
Das Uberboy




Captain Sonar



Mister Eat Everything



MONKFORCE!


ဒါဟာ ဆရာဝန်တွေက လုနာကို ဘယ်အခြေအနေမျိုးမှာမဆို သွားကြည့်ရမယ့် စည်းကမ်းကြောင့် သူတို့တတ်ခဲ့တာဖြစ်ပါတယ်။

Jet-Man






The Godhand







Unicode

Das Uberboy

Das Uberboy ဆိုတဲ့ ကောင်လေးရဲ့ နာမည်အရင်းကိုတော့ မသိရပါဘူး။သူ့ကို ဘယ်သူမှမသိအောင် ထားရှိပါတယ်။သူ့ကိုသာ ပေါ်ပေါ်ထင်ထင်ထားရင် အနေထိုင်ကျဉ်းသွားမယ်လို့ သူ့အမေကထင်ထားတာဖြစ်ပါတယ်။ဘာလို့ အဲ့လိုထင်လဲဆိုတော့ သူ့ကို 1999 ခုနှစ်မှာမွေးခဲ့ပြီး မွေးမွေးချင်မှာပဲ Gym က ထွက်လာတဲ့ လူတစ်ယောက်လို တောင့်တင်းတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

သူ့မှာ ကြွက်သားတွေအမြှောင်းလိုက်ပါပြီး သူဟာ စိတ်ဆိုး ဒေါသရင် ခန္ဓာကိုယ်က ပိုကျစ်လစ်တောင့်တင်းလာတဲ့ ဂျာမန်ကလေးငယ်ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကလေးရဲ့ အသက်အရွယ်နဲ့ မလိုက်သန်မာမှုကို ဆရာဝန်တွေက သံသယရှိပါတယ်။မိခင်က ကျွဲရိုင်း နွားရိုင်းလို သတ္တဝါမျိုးနဲ့ရော တခုခုဖြစ်ခဲ့ဖူးလာဆိုတာပါပဲ။ဒီကောင်လေးဟာ 4 နှစ်သားမှာတောင် သူ့နဲ့ ရွယ်တူကောင်လေးတွေရဲ့ သုံးဆရှိပါတယ်။

Captain Sonar

Captain Sonar ကတော့ မျက်မမြင်တစ်ယောက်ဖြစ်ပြီး အခုတော့ သေဆုံးခဲ့ပါပြီ။သူ့မှာ  အရင်တုန်းက ချစ်သူလဲ ရှိပြီး မျက်မမြင် ခရီးသွားလို့ သူ့ကို ဆိုပါတယ်။

သူဟာ စွန့်စားရတဲ့အလုပ်ကို ဒုက္ခိတဆိုတာနဲ့ မလိုက်အောင် လုပ်ပြခဲ့သူဖြစ်ပါတယ်။သူဟာ မျက်လုံးကို အားကိုမရတော့ လျှာကို အားကိုးခဲ့ပါတယ်။တောက်ခေါက်ပြီး ဒီတောက်ခေါက်သံရဲ့ ပဲ့တင်မှုနဲ့ သူဟာ လမ်းလျှောက်တာဖြစ်ပြီး စကိတ်ဘုတ်စီးခြင်း၊ဘက်စကတ်ဘောကစားခြင်း နဲ့ ဘောလုံးကန်တာ ဂိမ်းကစားတာတွေပါ လုပ်နိုင်သူဖြစ်ပါတယ်။

Mister Eat Everything

Michel Lotito ဆိုတဲ့ အမျိုးသားကြီးတော့ လူသားဆိတ်ကြီးလို့ ခေါ်ကြပါတယ်။သူဟာ အရာရာကို ကိုက်ဖြတ်စားသောက်ချင်နေသူဖြစ်ပါတယ်။သူ အများဆုံးစားတာတော့ သတ္တု၊ဖန်နဲ့ အခြားသော အဆိပ်ဖြစ်နိုင်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။သူ့ရဲ့ အစာအိမ်ကလည်း ပုံမှန်မဟုတ်ပဲ သူများထက် မောင်းနှင်အား 2 ဆရှိပါတယ်။သူစားသမျှ သံထည်တွေကို ချေဖျက်ပေးပါတယ်။

