အပြန်အလှန်ချီးမွမ်းရင်းကြင်နာနေတဲ့ ထူးအောင်နဲ့လွှမ်းပိုင်

0
52

အရမ်းကိုကြီးမားတောင့်တင်းတဲ့ လူသန်ကြီးထူးအောင်ဟာ သူ့ရဲ့ဟိမဝန္တာတောင်တန်းတွေလိုကြီးမားဖုထစ်တဲ့ ကြွက်သားတွေနဲ့ ယောက်ျားပီသချောမောတဲ့ ရုပ်ရည်ကြောင့် တစ်နိုင်ငံလုံးက ပရိသတ်ကောင်မလေးတွေအသည်းအသန်အရူးအမူးဖြစ်ကြရပြီး ယောက်ျားလေးတွေလည်းအချင်းချင်းကိုအားကျရတဲ့ဘဲရောဆော်ရောကြည်တဲ့သူကြီးပါ။ လွှမ်းပိုင်ဟာဆိုရင်တော့ သိကြတဲ့အတိုင်း တစ်ယောက်ဆိုတစ်ယောက်စွဲစွဲမြဲမြဲချစ်တဲ့ သစ္စာခိုင်ကျည်သူ ထိပ်တန်းအဆိုတော်တစ်ဦးဖြစ်ပါတယ်။ ထူးအောင်နဲ့လွှမ်းပိုင်တို့က မီဒီယာတွေနဲ့အင်တာဗျူးမှာ သူတို့နှစ်ယောက်အတူတူပါဝင်သရုပ်ဆောင်ထားကြတဲ့ ကိုယ်စောင့်နတ်ကားကြီးအကြောင်း ရယ်မောပျော်ရွှင်စွာအတူတူပြောပြသွားကြပါတယ်။

အရမ်းကိုချစ်ခင်နေကြတဲ့ ထူးအောင်နဲ့လွှမ်းပိုင်က တစ်ယောက်နဲ့တစ်ယောက်သဘောကျမိတာလေးတွေကို အတူတူပြောပြသွားကြပါတယ်။ ထူးအောင်က “ကိုလွှမ်းပိုင်က စောင်ရမ်းတော်ကီကောင်းတယ်။ သီချင်းဆိုတာလည်းအရမ်းကောင်းတယ်။ဆော်လည်းအရမ်းကြည်တယ်။ အဲဒါသဘောကျတယ်”လို့ ပြောထားပြီးလွှမ်းပိုင်ကတော့ ရှက်ပြုံးတွေပြုံးကာ “သူ့ဟာတွေကျွန်တော့်ကိုလာပြောနေတယ်။ ဒီဗလနဲ့ဗျာ ဆော်မကြည်ပဲနေမလား”လို့ ပြန်ပြောပါတယ်။

ထူးအောင်ရဲ့ဗလကြီးပေါ်လွှမ်းပိုင်ရဲ့အမြင်ကိုမေးတဲ့အခါမှာတော့ “ကျွန်တော်ကမြင်တယ် ထူးအောင်နဲ့ရိုက်ကတည်းက ထူးအောင် မင်းဘယ်လိုကစားတာလဲပေါ့”လို့ ဖြေနေတုန်းမှာထူးအောင်က လွှမ်းပိုင်နားကပ်ပြီး အင်္ကျီကြယ်သီးဖြုတ်မယ့်ပုံလုပ်ပါလေရော။ လွှမ်းပိုင်က ရှက်သွားဟန်နဲ့ရယ်ပြီး “ဒီကောင်ကအရမ်းကစားနိုင်တယ်။ သူ့ကိုအရမ်းအားကျတယ်။သူက ဇွဲလည်းရှိတယ်ကျွန်တော်တို့က မရဘူး။ ဇွဲလည်းမရှိဘူး”လို့ ဖြေထားပါတယ်။ သူ့ကိုတစ်ခွန်းချီးကျူးရင်သူက နှစ်ခွန်းလောက်ပြန်ချီးကျူးလိုက်ရမှနေသာထိုင်သာရှိတဲ့ထူးအောင်က “ကိုလွှမ်းပိုင်က ဂိမ်းဆော့တာအရမ်းကောင်းတယ်။ အွန်လိုင်းပေါ်မှာနာမည်ကြီးနေတာလေ။ PUBG PUBG”လို့ ဝင်ပြောပြီး နှစ်ယောက်သားတွန်းကာတိုက်ကာရယ်နေပါသေးတယ်။

