အျပင္တစ္ခါထြက္မယ္ႀကံတိုင္း ဘာဝတ္ရမွန္းမသိျဖစ္ေနတတ္သူေတြအတြက္ နည္းလမ္းေကာင္းမ်ား

အဝတ္စားေတြ အမ်ားႀကီးဟာ ဘီ႐ိုထဲမွာ ရိွေနတတ္တဲ့ လူတိိုင္း (အထူးသျဖင့္ မိန္းကေလးမ်ား) ဟာ အျပင္တစ္ေခါက္ေလာက္ ထြက္ရဖို႔အေရးကို ဘယ္ဝတ္စံု ဝတ္ရမွန္းမသိပဲ မ်က္ကလူးဆန္ျပာ ျဖစ္ေနေအာင္ ေရြးခ်ယ္ရခက္ေနတတ္ပါတယ္ ။ အလုပ္က တူညီဝတ္စံု မဝတ္ရတဲ့အလုပ္မ်ိဳးဆိုရင္ေတာ့ ပိုလို႔ေတာင္ဆိုးပါဦးမယ္ ။ ေအာင္ျမင္ေက်ာ္ၾကားတဲ့ သူေတြ (ဥပမာ _ ေဖ့ဘုတ္တည္ေထာင္သူ မာ့ခ္ဇူကာဘတ္) က်ေတာ့ ဝတ္စံုးဒီဇိုင္းအေရာင္ေတြအကုန္လံုးကို အတူဝယ္ထားၿပီး ဝတ္ဆင္တတ္ၾကပါတယ္။ အဲ့ဒီလို လုပ္ေဆာင္ျခင္းကလည္း သူတို႕ဟာ အဝတ္စားအတြက္စဥ္းစားဖို႔ အခ်ိန္မေပးႏိုင္လို႔ျဖစ္ပါလိမ့္မယ္ ။ အခု မိတ္ေဆြေတြကို က်ေနာ္တို႔ေဖာ္ျပေပးသြားမယ့္ အေၾကာင္းအရာေလးကေတာ့ အျပင္တစ္ခါထြက္မယ္ႀကံတိုင္း ဘာဝတ္ရမွန္းမသိျဖစ္ေနတတ္သူေတြအတြက္ နည္းလမ္းေကာင္းေလးေတြနဲ႔ စဥ္းစားစရာ အခ်က္ကေလးေတြပဲ ျဖစ္ပါတယ္ ။

၁။ Skinny Jeans

Jeans ေဘာင္းဘီေတြရဲ႕ သမိုင္းဟာ ခမ္းနားလြန္းလွၿပီး ေခတ္အဆက္ဆက္ ေျပာင္းလဲစီးဆင္းလာတဲ့ ေရစီးေၾကာင္းေပၚမွာလည္း လိုက္ပါေမ်ာႏိုင္တဲ့ ယေန႔ထိတိုင္ လူႀကိဳက္မ်ားေနတဲ့ အဝတ္စားတစ္ခုလည္း ျဖစ္ပါတယ္ ။ ဝတ္ရတာ သက္ေသာင့္သက္သာရိွျခင္း ေရြးခ်ယ္စရာဒီဇိုင္း အေရာင္ေပါမ်ားျခင္းကလည္း လူေတြကို သေဘာက်ႏွစ္ၿခိဳက္ေစတဲ့ အခ်က္တစ္ခုပါ။ Sneaker တစ္ရံနဲ႔ ေတာ္ရံု အက်ႌမေရြးတဲ့ Jeans ေဘာင္းဘီတစ္ထည္ကိုသာ အရင္ဦးဆံုး ေရြးခ်ယ္ခဲ့မယ္ဆိုရင္ေတာ့ အဝတ္အစားအတြက္ ေခါင္းခဲေနစရာ မလိုေတာ့ပါဘူး ။



