အေရျပားထိန္းသိမ္းေရးနည္းနာမ်ား

ခုေခတ္မွာ လူတိုင္းဟာ skin ကို အခ်ိန္ေပးၿပီး Care လာၾကပါၿပီ။Skin Care လုပ္မလုပ္စာလည္း အသက္ အပိုင္းအျခားတစ္ခုေရာက္ရင္ သိသာလာတာမို႔ ကိုယ္နဲ႔ သင့္ေတာ္ၿပီး ထိေရာက္တဲ့ Skin Care နည္းနာေတြကိုေတာ့ တကယ္ကို သိထားသင့္ပါတယ္။မ်က္ႏွာသစ္ၿပီး တစ္ခုခုလိမ္းဆိုတဲ့ ႏွစ္ဆင့္ေလာက္ပဲ ရွိတဲ့ နည္းကိုပဲ သိထားရာကေန စုစုေပါင္း ၁၀ ဆင့္ေလာက္ထိ ရွိတဲ့ အဆင့္မ်ားတဲ့ skin Care tips ေတြ ထိၾကားဖူးလာေတာ့ ဘာေတြလုပ္ရမွန္းမသိ အရမ္းေတြ လမ္းေပ်ာက္တာမ်ိဳး ျဖစ္ဖူးၾကမွာပါ။

ဒီတစ္ေခါက္ေတာ့ ေဒါက္တာဇီဝကကေန မ႐ွဳပ္ေထြးဘဲ ထိေရာက္မယ့္ နည္းလမ္းေလးေတြကိုေျပာျပေပးမွာပါ။

၁ – အရင္ဆံုး ကိုယ့္အသားအေရအမ်ိဳးအစားကို သိေအာင္လုပ္ပါ။ အဆီျပန္သူလား? ေျခာက္ေသြ႕သူလား? ဆန္းဆန္းတင့္လား? ဝက္ျခံေပါက္လြယ္သူလား?ဒါေလးကို ၾကည့္ၿပီး ဆံုးျဖတ္လိုက္ပါဦး။



၂- ဘယ္အဆင့္ေတြကို အရင္သံုးရမလဲေလ့လာပါ။ ဘာၿပီး ဘာလိမ္းရမလဲ ဆိုတဲ့ကိစၥက လိမ္းတဲ့ Skin Care ေတြ ထိေရာက္မႈကြာေစပါတယ္။ အၾကမ္းဖ်င္းေတာ့ ေပါ့တဲ့ အမ်ိဳးအစားေတြကို အရင္လိမ္းၿပီး Moisturizer လ္ု ပ်စ္ႏွစ္တာေတြကို ေနာက္ဆံုးမွ လိမ္းေပးရပါမယ္။ ပ်စ္ႏွစ္တာေတြလိမ္းၿပီးရင္လည္း ၅မိနစ္ေလာက္ထိ အေရျပားထဲ စိမ့္ဝင္ဖို႔ေစာင့္သင့္ပါတယ္။




၃- ေသခ်ာ သန္႔စင္ပါ။ Double Cleansing လို႔ ေခၚတဲ့ အျပင္ကျပန္လာရင္ Makeup Remover နဲ႔ ေသခ်ာစင္ေအာင္ဖ်က္ၿပီးမွ သံုးေနၾက မ်က္ႏွာသစ္ဆပ္ျပာနဲ႔ ေျပာင္စင္ေအာင္ေဆးေပးသင့္ပါတယ္။ ဆဲလ္ေသ ဖယ္ရွားျခင္း Exfoliation ကိုလည္း တပတ္ ၂ႀကိမ္ ၃ႀကိမ္ လုပ္ေပးသင့္ပါတယ္။

၄- ရက္လြန္ပစၥည္းေတြကိုမသံုးပါနဲ႔။ 🗓Skin Care တစ္ခုကို စသံုးေတာ့မယ္ဆိုရင္ စဖြင့္တဲ့ရက္ကို ရက္စြဲေလးကပ္ၿပီး မွတ္ထားေပးပါ။ စဖြင့္တဲ့ရက္ကစ ၁၂လ အထိသာ သံုးစြဲသင့္ပါတယ္။



