အႁမႊာသမီးေလးေတြနဲ႔ အတူ ေစ့စပ္ပြဲက်င္းပခဲ့တဲ့ ေဂ်လို

ေဂ်လို လို႔ ခ်စ္စႏိုးေခၚၾကတဲ့ အသက္ ၅၀ အရြယ္ရွိၿပီျဖစ္တဲ့ ဂ်နီဖာလိုပက္ဇ္ ရဲ႕နာမည္ အရင္းကေတာ့ ဂ်နီဖာလင္းလိုပက္ဇ္ ျဖစ္ပါတယ္။ သူကေတာ့ ၁၉၈၆ ခုႏွစ္က My Little Girl ဆုိတဲ့ ရုပ္ရွင္မွာ အခန္းအနည္းငယ္ ပါဝင္ခဲ့ရာမွ စၿပီး အႏုပညာပိုးေတြ စတင္ဝင္ေရာက္ခဲ့သူျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ၁၉၉၁ ခုႏွစ္မွာ In Living Color ဆိုတဲ့ တီဗီ အစီစဥ္တစ္ခုမွာ အကမယ္တစ္ေယာက္အေနနဲ႔ ပါဝင္သရုပ္ေဆာင္ခဲ့ၿပီးတဲ့အခ်ိန္မွာေတာ့ သူရဲ႕အႏုပညာ လမ္းေၾကာင္းအတြက္ အေကာင္းဆံုး လမ္းေၾကာင္းေပၚေရာက္ရိွခဲ့တာပဲျဖစ္ပါတယ္။ ၁၉၉၇ ခုႏွစ္ထုတ္ ဆယ္လီနာ ရုပ္ရွင္မွာေတာ့ အဓိသရုပ္ေဆာင္မင္းသမီးေနရာကေန ပါဝင္သရုပ္ေဆာင္ခဲ့ၿပီး လက္တင္မင္းသမီးမ်ားထဲမွာေတာ့ ပထမဆံုး အေမရိကန္ေဒၚလာတစ္သန္းေက်ာ္ အႏုပညာေၾကးရရိွခဲ့သူျဖစ္ပါတယ္။

၁၉၉၉ ခုႏွစ္မွာေတာ့ On the 6 ဆိုတဲ့ သီခ်င္းAlbum တစ္ခုကို ထုတ္ေဝခဲ့ၿပီး ဂီတေလာကထဲကို ေျခစံုပစ္ဝင္ခဲ့ပါတယ္။ ရုပ္ရွင္သရုပ္ေဆာင္တစ္ေယာက္ ဘဝကေန ဂီတဘက္ကိုေျပာင္းလဲရာမွာ ေအာင္ျမင္တဲ့သူလူအနည္းငယ္ထဲမွာေတာ့ ေဂ်လို တစ္ေယာက္ ပါဝင္ခဲ့ပါတယ္။ အဲ့ဒီေနာက္ သူရဲ႕ ဂီတ Album တစ္ခုခ်င္းစီမွာလည္း ေအာင္ျမင္မႈေတြအမ်ားႀကီးရရွိခဲ့ပါတယ္။ ၂၀၀၈ ခုမွာေတာ့ သူမရဲ႕ အႁမႊာသမီးေလးေတြျဖစ္တဲ့ အမ္မီနဲ႔ မက္ဆီလီယံတို႔ကို ေမြးဖြားခဲ့ပါတယ္။ အခုဆိုရင္ေတာ့ သူ႕သမီးေတြ က ၁၁ႏွစ္အရြယ္ရိွေနပါၿပီ။



အသက္ ငါးဆယ္အရြယ္ရိွတဲ့ ေဂ်လိုကေတာ့ အသက္ ၄၄ ႏွစ္အရြယ္ရိွတဲ့ Alex Rodriguez ခ်စ္သူေတြျဖစ္ေနၾကတာဟာ ကာလတစ္ခုၾကာခဲ့ပါၿပီ။ သူတို႔ႏွစ္ေယာက္ကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ပိုမိုနီးကပ္ေအာင္ေနဖို႔အတြက္ ပိုၿပီး စိတ္အားထက္သန္ေနၾကပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၇ ရက္ေန႔မွာေတာ့ LA မွာ သူတို႔ႏွစ္ေယာက္ဟာ ေဂ်လိုရဲ႕ အႁမႊာသမီးေလးႏွစ္ေယာက္နဲ႔အတူ လက္ထပ္ပြဲက်င္းပခဲ့ပါတယ္။ အဲ့ဒီလိုက်င္းပခဲ့တဲ့ ပံုရိပ္ေတြကိုလည္း ေဂ်လိုရဲ႕ Instagram အေကာင့္မွာ တင္ခဲ့ပါတယ္။ ေဂ်လိုတစ္ေယာက္ မွာ အခ်စ္မွာ တစ္ခါေပ်ာ္ဝင္ေနျပန္ၿပီထင္ပါတယ္ေနာ္ ။




