အွန်လိုင်းမှာ လူကြိုက်များနေတဲ့ ဟိန်းမင်းသူရဲ့အမိုက်စား MTV

0
67

လူငယ်တွေကြားမှာ ပေါ့ပေါ့ပါးပါး မြူးမြူးကြွကြွနဲ့ ခံစားလို့ရတဲ့ သီချင်းလေးတွေဆိုပြီး နာမည်ကြီးလာတဲ့ အဆိုတော် ဟိန်းမင်းသူကတော့ သူ့ရဲ့အကြမ်းစား အမိုက်စား သီချင်းသစ်လေးကို တင်လိုက်ပြီ ဖြစ်ပါတယ်။ အရင်ကလည်း တိုးတိုးတိတ်တိတ်၊ ဝလုံးလေး အစရှိတဲ့ သီချင်းတွေကတော့ ပရိသတ်အားပေးမှု တော်တော်လေးကို ရရှိထားတာ ဖြစ်ပါတယ်။ လက်ရှိတင်လိုက်တဲ့သီချင်းသစ်ကတော့ Burn My Heart လို့အမည်ရပြီး ပရိသတ်တွေအကြိုက်ဖြစ်စေမယ့် MTV ကိုပါတင်ပေးလိုက်တာ ဖြစ်ပါတယ်။

ဟိန်းမင်းသူကတော့ ဘော်ဒီတောင့်တောင့်၊ အရပ်မြင့်မြင့်၊ အသားဖြူဖြူနဲ့ ပုံစံတွေကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲကိုကိုဖြစ်ပါတယ်။ ဝေဖန်မှုတွေ တိုက်ခိုက်မှုတွေရှိပေမယ့်လည်း ဟိန်းမင်းသူရဲ့ ကြိုးစားမှုကြောင့် ပရိသတ် အားပေးမှုကတော့ မပျောက်သွားပဲ ပိုလို့တောင်တိုးလာပါသေးတယ်။

ဟိန်းမင်းသူကတော့ မကြာသေးခင်ကပဲ Cyber Bulling လုပ်ခံခဲ့ရပြီး ဟက်ကာတွေကြောင့် စိတ်တွေညစ်ခဲ့ရပြီး ပြိုလဲခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေရဲ့ အားပေးမှု၊ သူငယ်ချင်းတွေရဲ့ အားပေးမှုကြောင့် ဟိန်းမင်းသူတယောက် ပြန်လည်ကြိုးစားပြီးတော့ ထ နိုင်ခဲ့ပါတယ်။

လက်ရှိမှာလည်း သူ့ရဲ့ MTV သီချင်းအသစ် Burn My Heart ကတော့ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားပြီး ချစ်ခန်းကြိုက်ခန်း တချို့လည်း ပါဝင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကြည့်ရှုသူ ပိုမိုများပြားခဲ့ပြီး တရက်ထဲနဲ့ ကြည့်ရှုသူ 175k အထိရောက်သွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရေပန်းစားနေတဲ့ ဟိန်းမင်းသူရဲ့ MTV သီချင်းသစ် Burn My Heart သီချင်းလေးကို ပြောချင်လွန်းလို့ပေ့ခ်ျက အောက်မှာတင်ပြပေးလိုက်ပါတယ်။ ဗီဒီယိုလေးကတော့ အောက်မှာပါ။

BURN MY HEART { Official Music Video }artist – hein min thustarring – hein min thu , shwe yamin mayguitarist – myo kyaw (string)pianist – kyaw soe naing (cokey)music producer & mixing – glockharmony – ye htoostylis – lwin khant mgmua & hair – omega mee meedirected by kinaedit – wai yanနင်ငါ့ဆီကိုပြန်လာလိုက်ထွက်သွားလိုက်လုပ်တာကိုသိသိရက်နဲ့ဘာလို့ လက်ခံခဲ့လဲနင်သိလားငါနင့်ကိုစောက်ရမ်းချစ်လို့💔💔mp3 high quality free download here >>https://www.mediafire.com/download/g1a3adjanh7lkw3JOOX – http://www.joox.com/common_redirect.html?page=playsong&songid=UM57ENtRtcu7BRJNoVmFDA==&appshare=iphone&backend_country=mm&lang=en&songMid=002VWM6z15w3Lj (#JOOX)Mention your heartbreaker 💔PLEASE LIKE & SHARES

Dikirim oleh Hein Min Thu pada Kamis, 20 Desember 2018

LEAVE A REPLY

Please enter your comment!
Please enter your name here