အိမ္ေထာင္တစ္ခုကုိနွစ္ေတြအၾကာၾကီးထိန္းသိမ္းထားနုိင္တဲ့ ကမၻာေက်ာ္ေတြ

ေလာကမွာေမတၱာစစ္နဲ႔နားလည္မႈေပးၿပီးဆယ္စုႏွစ္မ်ားစြာဘဝလက္တြဲေဖာ္ျဖစ္ဖို႔မလြယ္ပါဘူး။တစ္ဦးနဲ႔တစ္ဦးေငြေၾကာင့္ျဖစ္ေစ၊စီးပြားေရးအဆင္မေျပမႈနဲ့၊သူ႔စ႐ိုက္ကိုယ့္စ႐ိုက္ခြင့္လႊတ္နားလည္ေပးမႈေတြမရိွခဲ့ရင္အိမ္ေထာင္တစ္ခုဟာအခ်ိန္တိုတိုေလးနဲ႔ၿပိဳကြဲပ်က္စီးသြားမွာေသခ်ာပါတယ္။ႏိုင္ငံတကာကထင္႐ွားေက်ာ္ျကားတဲ႕မင္းသားမင္းသမီးေတြရဲ႕အိမ္ေထာင္သက္ခိုင္ျမဲပံုကေတာ့အံ႕ျသစရာပါပဲ။

Tom Hanks and Rita Wilson



အေမရိကန္မင္းသားျကီးTom Hankနဲ႔သ႐ုပ္ေဆာင္၊အဆိုေတာ္Rita Wilsonတို႔ႏွစ္ဦးရဲ႕အိမ္ေထာင္ေရးကေတာ့ခ်ီးက်ဴးစရာပါ။သူတို႔ႏွစ္ေယာက္က၁၉၈၈ကလက္ထပ္ခဲ့ၾကတယ္။သားႏွစ္ေယာက္ရခဲ့ၾကပါတယ္။Hankရဲ႕အရင္အိမ္ေထာင္နဲ႔လည္းကေလးႏွစ္ေယာက္ရိွပါေသးတယ္။ဒါေပမယ့္ႏွစ္ေယာက္လံုးၾကည္ျဖဴစြာေပါင္းသင္းခဲ့ၾကတာပါပဲ။Hankရဲ႕အိမ္ကိုဘယ္ကင္မရာမင္း၊ဘယ္သတင္းေထာက္မွမလာခဲ့ဖူးပါဘူးတဲ့။သူတို႔ရဲ႕မိသားစုကိစၥေတြကိုလည္းဘယ္ေတာ့မွခင္းက်င္းျပေလ့မရိွပါဘူးလို႔ေျပာျပခဲ့ပါတယ္။ဒီအခ်က္ေတြကအိမ္ေထာင္ေရးမွာျပႆနာမျဖစ္ေစနိုင္တဲ့အခ်က္ေတြပါပဲ။ဒါေၾကာင့္သူတို႔အိမ္ေထာင္ေရးကအႏွစ္၃၀ခိုင္ျမဲခဲ့ၾကပါတယ္။

Kevin Kline နဲ႔ Phoebe Cates




အေမရိကန္သ႐ုပ္ေဆာင္အကယ္ဒမီကီဘီကလိုင္းနဲ႔ဆယ္ေက်ာ္သက္လဴငယ္တို႔အသဲစြဲခဲ့ၾကရတဲ့မင္းသမီးေလးဖိုဘီကိတ္စ္တို႔ကေတာ့၁၉၈၉ခုကတည္းကမဂၤလာေဆာင္ခဲ့ုကတာပါ။သူတို႔မွာကေလးႏွစ္ေယာက္ရခဲ့တဲ့အခ်ိန္ထိအခ်စ္မပ်က္ခဲ့ၾကပါဘူး။သူတို႔နွစ္ဦးရဲ႕အိမ္ေထာင္သက္ခိုင္ျမဲျခသ္းရဲ႕လ်ိဳွ့ဝွက္ခ်က္ကေတာ့ကီဝီဗ္ရဲ႕သေဘာထားေပၚမူတည္ေနတယ္လို႔ေျပရပါမယ္။သူ႔အေျပာကေတာ့၊ကြၽန္ေတာ့ကကိုယ့္အေၾကာင္းေတြသူမ်ားကိုထုတ္ေျပာျပတာမႀကိဳက္သလို၊သူမ်ားအေၾကာင္းေျပာတာလည္းမႀကိဳက္ပါဘူး..တဲ့။Kevinနဲ႔ခ်စ္စရာေကာင္းတဲ့ဖိုဘီကိတ္စ္ေလးတို႔အိမ္ေထာသ္သက္တမ္းသံုးဆယ္မွာအခ်စ္မျပယ္ႏိုင္ၾကတာလည္းစိတ္ဝင္စားစရာပါပဲ။

