အိမ်ထောင်မပြုချင်ဘူး ကလေးတော့မွေးချင်တယ်ဆိုတဲ့ သင်ဇာဝင့်ကျော်

0
121

ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ဘော်ဒီတောင့်တောင့်နဲ့ မင်းသမီးချောတလက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ သူ့ရဲ့ လက်ရှိအချစ်ရေးနဲ့ပတ်သက်ပြီး ပြောကြားလာခဲ့ပါတယ်။ သူ့ရဲ့ အချစ်ရေးကလည်း ရှေ့မှာတော့ သူ့ကိုချူပ်ချယ်မှုတွေကြောင့် လမ်းခွဲလိုက်တာလို့လည်း သိရပါတယ်။ သင်ဇာဝင့်ကျော်ကတော့ အလုပ်ကို ပရော်ဖက်ရှင်နယ် ကျကျ လုပ်တတ်တဲ့ မင်းသမီးတယောက်ဖြစ်တာကြောင့်လည်း တခါတရံမှာတော့ ဝေဖန်မှုတွေကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သင်ဇာဝင့်ကျော်ကတော့ အပြုံးမပျက်နဲ့ ရှေ့ဆက်နေဆဲပါပဲ။

သင်ဇာဝင့်ကျော်ကတော့ 8 Day နဲ့ အင်တာဗျူးတွင် လက်ရှိအချစ်ရေးနဲ့ ပတ်သက်ပြီး “လက်ရှိမှာတော့ မရှိသေးပါဘူး။ ရည်းစားထပ်ထားဖြစ်မယ်ဆိုရင်လည်း လိုက်ပြီးမပြောတဲ့သူကိုပဲ ထားမှာ။ ပြောတဲ့သူကို ဘာလို့ထားတော့မှာလဲ ပြောလို့ ပျက်လိုက်တာပါဆိုနေ။ ပြီးတော့ ကိုယ်ကအချစ်ရေးကို ဘဝမှာ အဓိက မထားတတ်ဘူး။ အဓိကက ကိုယ့်မိသားစု ကိုယ့်အလုပ်ပေါ့နော်”

လက်ထပ်ဖို့ရော အစီအစဉ်တွေ ရှိလားဆိုတဲ့ မေးခွန်းကိုတော့ သင်ဇာဝင့်ကျော်က “အခြေအနေအရပဲ ကလေးတော့ မွေးချင်တယ်။ ကိုယ်မျိုးဆက်ကတော့ မပျက်ချင်ဘူးပေါ့နော်။ ဒါပေမယ့်လည်း ကိုယ်သဘောကျပြီး ယူရမယ့် ယောကျာ်းကလည်း ဒီလောကမှာ မရှိလောက်သေးပါဘူး”

ဘယ်လိုယောကျာ်းမျိုးကို လက်ထပ်မှာလဲ ဆိုတဲ့အပေါ် “အရမ်းကို Perfect ဖြစ်တဲ့ ယောကျာ်းပေါ့။ မရှိလောက်ဘူးထင်ပါတယ်။ ဒါပေမယ့်လည်း ကိုယ်ဖြစ်ချင်တာကို ပုံသွင်းရင်တော့ ရမှာပေါ့။ ဒါပေမယ့်လို့ အဲ့လောက်ကြီးလည်း အချိန်မပေးနိုင်ဘူး။ သင်ဇာတွေ့ဖူးတဲ့ အိမ်ထောင်ရေးတွေက အဆင်ပြေတဲ့ အိမ်ထောင်ရေးဆိုတာက နည်းတယ်။ တွေ့လိုက်ရရင် အိမ်ထောင်ကျပြီးပြီဆိုရင် သူတို့မှာအပူတွေ အများကြီးပဲ။ ကိုယ့်မှာ Single Life တောင် ဒီလောက်အပူများနေရင် အိမ်ထောင်ကျရင် ပူရမှာတွေက အများကြီး ဖြစ်လာမှာလေ။ အဲ့လိုအပူတွေကျတော့လည်း မယူချင်ဘူး။ ဒါပေမယ့်လည်း ကလေးတော့ မွေးချင်တယ်”

Single Mother လုပ်မှာလားဆိုတဲ့အပေါ် “အဲ့လိုမျိုးတော့ မလုပ်လောက်ပါဘူး။ ဒီနိုင်ငံမှာက အဲ့ဒီအယူဝါဒကို ဘယ်သူမှ လက်မခံဘူး။ ပုတ်ခတ်တဲ့သူများမှာလေ။ ဒါပေမယ့်လည်း သတ္တိရှိရှိနဲ့ လုပ်မယ်ဆိုရင်တော့ တမျိုးပေါ့။ မသိသေးပါဘူး။ အဲ့အတွက် မစဉ်းစားနိုင်သေးဘူး။ လုပ်စရာတွေ ရှိသေးတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။