အိမ္နီးခ်င္းေတြကုိ နည္းလမ္းတစ္မ်ိဳးနဲ႔ဒုကၡေပးလိုက္ျပန္တဲ့ Ed Sheeran

Ed Sheeran ဟာ ဘဝမွာ အိမ္နီးခ်င္းေတြနဲ႔ရန္ျဖစ္ဖို႔မ်ားေမြးလာသလားလို႔ဆိုရမတတ္ပါပဲ ။ အရင္တစ္ခါက Ed Sheeran က သူ႔အိိမ္ကုိသူ႔စိတ္ၾကိဳက္ပံုေဖာ္ျပီးျပင္ဆင္ေဆာက္ေနတာေတြေၾကာင့္ေရာ ပါတီေတြေပးတာေတြေၾကာင့္ပါ အိ္မ္နီးခ်င္းေတြက ဆူညံတယ္ဆိုျပီးျပႆနာရွာၾကလုိ႔ ေဘးပတ္ပတ္လည္ကအိမ္ေတြကုိ ေပါင္ ေလးသန္းအကုန္ခံျပီးဝယ္ခ်ပစ္လိုက္တဲ့ သတင္းကုိမွတ္မိၾကဦးမွာပါ။ အဲဒီမတုိင္ခင္ကလည္း Ed Sheeran က အမ်ိဳးမိ်ဳးေသာ အေၾကာင္းျပခ်က္ေတြနဲ႔ အိမ္နီးခ်င္းေတြရဲ႕တို္င္ၾကားမႈေတြကုိခံရပါေသးတယ္တဲ့။

အခုလည္း Ed က အိမ္နီးခ်င္းေတြကို စိတ္ညစ္ေအာင္လုပ္လုိ္က္ျပန္ပါျပီ။ ဘာသာတရားကုိင္းရိႈင္းတဲ့ Ed Sheeran ဟာ သူ႔အိမ္နဲ႔အနီးတဝိုက္မွာ စုေပါင္းဆုေတာင္းပြဲေနရာအေဆာက္အဦးစီစဥ္ေနျပန္ပါျပီတဲ့။ Ed Sheeran ဟာ သူ႔ရဲဲ႕ကုိယ္ပိုင္ရြာအေသးစားေလးလို႔ဆိုရမယ့္ Sheeranville ကို ေဆာက္ေနတာအခ်ိန္အနည္းငယ္ၾကာျပီျဖစ္ျပီးအဲဒီထဲမွာ Chapel တစ္ခုကုိပါထည့္ေဆာက္မယ္လုပ္ခဲ့ပါေသးတယ္။ ဒါေပမယ့္ ရပ္ကြက္နဲ႔ အိမ္နီးနားခ်င္းေတြက ကန္႔ကြက္ခဲ့ၾကျပီးအဲဒီလိုထည့္ေဆာက္ဖို႔ရာလည္း ခြင့္ျပဳျခင္းမခံခဲ့ရတာေၾကာင့္ ေဆာက္ခြင့္မရခဲ့ပါဘူး။အဲဒါေၾကာင့္ Ed Sheeran က စုေပါင္းဆုေတာင္းပြဲလုပ္လို႔ရတဲ့ ေနရာတစ္ခုစီစဥ္ျပီး အေဆာက္အဦးတစ္ခုေဆာက္္ဖို႔လုပ္ေနခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။



အဲဒီအေဆာက္အဦးဟာ Church တစ္ခုလိုပဲလုပ္ငန္းေဆာင္တာေတြကုိလုပ္ေဆာင္သြားမွာျဖစ္ျပီး မဂၤလာေဆာင္တာေတြ၊ ဆုေတာင္းပြဲေတြနဲ႔ အျခားဘာသာေရးပြဲေတြလုပ္ဖို႔ေနရာတစ္ခုလည္းျဖစ္တယ္လုိ႔သိရပါတယ္။ ဒီလိုေနရာတစ္ခုကုိတည္ေဆာက္ဖို႔အၾကံကေတာ့ Ed Sheeran ရဲ႕ ေယာက္ဖျဖစ္သူရဲ႕အၾကံအစည္ပါတဲ့။ ဒါေပမယ့္ ဒီအၾကံအစည္နဲ႔ပတ္သက္ျပီး Ed Sheeran ရဲ႕ က်န္ရွိေနေသးတဲ့ အိမ္နီးခ်င္းေတြက မနွစ္ျမိဳ႕ၾကပဲ စိတ္ဒုကၡေရာက္ေနၾကေၾကာင္းသိရပါတယ္။ အိမ္နီးခ်င္းေတြက Ed Sheeran ရဲ႕ လုပ္ရပ္ေတြကို တုိင္ၾကားထားၾကတယ္လို႔သိရျပီး ဒီတစ္ၾကိမ္မွာေတာ့ Ed Sheeran က ဘယ္လိုတံု႔ျပန္မလဲဆိုတာေစာင့္ၾကည့္ရဦးမွာပါ။




Ed Sheeran ဟာ မၾကာေသးမီကမွ ဇနီးျဖစ္သူ Cherry Seaborn ကုိ လက္ထပ္ထားခဲ့တာျဖစ္ျပီး လတ္တေလာမွာေတာ့ ဂီတေလာကက ခဏတာအနားယူျပီးခ်စ္တဲ့ ဇနီးနဲ႔ မိသားစုကိုအာရံုစိုက္ေနျပီး သူ႔ရဲ႕ Sheeranvilleတည္ေဆာက္ဖို႔ကိစၥရပ္ေတြမွာ ဘဝကိုနွစ္ျမဳပ္ထားတာလည္းျဖစ္ပါတယ္။  ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ Ed Sheeran ကုိခ်စ္ၾကလား။ Ed ရဲ႕ သီခ်င္းအသစ္ေတြထြက္လာရင္ေရာအားေပးၾကမွာလား။ေျပာခဲ့ဲပါဦး။