သူ့ကို ရေဒီယို သတ္တိကြွနေတဲ့ ဆိတ်ကြီးက ကိုက်ခဲ့ဖူးလို့ သူဟာ အခုလို ပြောခဲ့တာဖြစ်ပါတယ်။ ဒါက သူ 9 နှစ်သားမှာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။သူဟာ စက်ဘီး၊ထော်လီ နဲ့ လေယာဉ်အပိုင်းအစတွေပါ စားပြခဲ့သူဖြစ်ပါတယ်။

MONKFORCE!

တိဗက်က ဘုန်းတော်ကြီးတပါးကလည်း စွမ်းအားကြီးမားပါတယ်။သူဟာ တရားထိုင်နေရင်း ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ပြောင်းပြပါတယ်။တခါတလေ အရမ်းကို ပူပြင်းသွားပြီး ဆေးပညာလောကက သတ်မှတ်တဲ့ အဖျားသွေးဆိုတာထက် များစွာကျော်လွန်သွားပါတယ်။လူတစ်ယောက်က ဒါဆို သေနေပါပြီ။သူက ဒါတင်မဟုတ်ပဲ ခန္ဒာကိုယ်ကို အအေးဆုံး အခြေအနေဖြစ် ပြောင်းလဲပြပါတယ်။တိဗက်မှာတော့ ဒါဟာ ထူးဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး။တရားကျင့်တဲ့ ဘုန်းတော်ကြီး တော်တော်များများရဲ့ ပြီးမြောက်ထားတဲ့ ကျင့်စဉ်ဖြစ်ပါတယ်။ဆရာဝန် တော်တော်များများတောင် ဒါကို လုပ်တတ်ပါတယ်။အကြောင်းအရင်းကတော့ အရင်က ဆရာဝန်ဖြစ်ဖို့ဆို အဲ့ဒါကို သီးသန့်ကျင့်ရပါတယ်။အေးခဲနေတဲ့ အပိုင်းမှာ လူနာကို သွားကြည့်ရင် ဆရာဝန်က သူ့ကိုယ်ရဲ့ အပူချိန်ကို မြှင့်ဖို့ ပါပဲ။ပူလွန်းတဲ့ နေရာတွေမှာတော့ သူက အေးနေမှာဖြစ်ပါတယ်။

ဒါဟာ ဆရာဝန်တွေက လုူနာကို ဘယ်အခြေအနေမျိုးမှာမဆို သွားကြည့်ရမယ့် စည်းကမ်းကြောင့် သူတို့တတ်ခဲ့တာဖြစ်ပါတယ်။

Jet-Man

Yves Rossi ဆိုတဲ့ အမျိုးသားဟာ ဆွစ်ဇာလန်ရဲ့ ပရော်ဖက်ရှင်နယ် လေယာဉ်မှုးဖြစ်ပါတယ်။သူဟာ ပျံသန်းမှုတွေကို ထူးဆန်းတဲ့ အကွက်တွေနဲ့ ပျံသန်းတတ်ပါတယ်။သေမင်းတမန် မောင်းနှင်ချက်တွေကို သူဟာ စွန့်စားရဲသူဖြစ်ပြီး သူကခန္ဓာကိုယ်မှာ ဂျက်ရဲ့ အစိတ်အပိုင်းနဲ့ တောင်ပံတွေ တပ်ဆင်ပြီးရင် သူ့ကို ထိန်းချုပ်ဖို့ ခက်ခဲပါတယ်။သူဟာ အနိမ့်ရော အမြင့်ရော ပျံသန်းသူဖြစ်ပြီး လေကြောင်းကို ကောင်းကောင်းထိန်းနိုင်တာဖြစ်ပါတယ်။

