အ႐ွားပါးဆံုးနဲ႔ အလန္းဆံုးကားမ်ားကို ေရြးခ်ယ္အသံုးျပဳထားတဲ့ အၾကည့္သင့္ဆံုး႐ုပ္႐ွင္မ်ား

ရုပ္ရွင္ အမ်ိဳးအစားေတြ အမ်ားႀကီးရိွတဲ့အပိုင္းမွာေတာ့ လူငယ္ေတြစိတ္ကို ဖမ္းစားႏိုင္တဲ့ဇာတ္လမ္းေတြကေတာ့ ကားၿပိဳင္တဲ့ ဇာတ္ကားေတြ ဒါမွမဟုတ္ ကားေမာင္းကၽြမ္းက်င္မႈကို အသားေပးရိုက္ကူးထားတဲ့ ဇာတ္လမ္းေတြပဲျဖစ္မွာပါ ။ အဲ့ဒီလိုဇာတ္ကားေတြ ထဲမွာမွာ Ranker ကေနစစ္တမ္းေကာက္ယူထားၿပီး ပရိသတ္ေတြမဲေပးမႈေတြကေန ရယူထားတဲ့ စစ္တမ္းတစ္ခုမွာပါဝင္တဲ့ ဇာတ္ကားေတြအေၾကာင္းကို ေျပာျပေပးခ်င္ပါတယ္။ ဒီစာရင္းမွာ ဘယ္ဇာတ္ကားေတြပါဝင္ေနမယ္ဆိုတာကိုေတာ့ ေအာက္မွာ ဆက္လက္ၾကည့္ရႈလိုက္ပါဦး ခင္ဗ်ာ ။

The Fast and the Furious



ဒီစာရင္းမွာ ထိပ္ဆံုးမွာပါဝင္ေနတဲ့ ဇာတ္ကားကေတာ့ The Fast and Furious ပါ ။ ဒီဇာတ္ကားက Fast and Furious Universe ရဲ႕ အစလို႔ေတာင္ ေျပာလို႔ရပါတယ္။ Universalရဲ႕ FF franchise ရဲ႕ မူလဦးတည္ရာ Brain O’Conner နဲ႔ Dom တို႔ရဲ႕ အေၾကာင္းကို ဦးစားေပးရိုက္ကူးထားၿပီး လမ္းေဘးကတရားမဝင္ ကားၿပိုင္ပြဲ ေတြကို ေဝေဝဆာဆာထည့္ၿပီးရိုက္ကူးထားတဲ့ ဇာတ္ကားပဲျဖစ္ပါတယ္။ ၿပိဳင္ကားေတြကို ဦးစားေပးရိုက္ကူးထားတဲ့ရုပ္ရွင္ပီပီ ဒီစာရင္းမွာ နံပါတ္တစ္ေနရာကေန ပါဝင္ေနတာ ထိုက္တန္တယ္လို႔ထင္ပါတယ္။

Bullitt




ဒီစာရင္းမွာ နံပါတ္၂ ေနရာကေနပါဝင္ေနတဲ့ ရုပ္ရွင္ကေတာ့ 1968 ခုႏွစ္က ရိုက္ကူးခဲ့တဲ့ Bullitt ပဲျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္က နာမည္ႀကီးသရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ Steve McQueen ကပါဝင္သရုပ္ေဆာင္ထားၿပီး အေမရိကန္ေဒၚလာ ၄၂သန္းထိဝင္ေငြရခဲ့တဲ့ ဇာတ္ကားတစ္ကားျဖစ္ပါတယ္။ မႈခင္းစံုစမ္းေထာက္လွမ္းအဖြဲ႔တစ္ဖြဲ႕ကိုအေျခခံၿပီးရိုက္ကူးထားတာပါ ။

Gone in 60 Seconds



၂၀၀၀ျပည့္ႏွစ္ကရံုတင္ျပသခဲ့တဲ့ Gone In 60 Seconds ဆိုတဲ့ Nicolas Cage နဲ႔ Angelina Jolie တို႔ပါဝင္ထားတဲ့ ဇာတ္ကးကေတာ့ ဒီစာရင္းမွာ တတိယေနရာကပါဝင္ေနပါတယ္။ အဲ့ဒီအခ်ိန္က အေကာင္းဆံုးလို႔ စာရင္းဝင္တဲ့ ကားေတြအသံုးျပဳၿပီး ရိုက္ကူခဲ့တဲ့ ဒီဇာတ္ကားမွာေတာ့ က်ေနာ္တို႔ ရူးသြပ္ခဲ့ရတဲ့ Jolie ရဲ႕ ငယ္ရြယ္ႏုပ်ိဳမႈေတြကို ေတြ႔ျမင္ရတဲ့ ဇာတ္ကားတစ္ကားျဖစ္ပါတယ္။

Smokey and the Bandit

ေနာက္ထပ္ဒီစာရင္းမွာ နံပါတ္ ၄ေနရာကေန ရပ္တည္ေနတဲ့ ဇာတ္ကားတစ္ကားကေတာ့ ၁၉၇၇ ခုႏွစ္က Smokey And Bandit ဆိုတဲ့ရုပ္ရွင္ပါပဲ။ အေမရိကန္ Comedy Action ကားတစ္ကားျဖစ္ၿပီး Sequel တစ္ခုအေနနဲ႕ ၃ကားရိုက္ကူးထားရပါတယ္ ။ ဒီဘက္ေခတ္မွာ ျပန္ရွာရခက္တဲ့ ဇာတ္လမ္းျဖစ္ေပမယ့္ ဒီစာရင္းမွာေတာ့ ပရိသတ္ေတြက မဲေပးဆံုးျဖတ္ထားပါတယ္။

Mad Max

ဒီစာရင္းမွာ နံပါတ္၅ေနရာက ရပ္တည္ေနတာကေတာ့ Mad Max ဆိုတဲ့ ၁၉၇၉ ခုႏွစ္က ဇာတ္လမ္းတစ္ခုကို ျပန္လည္ဆန္းသစ္ရိုက္ကူးထားတဲ့ ရုပ္ရွင္ပဲျဖစ္ပါတယ္။ Tom Hardy ပါဝင္သရုပ္ေဆာင္ထားတဲ့ Mad Max ကေတာ့ ပရိသတ္ေတြ အႀကိဳက္ေတြ႔ေစတဲ့ အက္ရွင္ခန္းေတြ အမ်ားႀကီးနဲ႔ ရိုက္ကူးထားတယ္ဆိုတာကေတာ့ အားလံုးကို ထပ္ၿပီးေျပာျပေနစရာလိုမယ္ မထင္ပါဘူး ။

Unicode

ရုပ်ရှင် အမျိုးအစားတွေ အများကြီးရှိတဲ့အပိုင်းမှာတော့ လူငယ်တွေစိတ်ကို ဖမ်းစားနိုင်တဲ့ဇာတ်လမ်းတွေကတော့ ကားပြိုင်တဲ့ ဇာတ်ကားတွေ ဒါမှမဟုတ် ကားမောင်းကျွမ်းကျင်မှုကို အသားပေးရိုက်ကူးထားတဲ့ ဇာတ်လမ်းတွေပဲဖြစ်မှာပါ ။ အဲ့ဒီလိုဇာတ်ကားတွေ ထဲမှာမှာ Ranker ကနေစစ်တမ်းကောက်ယူထားပြီး ပရိသတ်တွေမဲပေးမှုတွေကနေ ရယူထားတဲ့ စစ်တမ်းတစ်ခုမှာပါဝင်တဲ့ ဇာတ်ကားတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီစာရင်းမှာ ဘယ်ဇာတ်ကားတွေပါဝင်နေမယ်ဆိုတာကိုတော့ အောက်မှာ ဆက်လက်ကြည့်ရှုလိုက်ပါဦး ခင်ဗျာ ။

The Fast and the Furious
ဒီစာရင်းမှာ ထိပ်ဆုံးမှာပါဝင်နေတဲ့ ဇာတ်ကားကတော့ The Fast and Furious ပါ ။ ဒီဇာတ်ကားက Fast and Furious Universe ရဲ့ အစလို့တောင် ပြောလို့ရပါတယ်။ Universalရဲ့ FF franchise ရဲ့ မူလဦးတည်ရာ Brain O’Conner နဲ့ Dom တို့ရဲ့ အကြောင်းကို ဦးစားပေးရိုက်ကူးထားပြီး လမ်းဘေးကတရားမဝင် ကားပြိုင်ပွဲ တွေကို ဝေဝေဆာဆာထည့်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ပြိုင်ကားတွေကို ဦးစားပေးရိုက်ကူးထားတဲ့ရုပ်ရှင်ပီပီ ဒီစာရင်းမှာ နံပါတ်တစ်နေရာကနေ ပါဝင်နေတာ ထိုက်တန်တယ်လို့ထင်ပါတယ်။

Bullitt

ဒီစာရင်းမှာ နံပါတ်၂ နေရာကနေပါဝင်နေတဲ့ ရုပ်ရှင်ကတော့ 1968 ခုနှစ်က ရိုက်ကူးခဲ့တဲ့ Bullitt ပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်က နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Steve McQueen ကပါဝင်သရုပ်ဆောင်ထားပြီး အမေရိကန်ဒေါ်လာ ၄၂သန်းထိဝင်ငွေရခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ မှုခင်းစုံစမ်းထောက်လှမ်းအဖွဲ့တစ်ဖွဲ့ကိုအခြေခံပြီးရိုက်ကူးထားတာပါ ။

Gone in 60 Seconds

၂၀၀၀ပြည့်နှစ်ကရုံတင်ပြသခဲ့တဲ့ Gone In 60 Seconds ဆိုတဲ့ Nicolas Cage နဲ့ Angelina Jolie တို့ပါဝင်ထားတဲ့ ဇာတ်ကးကတော့ ဒီစာရင်းမှာ တတိယနေရာကပါဝင်နေပါတယ်။ အဲ့ဒီအချိန်က အကောင်းဆုံးလို့ စာရင်းဝင်တဲ့ ကားတွေအသုံးပြုပြီး ရိုက်ကူခဲ့တဲ့ ဒီဇာတ်ကားမှာတော့ ကျနော်တို့ ရူးသွပ်ခဲ့ရတဲ့ Jolie ရဲ့ ငယ်ရွယ်နုပျိုမှုတွေကို တွေ့မြင်ရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Smokey and the Bandit

နောက်ထပ်ဒီစာရင်းမှာ နံပါတ် ၄နေရာကနေ ရပ်တည်နေတဲ့ ဇာတ်ကားတစ်ကားကတော့ ၁၉၇၇ ခုနှစ်က Smokey And Bandit ဆိုတဲ့ရုပ်ရှင်ပါပဲ။ အမေရိကန် Comedy Action ကားတစ်ကားဖြစ်ပြီး Sequel တစ်ခုအနေနဲ့ ၃ကားရိုက်ကူးထားရပါတယ် ။ ဒီဘက်ခေတ်မှာ ပြန်ရှာရခက်တဲ့ ဇာတ်လမ်းဖြစ်ပေမယ့် ဒီစာရင်းမှာတော့ ပရိသတ်တွေက မဲပေးဆုံးဖြတ်ထားပါတယ်။

Mad Max
ဒီစာရင်းမှာ နံပါတ်၅နေရာက ရပ်တည်နေတာကတော့ Mad Max ဆိုတဲ့ ၁၉၇၉ ခုနှစ်က ဇာတ်လမ်းတစ်ခုကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ Tom Hardy ပါဝင်သရုပ်ဆောင်ထားတဲ့ Mad Max ကတော့ ပရိသတ်တွေ အကြိုက်တွေ့စေတဲ့ အက်ရှင်ခန်းတွေ အများကြီးနဲ့ ရိုက်ကူးထားတယ်ဆိုတာကတော့ အားလုံးကို ထပ်ပြီးပြောပြနေစရာလိုမယ် မထင်ပါဘူး ။