
0
82




ကြားစရာတွေကို ညသန်းခေါင်လောက်ကြမှ Email နဲ့ ဆက်သွယ်ပေးပို့လေ့ရှိပါတယ်။






Unicode

အိုဘားမား ညဘက်တွေမှာ ဘာလုပ်လေ့ရှိလဲ?

အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘာမားကို အားလုံးသိကြလိမ့်မယ် ထင်ပါတယ်။ ယခုအချိန်မှာ အနားယူသွားပြီဖြစ်ပေမယ့် သူ့ဂုဏ်သတင်းတွေကတော့ ကမ္ဘာအနှံနဲ့ အမေရိကန်တစ်လွှားမှာ မွေးပျံလျှက်ရှိနေတုန်းပါပဲ။ အမေရိကန်နိုင်ငံတွင် လူထုထောက်ခံမှု အများဆုံးရရှိခဲ့သော သမ္မတဖြစ်ပြီး တာဝန်ကို နှစ်ဆက်တိုင်တိုင် ထမ်းဆောင်ခွင့်ရရှိခဲ့ပါတယ်။

အိုဘားမားဟာ ညဘက်တွေကို အကျိုးရှိရှိ ဖြတ်သန်းတဲ့ လူတစ်ယောက်ပါ။ သူညဘက်တွေမှာ ဘာလုပ်လေ့ရှိလည်းဆိုရင်တော့…။

(၁) အိုဘားမားဟာ ညဘက်မှာ တော်တော်နဲ့ အိပ်လေ့မရှိတဲ့ ညဇီးကွက်တစ်ယောက်ပါ။ သူဟာ မိသားစုနဲ့ ညစာကို စောစောစားလေ့ရှိပြီး ပြီးရင်တော့ အမေရိကန်ဘောလုံးပွဲ တိုက်ရိုက်ထုတ်လွင့်မှုတွေကို စောင့်ကြည့်အားပေးလေ့ရှိပါတယ်။ ဒါမှမဟုတ် စာအုပ်တစ်အုပ်ဖတ်ပြီး အတွေးနယ်ချဲ့နေတတ်ပါတယ်။

(၂) အိုဘားမားဟာ ညဘက်တွေမှာမှ ရုံးဝန်ထမ်းတွေကို Email ပို့လေ့ရှိပါတယ်။ မနက်ဖြန်သူပြောရမယ့် မိန့်ခွန်း ဒါမှမဟုတ် ညွှန်
ကြားစရာတွေကို ညသန်းခေါင်လောက်ကြမှ Email နဲ့ ဆက်သွယ်ပေးပိို့လေ့ရှိပါတယ်။

(၃) သူဟာ ညဘက်တွေမှာ အဆာပြေမုန့်တစ်ခုစားသုံးရတာကို ကြိုက်နှစ်သတ်ပြီး ကဖိန်းကိုပါတဲ့ ကော်ဖီကိုတော့ မှီဝဲလေ့မရှိပါဘူး။

(၄) ၀ါရှင်တန်တွင် အလုပ်အများဆုံးနဲ့ တာဝန်အကြီးဆုံးဖြစ်တဲ့ အိုဘားမားဟာ ညဘက်တွေမှာပဲ သတင်းစာဖတ်လေ့ရှိပါတယ်။ The New York Times, The Washington Post, နဲ့ The Wall Street Journal တို့က အိုဘားမားဖတ်လေ့ရှိတဲ့ သတင်းစာနာမည်တွေပါ။

(၅) အိုဘားမားနဲ့ ကြင်ယာတော် မီချေးတို့ဟာ Game Of Thrones ဖန်တွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ ထိုဇာတ်လမ်းတွဲကို မဖြစ်မနေကြည့်ရှုလေ့ရှိပါတယ်။

(၆) အိုဘာမားဟာ ညသန်းခေါင်ကျော်မှ အိပ်စက်လေ့ရှိပြီး မနက် (၇) နာရီထိုးတွင် ပုံမှန်ထလေ့ရှိပါတယ်။ သူရဲ့ အိပ်ချိန်ကတော့ ငါးနာရီလောက်သာရှိပါတယ်။

သူဟာ အမေရိကန်သမ္မတ တာဝန်ကို အကောင်းဆုံးထမ်းဆောင်ခဲ့သူဖြစ်ပြီး သူရဲ့ အမှုအကျင့်အတွေးအခေါ်တစ်ချို့ဟာ နောင်လာနောင်သားတွေအတွက် အတုယူ၊ မှတ်သားစရာပါ။