၂။ အနက္ေရာင္ ဝမ္းဆက္




အခ်ိန္မေရြး ေနရာမေရြး ဝတ္ဆင္လို႔ေကာင္းတဲ့အထဲမွာေတာ့ အနက္ေရာင္ ဝမ္းဆက္ေတြလည္း ပါဝင္ေနပါတယ္ ။ ဘာဝတ္ရမလဲဆိုတဲ့ စဥ္းစားရမႈအတြက္ အခ်ိန္ကုန္သက္သာေစၿပီး ။ ေဒါက္အျမင့္စီးမလား အနိမ့္စီးမလား လိုက္ဖက္ၿပီး စတိုင္က်လွပေစမယ့္ အဝတ္စားတစ္ခုပါ ။ အနက္ေရာင္ဟာ လူႀကိဳက္မ်ားတဲ့အေရာင္တစ္ေရာင္ ျဖစ္သလို ေရြးခ်ယ္စရာကုန္ၾကမ္းအမ်ိဳးစားေတြလည္း မ်ားျပားတဲ့ ဝတ္စံုတစ္ခုျဖစ္ပါတယ္။ ခ်ည္ထည္လား ၊ ပိုးသားလား ေနာက္ဆံုး လယ္သာ လားဆိုတာအထိေတာင္ စိတ္ႀကိဳက္ေရြးခ်ယ္လို႔ရပါတယ္ ။ တကယ္လို႔မ်ား Kate Hudson နဲ႔ America Ferrera တို႔လို႕ ခႏၶာကိုယ္ အခ်ိဳးစားပိုင္ဆိုင္ထားရင္ေတာ့ အနက္ေရာင္ ဝမ္းဆက္ေတြက အလိုက္ဖက္ဆံုးေတြပါပဲ။

၃။ ရွပ္အက်ႌအျဖဴေရာင္

ဘယ္လို အေျခေနမ်ိဳးမွာပဲ ျဖစ္ျဖစ္ ႐ိုးရွင္းၿပီး စတိုင္လ္က် လွပေစႏိုင္တဲ့ အက်ႌေတြထဲမွာေတာ့ အျဖဴေရာင္ ရွပ္အက်ႌေတြလည္း ပါပါတယ္။ Jean , စတိုင္လ္ပန္, စကတ္ စတာေတြ ကို စိတ္ရႈပ္ခံေရြးေနစရာမလိုပဲ အကုန္လံုးနဲ႔လိုက္ဖက္ညီေအာင္ ဝတ္ဆင္ႏိုင္တဲ့ အျဖဴေရာင္ ရွပ္အက်ႌကေတာ့ အခ်ိန္ကုန္အသက္ဆံုး ေရြးခ်ယ္မႈပဲျဖစ္ပါလိမ့္မယ္ ။ မိတ္ကပ္လိမ္းခ်ိန္က တစ္နာရီေလာက္ၾကာေနတတ္တယ္ဆိုရင္ေတာ့ မေျပာတတ္ပါဘူး ။



၄။ အနက္ေရာင္လယ္သာ Jacket
ကိုယ့္ကို လူစြမ္းေကာင္းတစ္ေယာက္လို႔ အမ်ားအျမင္မွာ ထင္ေယာင္ထင္မွား ျဖစ္သြားေလာက္တဲ့ အထိ အေရာင္ေတာက္ေစတဲ့အရာကေတာ့ အနက္ေရာင္လယ္သာ Jacket ပဲျဖစ္ပါတယ္။ လယ္သာေတြကို အေရာင္မ်ိဳးစံုနဲ႔ ခ်ဳပ္လုပ္ၿပီး အလြယ္တကူဝယ္လို႔ရေနေပမယ့္ အနက္ေရာင္ကေတာ့ စြဲေဆာင္မႈအရိွဆံုး ေရြးခ်ယ္စရာတစ္ခုျဖစ္ေနတတ္ပါတယ္ ။Jean ေဘာင္းဘီနဲ႔ ဝတ္ဆင္လိုက္မယ္ဆိုရင္လည္း ကိုယ့္ကို Oldies Roker တစ္ေယာက္ Rock ဂီတ ကိုအ႐ူးမူးအားေပးသူတစ္ေယာက္လို႔ ထင္ၿပီး လူေတြေတာင္ ဝိုင္းအေငးခံရမယ့္ ေရြးခ်ယ္မႈျဖစ္ေစမွာပါ ။

၅။ အျဖဴေရာင္ Sneaker
အဝတ္စားေတြ ဝတ္ဆင္ၿပီးသြားရင္ေတာ့ Sneaker ေတြဟာ ေနာက္ဆံုးအဆင့္အေရးႀကီးတဲ့ အပိုင္းမွာ ပါဝင္ေနပါတယ္ ။ ကိုယ့္အတြက္ သက္ေသာင့္သက္သာျဖစ္ၿပီး ေပါ့ပါးလြတ္လပ္စြာ သြားလာႏိုင္တဲ့ Sneaker ေတြကလည္း မ်ားစြာေသာအေရာင္ေသြးေတြဟာ ေရြးျခယ္ရခက္ေစပါတယ္ ။ တကယ္လိုမ်ား အျဖဴေရာင္ Sneaker တစ္ရံ ရိွေနခဲ့မယ္ဆိုရင္ေတာ့ ေအာက္ ဘာႀကီးပဲ ဝတ္ထားပါေစ အဲ့ဒီ Sneaker ကိုစီး အိမ္ေရွ႕တံခါးကို တြန္းဖြင့္ၿပီး ကမၻာႀကီး လည္ပတ္သြားဖို႔ အဆင္သင့္ျဖစ္ေနေစမွာပါ ။