Unicode



Ed Sheeran ဟာ ဘဝမှာ အိမ်နီးချင်းတွေနဲ့ရန်ဖြစ်ဖို့များမွေးလာသလားလို့ဆိုရမတတ်ပါပဲ ။ အရင်တစ်ခါက Ed Sheeran က သူ့အိိမ်ကိုသူ့စိတ်ကြိုက်ပုံဖော်ပြီးပြင်ဆင်ဆောက်နေတာတွေကြောင့်ရော ပါတီတွေပေးတာတွေကြောင့်ပါ အိ်မ်နီးချင်းတွေက ဆူညံတယ်ဆိုပြီးပြဿနာရှာကြလို့ ဘေးပတ်ပတ်လည်ကအိမ်တွေကို ပေါင် လေးသန်းအကုန်ခံပြီးဝယ်ချပစ်လိုက်တဲ့ သတင်းကိုမှတ်မိကြဦးမှာပါ။ အဲဒီမတိုင်ခင်ကလည်း Ed Sheeran က အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ အိမ်နီးချင်းတွေရဲ့တို်င်ကြားမှုတွေကိုခံရပါသေးတယ်တဲ့။

အခုလည်း Ed က အိမ်နီးချင်းတွေကို စိတ်ညစ်အောင်လုပ်လို်က်ပြန်ပါပြီ။ ဘာသာတရားကိုင်းရှိုင်းတဲ့ Ed Sheeran ဟာ သူ့အိမ်နဲ့အနီးတဝိုက်မှာ စုပေါင်းဆုတောင်းပွဲနေရာအဆောက်အဦးစီစဉ်နေပြန်ပါပြီတဲ့။ Ed Sheeran ဟာ သူ့ရဲဲ့ကိုယ်ပိုင်ရွာအသေးစားလေးလို့ဆိုရမယ့် Sheeranville ကို ဆောက်နေတာအချိန်အနည်းငယ်ကြာပြီဖြစ်ပြီးအဲဒီထဲမှာ Chapel တစ်ခုကိုပါထည့်ဆောက်မယ်လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ရပ်ကွက်နဲ့ အိမ်နီးနားချင်းတွေက ကန့်ကွက်ခဲ့ကြပြီးအဲဒီလိုထည့်ဆောက်ဖို့ရာလည်း ခွင့်ပြုခြင်းမခံခဲ့ရတာကြောင့် ဆောက်ခွင့်မရခဲ့ပါဘူး။အဲဒါကြောင့် Ed Sheeran က စုပေါင်းဆုတောင်းပွဲလုပ်လို့ရတဲ့ နေရာတစ်ခုစီစဉ်ပြီး အဆောက်အဦးတစ်ခုဆောက််ဖို့လုပ်နေခဲ့တာဖြစ်ကြောင်းသိရပါတယ်။

အဲဒီအဆောက်အဦးဟာ Church တစ်ခုလိုပဲလုပ်ငန်းဆောင်တာတွေကိုလုပ်ဆောင်သွားမှာဖြစ်ပြီး မင်္ဂလာဆောင်တာတွေ၊ ဆုတောင်းပွဲတွေနဲ့ အခြားဘာသာရေးပွဲတွေလုပ်ဖို့နေရာတစ်ခုလည်းဖြစ်တယ်လို့သိရပါတယ်။ ဒီလိုနေရာတစ်ခုကိုတည်ဆောက်ဖို့အကြံကတော့ Ed Sheeran ရဲ့ ယောက်ဖဖြစ်သူရဲ့အကြံအစည်ပါတဲ့။ ဒါပေမယ့် ဒီအကြံအစည်နဲ့ပတ်သက်ပြီး Ed Sheeran ရဲ့ ကျန်ရှိနေသေးတဲ့ အိမ်နီးချင်းတွေက မနှစ်မြို့ကြပဲ စိတ်ဒုက္ခရောက်နေကြကြောင်းသိရပါတယ်။ အိမ်နီးချင်းတွေက Ed Sheeran ရဲ့ လုပ်ရပ်တွေကို တိုင်ကြားထားကြတယ်လို့သိရပြီး ဒီတစ်ကြိမ်မှာတော့ Ed Sheeran က ဘယ်လိုတုံ့ပြန်မလဲဆိုတာစောင့်ကြည့်ရဦးမှာပါ။

Ed Sheeran ဟာ မကြာသေးမီကမှ ဇနီးဖြစ်သူ Cherry Seaborn ကို လက်ထပ်ထားခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ ဂီတလောကက ခဏတာအနားယူပြီးချစ်တဲ့ ဇနီးနဲ့ မိသားစုကိုအာရုံစိုက်နေပြီး သူ့ရဲ့ Sheeranvilleတည်ဆောက်ဖို့ကိစ္စရပ်တွေမှာ ဘဝကိုနှစ်မြုပ်ထားတာလည်းဖြစ်ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော Ed Sheeran ကိုချစ်ကြလား။ Ed ရဲ့ သီချင်းအသစ်တွေထွက်လာရင်ရောအားပေးကြမှာလား။ပြောခဲဲ့ပါဦး။