Faith Hill နဲ႔ Tim McGraw



အေမရိကန္နာမည္ျကီး Country Popအဆိုေတာ္ Faith Hill အဆိုေတာ္ Tim Mcgraw တို႔က ၁၉၆၉ ခုႏွစ္မွာလက္ထပ္ခဲ့ၾကၿပီးခုဆိုအိမ္ေထာင္သက္သံုးဆယ္ေက်ာ္လက္တြဲခဲ့တဲ့ဇနီးေမာင္ႏံွမ်ားျဖစ္ၾကပါတယ္။အိမ္ေထာင္သက္နွစ္ေပါင္းၾကာရွည္အတြင္းသမီးသံုးေယာက္နဲ႔ဘဝကိုျဖတ္သန္းလာခဲ့ၾကသူမ်ားေပါ့။အဆိုေတာ္Hillကသူ႔ခင္ပြန္းနဲ႔သူငယ္ခ်င္းလိုနားလည္မႈေတြနဲ႔ဆက္ဆံခဲ့ၿပီး၊သူ႔တို႔အိမ္ေထာင္သက္တမ္းတစ္ေလ်ွာက္မွာ အဆင္ေျပေပ်ာ္ရႊင္ခဲ့တယ္လို႔ဆိုပါတယ္။အိမ္ေထာင္ေရးမွာသူတတ္ႏိုင္သမ်ွလိုက္ေလ်ာလုပ္ေဆာင္ေပးပါတယ္လို႔ေျပာခဲ့ပါေသးတယ္။ဒါေတြဟာလည္းအိမ္ေထာင္ေရးသာယာခိုင္ျမဲေစတဲ့နည္းလမ္းေတြပါပဲ။

Hugh Jackman နဲ႔ Deborra Lee Furness

Wolverine မင္းသား Hugh Jackmanနဲ႔ Deborra တို႔ကေတာ့၁၉၉၆ခုႏွစ္ကမဂၤလာေဆာင္ခဲ့ၾကသူမ်ားပါ။ကေလးႏွစ္ေယာက္ရရိွခဲ့ၿပီးအိမ္ေထာင္သက္၂၆ႏွစ္ၾကာလက္တြဲခဲ့ၾကပါတယ္။ သူတို႔အိမ္ေထာင္ေရးကုိ တစ္ကမၻာလံုးက အားက်ခဲ့ရတယ္ဆိုရင္လည္းမမွားပါဘူး။၂၀၀၀ခုႏွစ္က၂၀၁၇ခုႏွစ္အထိျပခဲ့တဲ့Hughရဲ႕ဇာတ္လမ္းတြဲျဖစ္တဲ့XMen Film Seriesကေတာ့ World Guinnes စံခ်ိန္ဝင္ခဲ့တဲ့ series တစ္ခုလည္းျဖစ္ပါတယ္။

Will Smith နဲ႔ Jada Pinkett Smith

မင္းသားၾကီး Will Smith ကေတာ့ သူ႔ရဲ႕ခ်စ္သူ Jada နဲ႔၁၉၉၅ခုႏွစ္မွာစဒိတ္ၿပီး၁၉၉၇ခုႏွစ္က်မွလက္ထပ္ခဲ့ၾကတာျဖစ္ပါတယ္။သူတို႔မွာကေလးသံုးေယာက္ထြန္းကားခဲ့ျပီး ခ်စ္စရာေကာင္းတဲ့ ဒီသံေယာဇဥ္ၾကိဳးေလးေတြကလည္း သူတို႔အိမ္ေထာင္ေရးတည္ျမဲဖို႔အေၾကာင္းတစ္ခ်က္ျဖ္စခဲ့တယ္လို႔ဆိုပါတယ္။ ကေလးေတြနဲ႔သူတို႔မိသာစုဘဝကိုဘယ္ေတာ့မွစြန္႔ခြာမသြားပဲရင္ဆိုင္ျဖတ္ေက်ာ္သြားမယ္လို႔ဆိုပါတယ္။ႏွစ္ေပါင္းႏွစ္ဆယ္ေက်ာ္ခိုင္ျမဲလာတဲ့သူတို႔ရဲ႕အိမ္ေထာင္ေရးကလည္းအားက်စရာပါ။