ကိုယ်စောင့်နတ်ကားကြီးကိုအတူရိုက်ထားကြတဲ့သူတို့နှစ်ယောက်ရဲ့ရိုက်ကူးရေးအမှတ်တရတွေကိုမေးမြန်းတဲ့အခါမှာတော့ နှစ်ယောက်လုံးကအရမ်းများတယ်အများကြီးပဲလို့ဖြေနေကြပြီး ထူးအောင်က “ကျွန်တော်တို့နှစ်ယောက် ရှုတင်မှာ ဟီးဟီးဟားဟားအချိန်တွေအရမ်းများတယ်နော်။ အရမ်းပျော်ဖို့ကောင်းတယ်”လို့ ပြောပြီး လွှမ်းပိုင်ကတော့ “ပြောလို့မရတဲ့ အမှတ်တရတွေလည်းရှိတယ်။နောက်တော့မှသိလိမ့်မယ်”လို့ ပြုံးစစနဲ့ ထပြောပြီး ထူးအောင်က ရယ်နေတော့မှ ထူးအောင်ကိုပခုံးဖက်ကာ “ကိုထူးအောင်က ဆော်အရမ်းကြည်လို့ပါ၊ရိုက်ကွင်းမှာရိုက်နေရင်းနဲ့ဗျာမျက်မြင်ကိုယ်တွေ့ပဲ ကောင်မလေးတွေက ကိုထူးအောင်ကိုအရမ်းကြိုက်ကြတာ”လို့ ပြောနေတုန်းမှာ ထူးအောင်က လွှမ်းပိုင်ကိုပခုံးပြန်ဖက်ကာ စကားလွှဲပြီး “ကျွန်တော်တို့ Water Boom မှာရိုက်တဲ့နေ့တုန်းက အရမ်းရယ်ရတာ။ အဲဒီမှာတကယ်လည်းရိုက်တယ်၊ဂိမ်းလည်းဆော့တယ်”လို့ ပြောလိုက်ပြန်ပါတယ်။

ထူးအောင်က ဆော်ကြည်တယ်ဆိုတော့ ဘဲရောကြည်လားဆိုတဲ့ မေးခွန်းကို လွှမ်းပိုင်က မဖြေချင့်ဖြေချင်ဟန်နဲ့ “ဘဲလည်းကြည်မှာပေါ့။ ဒါထူးအောင်ပဲသိမှာ”လို့ ပြောလိုက်တဲ့အခါ လွှမ်းပိုင်ကိုဘေးကနေ မျက်တောင်မခတ်တမ်းငေးစိုက်နေတဲ့ ထူးအောင်က “ကိုလွှမ်းပိုင် ကျွန်တော့်ကိုဆေးမထိုးပါနဲ့ဗျာ”လို့ ပြောပြီး နှစ်ယောက်သား ရယ်မောနေခဲ့ကြပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော လွှမ်းပိုင်နဲ့ထူးအောင်နဲ့ကိုချစ်ကြလား။ သူတို့နှစ်ယောက်အတူတူရိုက်ထားတဲ့ ကိုယ်စောင့်နတ်ကားကြီးကိုရော သွားရောက်ကြည့်ရှု့အားပေးကြမှာလား။ နှစ်ယောက်အတူတူအနုပညာအလုပ်တွေလုပ်စေချင်ကြလား။ ပြောခဲ့ကြပါဦး။

Can’t Wait To Say