အားလုံးအံ့သြသွားတဲ့ ​ မီရှဲလ်​အိုဘားမား ရဲ့ မြန်​မာ​ငွေ သိန်း၆၀ တန်​ ဖိနပ်

0
80

အခု​ပြောပြ​ပေးချင်​တာက မီရှဲလ်​အိုဘားမား ပွဲတက်​လာတဲ့ ဖက်​ရှင်​အ​နေနဲ့ သူစီးလာခဲ့တဲ့ ဖိနပ်​က အင်​တာနက်​မှာ အ​တော်​​လေး​ဟော့သွားပါတယ်​။ မီရှဲလ်​ကို Fashion Killer လို့​တောင်​ ဝိုင်းဝန်းပြီး သမုတ်​ကြရတဲ့အထိပါပဲ။

မီရှဲလ်​ က အ​မေရိကန်​မှာ ​ရောင်းအားအမြင့်​ဆုံးဖြစ်​ခဲ့တဲ့ သူ့ရဲ့ ကိုယ်​တိုင်​​ရေးဘဝမှတ်​တမ်းစာအုပ်​ “Becoming” အတွက်​ကိုယ်​စားပြုပြီး ဘာက​လေစင်​တာက ပွဲစင်​မြင့်​ကို တက်​​ရောက်​လာခဲ့ပါတယ်​။ ဒီမှာ​တော့ မြင်​​တွေ့ရသူ​တွေ ပရိသတ်​အ​ပေါင်း ဘာ​ကြောင့်​ပါးစပ်​အ​ဟောင်းသားဖြစ်​သွားခဲ့ရသလဲ အထင်းသား​တွေ့မြင်​နိုင်​ပါတယ်​။

မီရှဲဟာ စပိန်​အ​ခြေစိုက်​ Balenciaga ဖက်​ရှင်​အမှတ်တံဆိပ်​​​ရဲ့ ဒီဇိုင်း​တွေကို ​ခေါင်းအစ ​ခြေအဆုံး ​ရွှေ​ရောင်​တလက်​လက်​ထ​နေ​အောင်​ကို ဝတ်​စားဆင်​ယင်​လာခဲ့ပါတယ်​။ အထူးခြားဆုံးက​တော့ သူစီးလာတဲ့ ​ဒေါက်​ဖိနပ်​ပါပဲ။ လူ​ပြောသူ​ပြောများ​စေ​အောင်​ကို အစီအစဉ်​တစ်​ခုလုံးကို ဒီ​ဒေါက်​ဖိနပ်​က သိမ်းပိုက်​သွားတယ်​။

လူ​တွေရဲ့အာရုံက ဒီဖိနပ်​မှာပဲ ရှိ​နေခဲ့ပြီး အ​မေရိကန်​​ဒေါ်လာ ၃၉၀၀ ၊ မြန်​မာ​ငွေ သိန်း ၆၀ တန်​​ကြေးရှိတယ်​လို့သိရပါတယ်​။ မီရှဲလ်​ နဲ တွဲမြင်​​နေရတာ လိုက်​ဖက်​​နေခဲ့သလို ​ပေါင်​​အရှည်​အထိ ဆွဲတင်​ထားရတဲ့ ဖိနပ်​မျိုးဖြစ်​ပါတယ်​။ ဖိနပ်​ဆိုတာထက်​ကို အနုပညာလက်​ရာပိုဆန်​​နေပြီး ​ရွှေသားစီးကွင့််​​တွေနဲ့ အနုစိတ်​ဖန်​တီးထားတာ မြင်​ကြရမှာပါ။

ဒေါက်​အမြင့်​ ၄.၃ လက်​မရှိ ရတနာ​တွေစီခြယ်​ထားတာ ဖြစ်​ပါတယ်​။ မီရှဲလ်​ကိုယ်​တို​င်​ကလည်း သူ ဒီ​ဒေါက်​ဖိနပ်​ကိုစီးလိုက်​တာနဲ့ လူ​တွေ ဒီဖိနပ်​နဲ့ပတ်​သက်​ပြီး အခုလို မီး​မောင်းဝိုင်းထိုးကြမှာကို ကြိုသိ​နေ​ကြောင်း ဝန်​ခံခဲ့ပါတယ်​။

” လူ​တွေအတွက်​ ​ပြောဆိုစရာတစ်​ခုဖြစ်​သွားမှာကို ကျွန်​မသိပ်​သိတာ​ပေါ့။ ကျွန်​မကိုယ်​တိုင်​ကလည်း ဒီလို အာရုံစိုက်​မှု​တွေနဲ့ လူငယ်​ဒီဇိုင်​နာလက်​သစ်​​တွေအတွက်​ လမ်းဖွင့်​​ပေးလိုတဲ့ ရည်​ရွယ်​ချက်​ ရှိပါတယ်​။ သူတို့က အင်မတန်​​အရည်​အချင်းရှိတယ်​။ ဒါ​ပေမယ့်​ ထိုက်​တန်​တဲ့ အသိအမှတ်​ပြုမှုကို ရရှိကြတာ​တော့နည်းတယ်​။

လူ​တွေရဲ့အာရုံစိုက်​မှုကို ရပြီဆိုတာနဲ့ ဒါ​ဟာ သူတို့ရဲ့ဘဝတက်​လမ်းကိုပါ ​ပြောင်းလဲသွား​စေနို​င်​တယ်​။ ဒါ​ကြောင့်​ ကျွန်​မကိုယ်​တို​င်​က အခုလို ပွဲတက်​ဝတ်​ဆင်​လာတာဖြစ်​တယ်​။ မျက်​နှာသစ်​​တွေအတွက်​ အခွင့်​အ​ရေး​တွေ ရ​စေလိုပါတယ်​။ ” လို့ မီရှဲလ်​က ပွင့်​ပွင့်​လင်းလင်း ​ပြောသွားခဲ့ပါတယ်​။

Zaw (H2H)