Unicode

လောကမှာမေတ္တာစစ်နဲ့နားလည်မှုပေးပြီးဆယ်စုနှစ်များစွာဘဝလက်တွဲဖော်ဖြစ်ဖို့မလွယ်ပါဘူး။တစ်ဦးနဲ့တစ်ဦးငွေကြောင့်ဖြစ်စေ၊စီးပွားရေးအဆင်မပြေမှုနဲ့၊သူ့စရိုက်ကိုယ့်စရိုက်ခွင့်လွှတ်နားလည်ပေးမှုတွေမရှိခဲ့ရင်အိမ်ထောင်တစ်ခုဟာအချိန်တိုတိုလေးနဲ့ပြိုကွဲပျက်စီးသွားမှာသေချာပါတယ်။နိုင်ငံတကာကထင်ရှားကျော်ကြားတဲ့မင်းသားမင်းသမီးတွေရဲ့အိမ်ထောင်သက်ခိုင်မြဲပုံကတော့အံ့သြစရာပါပဲ။

Tom Hanks and Rita Wilson

အမေရိကန်မင်းသားကြီးTom Hankနဲ့သရုပ်ဆောင်၊အဆိုတော်Rita Wilsonတို့နှစ်ဦးရဲ့အိမ်ထောင်ရေးကတော့ချီးကျူးစရာပါ။သူတို့နှစ်ယောက်က၁၉၈၈ကလက်ထပ်ခဲ့ကြတယ်။သားနှစ်ယောက်ရခဲ့ကြပါတယ်။Hankရဲ့အရင်အိမ်ထောင်နဲ့လည်းကလေးနှစ်ယောက်ရှိပါသေးတယ်။ဒါပေမယ့်နှစ်ယောက်လုံးကြည်ဖြူစွာပေါင်းသင်းခဲ့ကြတာပါပဲ။Hankရဲ့အိမ်ကိုဘယ်ကင်မရာမင်း၊ဘယ်သတင်းထောက်မှမလာခဲ့ဖူးပါဘူးတဲ့။သူတို့ရဲ့မိသားစုကိစ္စတွေကိုလည်းဘယ်တော့မှခင်းကျင်းပြလေ့မရှိပါဘူးလို့ပြောပြခဲ့ပါတယ်။ဒီအချက်တွေကအိမ်ထောင်ရေးမှာပြဿနာမဖြစ်စေနိုင်တဲ့အချက်တွေပါပဲ။ဒါကြောင့်သူတို့အိမ်ထောင်ရေးကအနှစ်၃ဝခိုင်မြဲခဲ့ကြပါတယ်။

Kevin Kline နဲ့ Phoebe Cates

အမေရိကန်သရုပ်ဆောင်အကယ်ဒမီကီဘီကလိုင်းနဲ့ဆယ်ကျော်သက်လူငယ်တို့အသဲစွဲခဲ့ကြရတဲ့မင်းသမီးလေးဖိုဘီကိတ်စ်တို့ကတော့၁၉၈၉ခုကတည်းကမင်္ဂလာဆောင်ခဲု့ကတာပါ။သူတို့မှာကလေးနှစ်ယောက်ရခဲ့တဲ့အချိန်ထိအချစ်မပျက်ခဲ့ကြပါဘူး။သူတို့နှစ်ဦးရဲ့အိမ်ထောင်သက်ခိုင်မြဲခြသ်းရဲ့လျိုှ့ဝှက်ချက်ကတော့ကီဝီဗ်ရဲ့သဘောထားပေါ်မူတည်နေတယ်လို့ပြေရပါမယ်။သူ့အပြောကတော့၊ကျွန်တော့ကကိုယ့်အကြောင်းတွေသူများကိုထုတ်ပြောပြတာမကြိုက်သလို၊သူများအကြောင်းပြောတာလည်းမကြိုက်ပါဘူး..တဲ့။Kevinနဲ့ချစ်စရာကောင်းတဲ့ဖိုဘီကိတ်စ်လေးတို့အိမ်ထောသ်သက်တမ်းသုံးဆယ်မှာအချစ်မပြယ်နိုင်ကြတာလည်းစိတ်ဝင်စားစရာပါပဲ။

