက် အသက် 14 နှစ်လောက်ကြီးတဲ့ Simon နဲ့ အမြဲတမ်းကြည်နူးသာယာနေကြတာကိုပဲပရိသတ်တွေက မြင်ခဲ့ရပြီး သူတို့နှစ်ယောက်ကို အားကျနေခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီလို ပရိသတ်တွေကရော တစ်ကမ္ဘာလုံးကပါဝိုင်းအားကျခဲ့ကြရတဲ့ Adele တို့ဇနီးမောင်နှံကွာရှင်းတော့မယ်ဆိုတော့ အားလုံးက မယုံနိုင်အောင်ဖြစ်ခဲ့ရတာပါ။

Adele က ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းရခြင်းအကြောင်းကို ဘာရယ်လို့တိတိကျကျမပြောထားခဲ့ပေမယ့် ကောလဟလတွေအရတော့ အနေကွာဝေးမှုကြောင့်လို့ဆိုပါတယ်။ LA နဲ့ New York မှာပဲပျော်ပြီး အလုပ်တွေလုပ်တတ်တဲ့ Adele နဲ့ UK မှာပဲ နေထိုင်ပြီးအလုပ်လုပ်ရတာအဆင်ပြေတဲ့ Simonနဲ့ဟာ ဘယ်လိုမှညှိမရတဲ့ ပြဿနာတွေဖြစ်ခဲ့ကြတယ်လို့သူတို့ဇနီးမောင်နှံရဲ့အိမ်နီးချင်းတွေပြောစကားအရ သိရပါတယ်။ အဲဒီလိုနဲ့ နှစ်တွေအကြာကြီးချစ်လာတဲ့ Simon နဲ့ ပြတ်စဲပြီးနောက်မှာ Adele က သိပ်မကြာလိုက်ပဲ ချစ်သူအသစ်ရသွားခဲ့ပါပြီ။ အသည်းတွေဘာတွေကွဲမနေလိုက်ပဲ ချက်ချင်းကြီးကို ချစ်သူအသစ်ရသွားတဲ့ Adele ကြောင့် ပရိသတ်တွေက အံ့သြနေကြရပါတယ်။

Adele က ချစ်သူအသစ်ရသွားပြီလို့ အတိအကျဝန်ခံလိုက်တာမျိုးမဟုတ်ပေမယ့် Skepta ဆိုတဲ့့ အဆိုတော်ကောင်လေးနဲ့ ကြိတ်ပုန်းခုတ်နေတယ်ဆိုတဲ့သတင်းတွေကဟိုက ဒီကထွက်လာပြီး Adele က အဲဒီသတင်းတွေကိုငြင်းဆိုထားခြင်းမရှိသေးပါဘူး။Skepta ဟာ British အဆိုတော်လေးဖြစ်ပြီး ကောင်မလေးတွေပါးစပ်ဖျားမှာ ရေပန်းစားသူဖြစ်သလို မကြာသေးမီကမှ ချစ်သူနဲ့လမ်းခွဲထားသူလည်းဖြစ်ပါတယ်။ Adele နဲ့ Skepta ဟာ ဟိုးအရင်ကတည်းကသူငယ်ချင်းတွေဖြစ်ခဲ့ကြပြီး သူတို့နှစ်ယောက်ရဲ့သူငယ်ချင်းတွေက တစ်နေ့နေ့မှာ သူတို့နှစ်ဦးချစ်သူတွေဖြစ်သွားမယ်လို့မျှော်လင့်နေကြတာပါတဲ့။

Adele နဲ့ Skepta ဟာ လက်ရှိမှာ အတူတူတွဲသွားတွဲလာလုပ်နေကြပြီး ပျော်ရွှင်နေကြသလို နှစ်ယောက်စလုံးက အဆိုတော်အနုပညာရှင်တွေဖြစ်တဲ့အလျောက်သီချင်းတွေအတူူတူဖန်တီးကြဖို့ရှိလာမလားလို့လည်း ပရိသတ်တွေက ခန့်မှန်းနေကြတာဖြစ်ပါတယ်။ Adele က Skepta နဲ့ဆိုရင်အမြဲလိုပြုံးရွှင်ရယ်မောနေတဲ့အပြင် Skepta ကလည်း Adele ကိုသူငယ်ချင်းတစ်ယောက်လိုရော ချစ်သူတစ်ယောက်လိုပါ ဂရုစိုက်ကြင်နာမှုတွေပြနေတာကြောင့် သူတို့နှစ်ဦးကို ပရိသတ်တွေက သဘောတူနေကြပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော Adele ကို အားပေးကြလား။ Adele နဲ့ သူ့ရဲ့ချစ်သူအသစ်ကိုရော သဘောတူကြလား။ပြောခဲ့ကြပါဦး။