Zamora the Torture King

Tim Cridland ဆိုတဲ့ အမျိုးသားဟာ Jim Rose ဆိုတဲ့ ဆပ်ကပ်က ဖြစ်ပြီး သူဟာ အလွန်အမင်း အနာကျင်ဆုံးသော ဒဏ် ခံနိုင်သူလို့ ဆိုရပါမယ်။

သူဟာ ဓားတွေမျိုချတာ၊မီးတွေပေါ်မှာ လမ်းလျှောက်တာ လျှပ်စစ်ဖြတ်စီးပြတာ စတာတွေ လုပ်ပါတယ်။ချွန်ထက်တဲ့ အရာတွေနဲ့ ကိုယ်ခန္ဓာကိုယ်ကို ထုတ်ချင်းပေါက်အောင် ဖောက်ပြတာမျိုး လုပ်ပါတယ်။

သူဟာ ဒါနဲ့ ပတ်သက်လို့ ဘယ်လိုမှ မခံစားရဘူးဆိုပြီး ပြောပြပါတယ်။သူဟာ ဓာတ်နဲ့ တို့တာတောင့် ဦးနှောက် မပျော်သလို နှလုံးတောင်မရပ်ပါဘူး။

The Godhand

ဘုရားပေးတဲ့ လက်လို့ နာမည်ကြီးသူကတော့ Choi Yeong-eui လို့ ခေါ်တဲ့ Masutatsu Oyama ကြီးပဲ ဖြစ်ပါတယ်။သူဟာ ကိုရီးယားမှာ 1927 ခုနှစ်က မွေးခဲ့ပြီး ဂျပန်ကို ပြောင်းရွှေ့ကာ ကာရာတေးကို သင်ခဲ့ပါတယ်။

နောက်တော့ သူ့သိုင်းပြပွဲတွေကို အရာရှိတွေ သရုပ်ဆောင်တွေကအစ လာကြည့်ကြပါတယ်။သူ့ သိုင်းပြကွက် အခွေလဲ လက်မလည်အောင် ရောင်းရခဲ့ပါတယ်။

သူဟာ ကျွဲရိုင်းတစ်ကောင်ကို ကောင်းကောင်း သတ်နိုင်ပါတယ်။ပြေးပြီး ဝှေ့တဲ့ ဦးချိုကို လက်ဝါးစောင်းနဲ့ ရိုက်ပြီး ချိုးပစ်ပါတယ်။သူဟာ ကျွဲရိုင်း 52 ကောင်လောက်ကို သတ်ပုတ်ဖူးသလို ကိုယ်ခံပညာလည်း ကောင်းတာဖြစ်ပါတယ်။

သူဟာ သုံးရက်အတွင်း လူပေါင်း သုံးရာနဲ့ တိုက်ခိုက်ပြခဲ့တာဖြစ်ပါတယ်။သူ့အကြောင်းကို အခြေခံပြီးရိုက်ထားတဲ့ Champion of Death, Karate Bearfighter, နဲ့  Karate for Life ရုပ်ရှင် သုံးကားရှိပါတယ်။အမြင့်ခုန် ကန်တာတွေမှာလည်း ကျွမ်းကျင်တာဖြစ်ပြီး သူဟာ ဝက်ဝံတစ်ကောင်နဲ့တောင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်ပါတယ်။

ဒီအကြောင်းအရာလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် ပြောချင်လွန်းလို့ စာမျက်နှာကို See First လုပ်ထားပြီး ဆက်လက်အားပေးပါဦးနော်။

အခု တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးကတော့ အပြင်မှာ တကယ်ရှိနေတဲ့ လက်တွေ့ဘဝက စွမ်းအားရှင်တွေ အကြောင်းပဲ ဖြစ်ပါတယ်။