Faith Hill နဲ့ Tim McGraw

အမေရိကန်နာမည်ကြီး Country Popအဆိုတော် Faith Hill အဆိုတော် Tim Mcgraw တို့က ၁၉၆၉ ခုနှစ်မှာလက်ထပ်ခဲ့ကြပြီးခုဆိုအိမ်ထောင်သက်သုံးဆယ်ကျော်လက်တွဲခဲ့တဲ့ဇနီးမောင်နှံများဖြစ်ကြပါတယ်။အိမ်ထောင်သက်နှစ်ပေါင်းကြာရှည်အတွင်းသမီးသုံးယောက်နဲ့ဘဝကိုဖြတ်သန်းလာခဲ့ကြသူများပေါ့။အဆိုတော်Hillကသူ့ခင်ပွန်းနဲ့သူငယ်ချင်းလိုနားလည်မှုတွေနဲ့ဆက်ဆံခဲ့ပြီး၊သူ့တို့အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ အဆင်ပြေပျော်ရွှင်ခဲ့တယ်လို့ဆိုပါတယ်။အိမ်ထောင်ရေးမှာသူတတ်နိုင်သမျှလိုက်လျောလုပ်ဆောင်ပေးပါတယ်လို့ပြောခဲ့ပါသေးတယ်။ဒါတွေဟာလည်းအိမ်ထောင်ရေးသာယာခိုင်မြဲစေတဲ့နည်းလမ်းတွေပါပဲ။

Hugh Jackman နဲ့ Deborra Lee Furness

Wolverine မင်းသား Hugh Jackmanနဲ့ Deborra တို့ကတော့၁၉၉၆ခုနှစ်ကမင်္ဂလာဆောင်ခဲ့ကြသူများပါ။ကလေးနှစ်ယောက်ရရှိခဲ့ပြီးအိမ်ထောင်သက်၂၆နှစ်ကြာလက်တွဲခဲ့ကြပါတယ်။ သူတို့အိမ်ထောင်ရေးကို တစ်ကမ္ဘာလုံးက အားကျခဲ့ရတယ်ဆိုရင်လည်းမမှားပါဘူး။၂ဝဝဝခုနှစ်က၂၀၁ရခုနှစ်အထိပြခဲ့တဲ့Hughရဲ့ဇာတ်လမ်းတွဲဖြစ်တဲ့XMen Film Seriesကတော့ World Guinnes စံချိန်ဝင်ခဲ့တဲ့ series တစ်ခုလည်းဖြစ်ပါတယ်။

Will Smith နဲ့ Jada Pinkett Smith

မင်းသားကြီး Will Smith ကတော့ သူ့ရဲ့ချစ်သူ Jada နဲ့၁၉၉၅ခုနှစ်မှာစဒိတ်ပြီး၁၉၉ရခုနှစ်ကျမှလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။သူတို့မှာကလေးသုံးယောက်ထွန်းကားခဲ့ပြီး ချစ်စရာကောင်းတဲ့ ဒီသံယောဇဉ်ကြိုးလေးတွေကလည်း သူတို့အိမ်ထောင်ရေးတည်မြဲဖို့အကြောင်းတစ်ချက်ဖြ်စခဲ့တယ်လို့ဆိုပါတယ်။ ကလေးတွေနဲ့သူတို့မိသာစုဘဝကိုဘယ်တော့မှစွန့်ခွာမသွားပဲရင်ဆိုင်ဖြတ်ကျော်သွားမယ်လို့ဆိုပါတယ်။နှစ်ပေါင်းနှစ်ဆယ်ကျော်ခိုင်မြဲလာတဲ့သူတို့ရဲ့အိမ်ထောင်ရေးကလည်းအားကျစရာပါ။

Tags: