အနုပညာလောကမှာ ရေပန်းစားခဲ့တဲ့ အမြွှာသရုပ်ဆောင်များ

0
57

လူတွေရှေ့ ဗြုန်းဆို ရောက်လာ၊ ရုပ်ရှင်တွေရို်က်၊ ဂီတတွေဖန်တီး၊ အနုပညာတွေ အားကောင်းမောင်းသန် ခဲ့ပြီး လူတွေ သိပ်ကြိုက်ခဲ့ကြပြီးမှ တစ်ခါ ဝုန်းဆို လူမြင်ကွင်းကနေ ပြန်ပျောက်သွားပြန်ရောဆိုတဲ့ အနုပညာလောကြ အမြွှာတွေ ရှိခဲ့ဖူးပါတယ်။ သူတို့ဘာတွေဆက်ဖြစ်ခဲ့ကြသလဲ။ သူတို့ရဲ့ ကောက်ကြောင်းလေးတွေ တင်ဆက်ပေးလိုက်ပါတယ်။

8. Peter and David Paul

ကာယဗလဆရာသမား ၂ယောက်ကို ၁၉၉၀ ကာလတွေမှာ လူသိများခဲ့ပါတယ်။ ကိုယ်ခန္ဓာ အချိုးအစား လှပမှုကြောင့် သရုပ်ဆောင်နိုင်စွမ်း အားနည်းတာတောင် ရုပ်ရှင် ၁၂ ကား မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူတို့ နောက်တော့ သရုပ်ဆောင်လောက က ပျောက်သွားခဲ့ပြီး 2005 မှာ Peter က ကိုယ်ပိုင်ရှိုးတစ်ခုကို တင်ဆက်နေပြီး David က ပရိုဓာတ်ပုံဆရာ ဖြစ်နေပါပြီ။

7. James and Oliver Phelps

သရုပ်ဆောင်နယ်ပယ်ထဲ ကံစပ်ခဲ့တဲ့ နောက်ထပ် အမြွှာဆိုလည်း မမှားပါဘူး။ သူတို့ကို ဟယ်ရီပေါ်တာ ထဲမှာ George နဲ့ Fred အနေနဲ့ တွေ့ခဲ့ကြရမှာပါ။ Oliver က ပရော်ဖက်ရှင်နယ် ဂေါ့ဖ်သမား ဖြစ်ချင်ပြီး ၂ယောက်စလုံး အားကစားကို ခုံမင်လိုက်စားကြပါတယ်။ George က ဂီတဘက်ကို စုံမက်ပြီး တစ်နေ့မှာ ဂျိမ်းစ်ဘွန်းရုပ်ရှင် ထဲ ပါဝင်သရုပ်ဆောင်ခွင့်ရဖို့ တောင့်တတတ်သူပါ။

6. Mary-Kate and Ashley Olsen

သိပ်ချစ်ဖို့ ကောင်းတဲ့ ညီအစ်မ ၂ယောက်က မွေးကတည်းက စတားတွေ ဖြစ်ခဲ့ကြတာပေါ့လေ။ သူတို့ ကိုးလသမီး အရွယ်မှာကတည်းက Fulk House ရုပ်သံစီးရီးထဲ ပါဝင်ခွင့်ရခဲ့ပါတယ်။ ရုပ်ရှင်ထုတ်လုပ်သူတွေက မျက်စိကျခဲ့ပြီး To Grandmother’s House We Go, It Takes Two နဲ့ Passport to Paris ဆိုတဲ့ဇာတ်ကားတွေကို သူတို့အတွက် ဇာတ်ညွှန်းရေးသားရင်း ဆက်ဖန်တီးခဲ့ကြပါတယ်။ New York Minute ရုပ်ရှင်က Box office မှာ မအောင်မြင်တဲ့နောက်ပိုင်း 2004 မှာ သူတို့ သရုပ်ဆောင်ဘဝ တစ်ခန်းရပ်ခဲ့တယ်။ သူတို့ ၁၂နှစ် အရွယ်သာ ရှိသေးပေမယ့် ကိုယ်ပိုင် အဝတ်ချုပ် ဖန်တီးထုတ်လုပ်တဲ့ လုပ်ငန်းကို စတင်ခဲ့တယ်။ ဖက်ရှင်လောကထဲကို ဝင်ရောက်ခဲ့ပြီး The Row ဆိုတဲ့ သူတို့ရဲ့ အဝတ်အစား Brand ဟာ သိပ်နာမည်ကြီးပြီး အောင်မြင်ပါတယ်။

5. Tom and Bill Kaulitz

2000 ကာလအစောပိုင်းတုန်းက ဂျာမန်ဂီတဝိုင်း Tokio Hotel ကို တည်ထောင်ခဲ့တဲ့ ညီအစ်ကို အမြွှာနှစ်ယောက်ပေါ့။ သိပ်စန်းပွင့်ခဲ့တဲ့ ကာလတွေပါ။ ဂီတဝိုင်းက ဆက်ရှိနေဆဲပေမယ့် အရင်လောက် နာမည်မရှိတော့ပါဘူး။ Tom က ဂစ်တာတီး၊ သီချင်းကို ဖန်တီးထုတ်လုပ်တဲ့ အပိုင်းတွေ ယူထားပြီး Bill က ၂၀၁၆ မှာ တစ်ကိုယ်တော် ပိုင်းကိုလည်း ခြေလှမ်းဆက်ခဲ့ပါတယ်။

4. Megan and Kathryn Prescott

Megan က သရုပ်ဆောင်အလုပ်ကို အရင်ထွက်ခဲ့ပြီး က တော့ ကိုယ်ခန္ဓာ လေ့ကျင့်ပေးရေး အပိုင်းကို ဆက်လုပ်နေခဲ့ပါတယ်။ Kathryn ကတော့ ကိုယ်တိုင် သရုပ်ဆောင်ဆက်လုပ်နေဆဲဖြစ်ပြီး ဓာတ်ပုံလည်း ရံဖန်ရံခါ ရိုက်တတ်ပါတယ်။

3. Benji and Joel Madden

Good Charlotte ဆိုတဲ့ ပန့်ခ်ဂီတဝိုင်းကို ကြားဖူးကြလားဗျ။ 1990 ကာလနဲ့ 2000 ခုနှစ် အစောပိုင်းတွေမှာ အတော်ကို အမိုက်စား ဖြစ်ခဲ့တဲ့ ဂီတဝိုင်းပေါ့။ Madden တို့ အမြွှာပူးညီအစ်ကို ၂ယောက်ရဲ့ တည်ထောင်မှုပါပဲ။ ဂီတအလုပ်တွေကို ဆက်လုပ်နေဆဲအပြင် Benji က မင်းသမီး ကင်မရွန်ဒီယာ့ဇ် နဲ့ ယူခဲ့ပြီး Joel က Nicole Richie နဲ့ အကြောင်းပါခဲ့ပါတယ်။

2. Dean and Dan Caten

အဝတ်အစားတွေ ဖန်တီးရတာ သိပ်ခုံမင်တဲ့ ညီအကို ၂ဦး။ ၂၀၀၀ ကာလတွေမှာ ကမ္ဘာကျော်တွေအနေနဲ့ လူသိများ ကျော်ကြားလာပါပြီ။ မက်ဒေါနား၊ ဘရစ်တနီစပီးယား၊ ခရစ်စတီးနားအဂွယ်လ်ရာ တို့အတွက်လည်း တမျိုးတမူ ထူးခြားတဲ့ ဝတ်စုံအလန်းတွေ ဖန်တီးပေးခဲ့ကြတာပေါ့လေ။ ဒါ့အပြင် အိုလံပစ်ပြိုင်ပွဲအတွက် အားကစားဝတ်စုံတွေလည်း ချုပ်လုပ်ကြပါတယ်။

1. Lisa and Louise Burns

1980 ကာလတွေတုန်းက အသက် ၁၂ နှစ်နဲ့ တောက်ပခဲ့တဲ့ ကလေးမလေး နှစ်ယောက်ပေါ့။ The Shining ဇာတ်ကားမှာ ကျောချမ်းစရာ Creepy ကာရိုက်တာတွေ အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ကြတာကိုး။ နောက်ပိုင်း ရုပ်ရှင်ထက်မှာ သူတို့ကို ထပ်ပြီး မတွေ့ကြရတော့ပါဘူး။ ဒီရုပ်ရှင်ရဲ့ နှစ်ပတ်လည် အနေနဲ့ တွစ်တာ မှာ သူတိုအမြွှာက အကောင့်တစ်ခု ဖွင်ခဲ့ပါတယ်။