၅- Sunscreen is king ပါ။ အသားအေရ ပ်က္စီးေစတဲ့ အဓိက တရားခံဟာေနေရာင္ျခည္ ျဖစ္တာမို႔ ဘယ္ေလာက္ Skin Care လုပ္လုပ္ sunscreen မလိမ္းရင္ သိပ္ထူးလာမွာမဟုတ္ပါဘူး။

၆- Skin Care ဟာ ရာသီေပၚလိုက္ၿပီး ေျပာင္းသံုးရႏိုင္ပါတယ္။ကိုယ္သံုးေနၾက skin Care အာနိသင္သိပ္မျပေတာ့တာ အဆင္မေျပေတာ့တာဟာ ရာသီဥတု ေျပာင္းလဲလို႔လည္း ျဖစ္ႏိုင္ပါတယ္။
ေဆာင္းရာသီမွာ အသားေျခာက္ေပမယ့္ ေႏြရာသီမွာေတာ့ အဆီျပန္ေစႏိုင္တယ္မဟုတ္လား?

၇- အစားအေသာက္ကလဲ အေရးႀကီးပါတယ္။အတြင္းသားကအစ က်န္းမာမွ အသားအေရလွတာမို႔ ဘာစားစား အေရျပားအတြက္လည္း ဂ႐ုျပဳသင့္ပါတယ္။ အငန္နဲ႔ အခ်ိဳမ်ားတာေတြေလွ်ာ့စားၿပီး ေထာပတ္သီး၊ ငါး ၊ ဟင္းႏုႏြယ္ စတဲ့ အသားလွေစတာေတြကိုလည္း စားသံုးေပးသင့္ပါတယ္။

၈ – ေရဓာတ္ျဖည့္ဖို႔ကလည္း အေရးႀကီးပါတယ္။ ဘယ္လိုပဲ အဆီျပန္တဲ့သူျဖစ္ပါေစ Moisturizer သံုးေပးဖို႔လိုပါတယ္။ဒါမွ အေရျပားက စိုစိုအိအိေလးျဖစ္ေနမွာပါ။ေျပာျပထားတဲ့ အေရျပားထိန္းသိမ္းနည္းနာေတြဟာ သိပ္မခက္ခဲဘဲ ထိေရာက္ႏိုင္တာေလးေတြမို႔ လိုက္လုပ္ၾကည့္ၾကပါစို႔လား။

ဤေဆာင္းပါးကို ေဒါက္တာ ဇီ၀က မွ ကူညီပံ့ပိုးပါသည္။

Unicode

ခုခေတ်မှာ လူတိုင်းဟာ skin ကို အချိန်ပေးပြီး Care လာကြပါပြီ။Skin Care လုပ်မလုပ်စာလည်း အသက် အပိုင်းအခြားတစ်ခုရောက်ရင် သိသာလာတာမို့ ကိုယ်နဲ့ သင့်တော်ပြီး ထိရောက်တဲ့ Skin Care နည်းနာတွေကိုတော့ တကယ်ကို သိထားသင့်ပါတယ်။မျက်နှာသစ်ပြီး တစ်ခုခုလိမ်းဆိုတဲ့ နှစ်ဆင့်လောက်ပဲ ရှိတဲ့ နည်းကိုပဲ သိထားရာကနေ စုစုပေါင်း ၁၀ ဆင့်လောက်ထိ ရှိတဲ့ အဆင့်များတဲ့ skin Care tips တွေ ထိကြားဖူးလာတော့ ဘာတွေလုပ်ရမှန်းမသိ အရမ်းတွေ လမ်းပျောက်တာမျိုး ဖြစ်ဖူးကြမှာပါ။

ဒီတစ်ခေါက်တော့ ဒေါက်တာဇီဝကကနေ မရှုပ်ထွေးဘဲ ထိရောက်မယ့် နည်းလမ်းလေးတွေကိုပြောပြပေးမှာပါ။

၁ – အရင်ဆုံး ကိုယ့်အသားအရေအမျိုးအစားကို သိအောင်လုပ်ပါ။ အဆီပြန်သူလား? ခြောက်သွေ့သူလား? ဆန်းဆန်းတင့်လား? ဝက်ခြံပေါက်လွယ်သူလား?ဒါလေးကို ကြည့်ပြီး ဆုံးဖြတ်လိုက်ပါဦး။