Unicode

ဂျေလို လို့ ချစ်စနိုးခေါ်ကြတဲ့ အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ ဂျနီဖာလိုပက်ဇ် ရဲ့နာမည် အရင်းကတော့ ဂျနီဖာလင်းလိုပက်ဇ် ဖြစ်ပါတယ်။ သူကတော့ ၁၉၈၆ ခုနှစ်က My Little Girl ဆိုတဲ့ ရုပ်ရှင်မှာ အခန်းအနည်းငယ် ပါဝင်ခဲ့ရာမှ စပြီး အနုပညာပိုးတွေ စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ၁၉၉၁ ခုနှစ်မှာ In Living Color ဆိုတဲ့ တီဗီ အစီစဉ်တစ်ခုမှာ အကမယ်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီးတဲ့အချိန်မှာတော့ သူရဲ့အနုပညာ လမ်းကြောင်းအတွက် အကောင်းဆုံး လမ်းကြောင်းပေါ်ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်ထုတ် ဆယ်လီနာ ရုပ်ရှင်မှာတော့ အဓိသရုပ်ဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပြီး လက်တင်မင်းသမီးများထဲမှာတော့ ပထမဆုံး အမေရိကန်ဒေါ်လာတစ်သန်းကျော် အနုပညာကြေးရရှိခဲ့သူဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်မှာတော့ On the 6 ဆိုတဲ့ သီချင်းAlbum တစ်ခုကို ထုတ်ဝေခဲ့ပြီး ဂီတလောကထဲကို ခြေစုံပစ်ဝင်ခဲ့ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက် ဘဝကနေ ဂီတဘက်ကိုပြောင်းလဲရာမှာ အောင်မြင်တဲ့သူလူအနည်းငယ်ထဲမှာတော့ ဂျေလို တစ်ယောက် ပါဝင်ခဲ့ပါတယ်။ အဲ့ဒီနောက် သူရဲ့ ဂီတ Album တစ်ခုချင်းစီမှာလည်း အောင်မြင်မှုတွေအများကြီးရရှိခဲ့ပါတယ်။ ၂၀၀၈ ခုမှာတော့ သူမရဲ့ အမြွှာသမီးလေးတွေဖြစ်တဲ့ အမ်မီနဲ့ မက်ဆီလီယံတို့ကို မွေးဖွားခဲ့ပါတယ်။ အခုဆိုရင်တော့ သူ့သမီးတွေ က ၁၁နှစ်အရွယ်ရှိနေပါပြီ။



အသက် ငါးဆယ်အရွယ်ရှိတဲ့ ဂျေလိုကတော့ အသက် ၄၄ နှစ်အရွယ်ရှိတဲ့ Alex Rodriguez ချစ်သူတွေဖြစ်နေကြတာဟာ ကာလတစ်ခုကြာခဲ့ပါပြီ။ သူတို့နှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက်ပိုမိုနီးကပ်အောင်နေဖို့အတွက် ပိုပြီး စိတ်အားထက်သန်နေကြပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့မှာတော့ LA မှာ သူတို့နှစ်ယောက်ဟာ ဂျေလိုရဲ့ အမြွှာသမီးလေးနှစ်ယောက်နဲ့အတူ လက်ထပ်ပွဲကျင်းပခဲ့ပါတယ်။ အဲ့ဒီလိုကျင်းပခဲ့တဲ့ ပုံရိပ်တွေကိုလည်း ဂျေလိုရဲ့ Instagram အကောင့်မှာ တင်ခဲ့ပါတယ်။ ဂျေလိုတစ်ယောက် မှာ အချစ်မှာ တစ်ခါပျော်ဝင်နေပြန်ပြီထင်ပါတယ်နော် ။