Unicode

အဝတ်စားတွေ အများကြီးဟာ ဘီရိုထဲမှာ ရှိနေတတ်တဲ့ လူတိုင်း (အထူးသဖြင့် မိန်းကလေးများ) ဟာ အပြင်တစ်ခေါက်လောက် ထွက်ရဖို့အရေးကို ဘယ်ဝတ်စုံ ဝတ်ရမှန်းမသိပဲ မျက်ကလူးဆန်ပြာ ဖြစ်နေအောင် ရွေးချယ်ရခက်နေတတ်ပါတယ် ။ အလုပ်က တူညီဝတ်စုံ မဝတ်ရတဲ့အလုပ်မျိုးဆိုရင်တော့ ပိုလို့တောင်ဆိုးပါဦးမယ် ။ အောင်မြင်ကျော်ကြားတဲ့ သူတွေ (ဥပမာ _ ဖေ့ဘုတ်တည်ထောင်သူ မာ့ခ်ဇူကာဘတ်) ကျတော့ ဝတ်စုံးဒီဇိုင်းအရောင်တွေအကုန်လုံးကို အတူဝယ်ထားပြီး ဝတ်ဆင်တတ်ကြပါတယ်။ အဲ့ဒီလို လုပ်ဆောင်ခြင်းကလည်း သူတို့ဟာ အဝတ်စားအတွက်စဉ်းစားဖို့ အချိန်မပေးနိုင်လို့ဖြစ်ပါလိမ့်မယ် ။ အခု မိတ်ဆွေတွေကို ကျနော်တို့ဖော်ပြပေးသွားမယ့် အကြောင်းအရာလေးကတော့ အပြင်တစ်ခါထွက်မယ်ကြံတိုင်း ဘာဝတ်ရမှန်းမသိဖြစ်နေတတ်သူတွေအတွက် နည်းလမ်းကောင်းလေးတွေနဲ့ စဉ်းစားစရာ အချက်ကလေးတွေပဲ ဖြစ်ပါတယ် ။

၁။ Skinny Jeans

Jeans ဘောင်းဘီတွေရဲ့ သမိုင်းဟာ ခမ်းနားလွန်းလှပြီး ခေတ်အဆက်ဆက် ပြောင်းလဲစီးဆင်းလာတဲ့ ရေစီးကြောင်းပေါ်မှာလည်း လိုက်ပါမျောနိုင်တဲ့ ယနေ့ထိတိုင် လူကြိုက်များနေတဲ့ အဝတ်စားတစ်ခုလည်း ဖြစ်ပါတယ် ။ ဝတ်ရတာ သက်သောင့်သက်သာရှိခြင်း ရွေးချယ်စရာဒီဇိုင်း အရောင်ပေါများခြင်းကလည်း လူတွေကို သဘောကျနှစ်ခြိုက်စေတဲ့ အချက်တစ်ခုပါ။ Sneaker တစ်ရံနဲ့ တော်ရုံ အင်္ကျီမရွေးတဲ့ Jeans ဘောင်းဘီတစ်ထည်ကိုသာ အရင်ဦးဆုံး ရွေးချယ်ခဲ့မယ်ဆိုရင်တော့ အဝတ်အစားအတွက် ခေါင်းခဲနေစရာ မလိုတော့ပါဘူး ။

