အိမ်ထောင်သည်ဘဝ အတွေ့အကြုံကို ပြောပြတဲ့ မောင်မောင်အေး

0
65

မြန်မာနိုင်ငံမှာ အောင်မြင်တဲ့ MCတစ်ယောက်ဖြစ်ပြီးဟာသဥာဏ်ရွှင်တာကြောင့် ပရိသတ်တွေချစ်ခင်အားပေးကြတဲ့ မောင်မောင်အေးကတော့ လူပျိုကြီးဘဝကနေ အိမ်ထောင်ဘက် ဘဝကိုရောက်ရှိသွားခဲ့ပြီးတော့ သူရဲ့ ဇနီးဖြစ်သူကို တကယ်ကိုကောင်းမွန်တဲ့ Partner ကောင်းတစ်ယောက်လို့ မီဒီယာအင်တာဗျူးတစ်ခုမှာ ချီးကျူးလိုက်ပါတယ်။

မောင်မောင်အေးက “ပုံမှန်တိုင်းပါပဲ ဘာလို့လဲဆိုတော့ သူကလည်း ကျွန်တော့်ကို မချုပ်ချယ်ဘူး။ ကျွန်တော်ကလည်း သူ့ကို မချုပ်ချယ်ဘူး။ ကျွန်တော်တို့ နှစ်ယောက်က တကယ်တော့ သူငယ်ချင်းလိုမျိုးပဲ ဖြစ်နေတာဆိုတော့ ဘာမှ ယူပြီးနဲ့ မယူပြီး ကွာခြားမှုမရှိပါဘူး။ အားလုံးက နားလည်မှုနဲ့ သွားတဲ့အတွက် ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ စလိုက်နောက်လိုက် အလုပ်လုပ်လိုက် စားလိုက်သောက်လိုက် ဒါပါပဲ။”လို့ ပြောသွားခဲ့ပါတယ်။

အိမ်ထောင်ပြုပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်နေလားလို့ မေးမြန်းလိုက်ရာမှာတော့ “ကျွန်တော့်အတွက်ကတော့ မဖြစ်ပါဘူး။ ကျွန်တော့်အတွက်ကတော့ ဒါက တကယ့်ကို Partner ကောင်းတစ်ယောက်ပေါ့နော်။ အဲ့အတွက် စိတ်လည်း ဒါကြီးက ငါ့အတွက် တစ်ခုခုပေါ့ Negative သဘောမျိုးပေါ့နော် တစ်ခုမှ မရှိပါဘူး။”လို့ပြောသွားခဲ့ပါတယ်။

ဇနီးသည်အတွက် တာဝန်ကျေပွန်တဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပြီလားလို့ မေးမြန်းရာ”အရာရာတိုင်းကတော့ Perfect တော့မရှိဘူးပေါ့။ ကိုယ်ကိုယ်တိုင်တစ်ယောက်ထဲတောင်မှ စိတ်တိုင်းမှ မကျတာဆိုတော့ ဒီလိုပဲ နားလည် ပြီးတော့ပဲ သွားရတာပေါ့နော်။ သူ့ဘက်ကလည်း ရှိကောင်းရှိမယ် ကိုယ့်ဘက်ကလည်း ရှိကောင်းရှိမယ်။ အဓိကတော့ နားလည်ပေးဖို့ပေါ့။ နားလည်ဖို့လည်း သူ့မှာလည်းရှိပါတယ် ကိုယ့်မှာလည်း ရှိပါတယ်။”လို့ ပြန်လည် ဖြေဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့ မောင်မောင်အေးက “အလုပ်တွေကတော့ ဒီအလုပ်မှာပဲ တွဲပြီးတော့ လုပ်နေတာပဲ ဒီအလုပ်နဲ့ ပတ်သက်လို့ ပွဲတစ်ခုစီစဉ်ရင် သူလည်း အကုန်စီစဉ်ပေးတယ်။ ကျွန်တော်တို့ကျတော့ တစ်ချို့အပိုင်းတွေမှာ အစပဲ စခဲ့တာပေါ့ ကျန်တာ လက်စသိမ်းတာတွေက သူတို့သိမ်းတာပေါ့။ကောင်းပါတယ် ကျွန်တော်က စိတ်မြန်တယ် စိတ်ဆက်တယ် တစ်ခါတစ်လေပေါ့ အဲ့အခါကျရင် သူက ဘေးကနေ ဒီလိုဒီလိုလုပ်မယ့်အစား ဒီလိုဒီလိုထိန်းပြောသင့်တယ် အဲ့လိုမျိုး အကြံကောင်းတွေပေးတတ်ပါတယ်။”လို့ ပြောခဲ့ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမျိုးတွေ အပေးအယူမျှတအောင် လုပ်ဖြစ်လဲလို့ မေးမြန်းရာ” အဓိကတော့ ကျွန်တော်လည်း ပျော်တတ်တယ် သူလည်း ပျော်တတ်တယ်။ အဲ့တော့ စလိုက်နောက်လိုက်နဲ့ပဲ သွားနေတော့ ဒီဟာကို ကျွန်တော်တို့ တကူးတကလည်းပျော်အောင် ဖန်တီးမယ်ဆိုတာလည်း မရှိဘူးပေါ့နော်။ သူ့ဟာတိုင်းလေး ဖြစ်နေတယ် အဲ့လိုလေးပဲ ကျွန်တော်တို့က နေထိုင်နေတာပါ။ အများကြီးလည်း ကျွန်တော်တို့က ထူးထူးခြားခြား လုပ်ရကိုင်ရမယ်ဆိုတာမျိုးလည်း မရှိပါဘူး။”လို့ ဖြေဆိုသွားခဲ့ပါတယ်။

ရင်သွေးယူဖို့အကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း “ဒါကလည်း အခြေအနေအရပေါ့ ဖြစ်ချိန်တန်ရင် ဖြစ်မှာပေါ့။”လို့ ပြောသွားခဲ့ပြီး တကယ်လို့ ရင်သွေးရခဲ့မယ်ဆိုရင် သားလေးလား သမီးလေးလားလို့ မေးမြန်းလိုက်ရာမှာ”အဲ့တာမျိုးမရှိပါဘူး။ ကျွန်တော်တို့ကတော့ ဘယ်ဟာမှဆိုတာမျိုး မရှိပါဘူး။ဒီဟာက သူဖြစ်လာတဲ့ အပေါ်မှာပဲ ဘာဖြစ်ဖြစ်ပေါ့ ဘာဖြစ်ဖြစ်လက်ခံရမှာပေါ့။”လို့ ပြောသွားခဲ့ပါတယ်။