၂- ဘယ်အဆင့်တွေကို အရင်သုံးရမလဲလေ့လာပါ။ ဘာပြီး ဘာလိမ်းရမလဲ ဆိုတဲ့ကိစ္စက လိမ်းတဲ့ Skin Care တွေ ထိရောက်မှုကွာစေပါတယ်။ အကြမ်းဖျင်းတော့ ပေါ့တဲ့ အမျိုးအစားတွေကို အရင်လိမ်းပြီး Moisturizer လ်ု ပျစ်နှစ်တာတွေကို နောက်ဆုံးမှ လိမ်းပေးရပါမယ်။ ပျစ်နှစ်တာတွေလိမ်းပြီးရင်လည်း ၅မိနစ်လောက်ထိ အရေပြားထဲ စိမ့်ဝင်ဖို့စောင့်သင့်ပါတယ်။

၃- သေချာ သန့်စင်ပါ။ Double Cleansing လို့ ခေါ်တဲ့ အပြင်ကပြန်လာရင် Makeup Remover နဲ့ သေချာစင်အောင်ဖျက်ပြီးမှ သုံးနေကြ မျက်နှာသစ်ဆပ်ပြာနဲ့ ပြောင်စင်အောင်ဆေးပေးသင့်ပါတယ်။ ဆဲလ်သေ ဖယ်ရှားခြင်း Exfoliation ကိုလည်း တပတ် ၂ကြိမ် ၃ကြိမ် လုပ်ပေးသင့်ပါတယ်။

၄- ရက်လွန်ပစ္စည်းတွေကိုမသုံးပါနဲ့။ 🗓Skin Care တစ်ခုကို စသုံးတော့မယ်ဆိုရင် စဖွင့်တဲ့ရက်ကို ရက်စွဲလေးကပ်ပြီး မှတ်ထားပေးပါ။ စဖွင့်တဲ့ရက်ကစ ၁၂လ အထိသာ သုံးစွဲသင့်ပါတယ်။

၅- Sunscreen is king ပါ။ အသားအရေ ပျက်စီးစေတဲ့ အဓိက တရားခံဟာနေရောင်ခြည် ဖြစ်တာမို့ ဘယ်လောက် Skin Care လုပ်လုပ် sunscreen မလိမ်းရင် သိပ်ထူးလာမှာမဟုတ်ပါဘူး။

၆- Skin Care ဟာ ရာသီပေါ်လိုက်ပြီး ပြောင်းသုံးရနိုင်ပါတယ်။ ကိုယ်သုံးနေကြ skin Care အာနိသင်သိပ်မပြတော့တာ အဆင်မပြေတော့တာဟာ ရာသီဥတု ပြောင်းလဲလို့လည်း ဖြစ်နိုင်ပါတယ်။
ဆောင်းရာသီမှာ အသားခြောက်ပေမယ့် နွေရာသီမှာတော့ အဆီပြန်စေနိုင်တယ်မဟုတ်လား?

၇- အစားအသောက်ကလဲ အရေးကြီးပါတယ်။အတွင်းသားကအစ ကျန်းမာမှ အသားအရေလှတာမို့ ဘာစားစား အရေပြားအတွက်လည်း ဂရုပြုသင့်ပါတယ်။ အငန်နဲ့ အချိုများတာတွေလျှော့စားပြီး ထောပတ်သီး၊ ငါး ၊ ဟင်းနုနွယ် စတဲ့ အသားလှစေတာတွေကိုလည်း စားသုံးပေးသင့်ပါတယ်။

၈ – ရေဓာတ်ဖြည့်ဖို့ကလည်း အရေးကြီးပါတယ်။ ဘယ်လိုပဲ အဆီပြန်တဲ့သူဖြစ်ပါစေ Moisturizer သုံးပေးဖို့လိုပါတယ်။ဒါမှ အရေပြားက စိုစိုအိအိလေးဖြစ်နေမှာပါ။ပြောပြထားတဲ့ အရေပြားထိန်းသိမ်းနည်းနာတွေဟာ သိပ်မခက်ခဲဘဲ ထိရောက်နိုင်တာလေးတွေမို့ လိုက်လုပ်ကြည့်ကြပါစို့လား။

ဤဆောင်းပါးကို ဒေါက်တာ ဇီဝက မှ ကူညီပံ့ပိုးပါသည်။