၂။ အနက်ရောင် ဝမ်းဆက်

အချိန်မရွေး နေရာမရွေး ဝတ်ဆင်လို့ကောင်းတဲ့အထဲမှာတော့ အနက်ရောင် ဝမ်းဆက်တွေလည်း ပါဝင်နေပါတယ် ။ ဘာဝတ်ရမလဲဆိုတဲ့ စဉ်းစားရမှုအတွက် အချိန်ကုန်သက်သာစေပြီး ။ ဒေါက်အမြင့်စီးမလား အနိမ့်စီးမလား လိုက်ဖက်ပြီး စတိုင်ကျလှပစေမယ့် အဝတ်စားတစ်ခုပါ ။ အနက်ရောင်ဟာ လူကြိုက်များတဲ့အရောင်တစ်ရောင် ဖြစ်သလို ရွေးချယ်စရာကုန်ကြမ်းအမျိုးစားတွေလည်း များပြားတဲ့ ဝတ်စုံတစ်ခုဖြစ်ပါတယ်။ ချည်ထည်လား ၊ ပိုးသားလား နောက်ဆုံး လယ်သာ လားဆိုတာအထိတောင် စိတ်ကြိုက်ရွေးချယ်လို့ရပါတယ် ။ တကယ်လို့များ Kate Hudson နဲ့ America Ferrera တို့လို့ ခန္ဓာကိုယ် အချိုးစားပိုင်ဆိုင်ထားရင်တော့ အနက်ရောင် ဝမ်းဆက်တွေက အလိုက်ဖက်ဆုံးတွေပါပဲ။

၃။ ရှပ်အင်္ကျီအဖြူရောင်

ဘယ်လို အခြေနေမျိုးမှာပဲ ဖြစ်ဖြစ် ရိုးရှင်းပြီး စတိုင်လ်ကျ လှပစေနိုင်တဲ့ အင်္ကျီတွေထဲမှာတော့ အဖြူရောင် ရှပ်အင်္ကျီတွေလည်း ပါပါတယ်။ Jean , စတိုင်လ်ပန်, စကတ် စတာတွေ ကို စိတ်ရှုပ်ခံရွေးနေစရာမလိုပဲ အကုန်လုံးနဲ့လိုက်ဖက်ညီအောင် ဝတ်ဆင်နိုင်တဲ့ အဖြူရောင် ရှပ်အင်္ကျီကတော့ အချိန်ကုန်အသက်ဆုံး ရွေးချယ်မှုပဲဖြစ်ပါလိမ့်မယ် ။ မိတ်ကပ်လိမ်းချိန်က တစ်နာရီလောက်ကြာနေတတ်တယ်ဆိုရင်တော့ မပြောတတ်ပါဘူး ။

၄။ အနက်ရောင်လယ်သာ Jacket
ကိုယ့်ကို လူစွမ်းကောင်းတစ်ယောက်လို့ အများအမြင်မှာ ထင်ယောင်ထင်မှား ဖြစ်သွားလောက်တဲ့ အထိ အရောင်တောက်စေတဲ့အရာကတော့ အနက်ရောင်လယ်သာ Jacket ပဲဖြစ်ပါတယ်။ လယ်သာတွေကို အရောင်မျိုးစုံနဲ့ ချုပ်လုပ်ပြီး အလွယ်တကူဝယ်လို့ရနေပေမယ့် အနက်ရောင်ကတော့ စွဲဆောင်မှုအရှိဆုံး ရွေးချယ်စရာတစ်ခုဖြစ်နေတတ်ပါတယ် ။Jean ဘောင်းဘီနဲ့ ဝတ်ဆင်လိုက်မယ်ဆိုရင်လည်း ကိုယ့်ကို Oldies Roker တစ်ယောက် Rock ဂီတ ကိုအရူးမူးအားပေးသူတစ်ယောက်လို့ ထင်ပြီး လူတွေတောင် ဝိုင်းအငေးခံရမယ့် ရွေးချယ်မှုဖြစ်စေမှာပါ ။

၅။ အဖြူရောင် Sneaker
အဝတ်စားတွေ ဝတ်ဆင်ပြီးသွားရင်တော့ Sneaker တွေဟာ နောက်ဆုံးအဆင့်အရေးကြီးတဲ့ အပိုင်းမှာ ပါဝင်နေပါတယ် ။ ကိုယ့်အတွက် သက်သောင့်သက်သာဖြစ်ပြီး ပေါ့ပါးလွတ်လပ်စွာ သွားလာနိုင်တဲ့ Sneaker တွေကလည်း များစွာသောအရောင်သွေးတွေဟာ ရွေးခြယ်ရခက်စေပါတယ် ။ တကယ်လိုများ အဖြူရောင် Sneaker တစ်ရံ ရှိနေခဲ့မယ်ဆိုရင်တော့ အောက် ဘာကြီးပဲ ဝတ်ထားပါစေ အဲ့ဒီ Sneaker ကိုစီး အိမ်ရှေ့တံခါးကို တွန်းဖွင့်ပြီး ကမ္ဘာကြီး လည်ပတ်သွားဖို့ အဆင်သင့်ဖြစ်နေစေမှာပါ ။

Tags: