အရှိအရှိအတိုင်း​နေတတ်​တဲ့ ရိုးသားတဲ့ ကမ္ဘာ့နိုင်​ငံ​ရေး​ခေါင်း​ဆောင်​ကြီးများ
0
69
2008 တုန်း​က သမ္မတဘုရှ်​က ​ကော်​လိုရားဒိုးက ​လေတပ်ဘွဲ့နှင်းသဘင်​မှာ မိန့်​ခွန်းချီးမြှင့်​ပြီး​တော့ ဘွဲ့ရတစ်​​ယောက်​ချင်းဆီကို ရင်းရင်းနှီးနှီး လိုက်​စကား​ပြောပြီး သူတို့ရဲ့ မိသားစု​ဆွေမျိုး​တွေဆီကိုယ်​တိုင်​ဖုန်းဆက်​၊ ဖလိုင်းကစ်​စ်​​တွေ​ပေး၊ ဘွဲ့ဦးထုပ်​မှာ လက်မှတ်​​တွေထိုး​ပေးပြီး မိန်းက​လေးဘွဲံ့ရတစ်​​ယောက်​ကိုလည်း နမ်းခဲ့ပါ​သေးတယ်​။
Unicode
အိုးဘားမားဟာလည်​း ပုံမှန်​ကျင်​့ထုံးကျင်​ဝတ်​​တွေကို သိပ်​ဂရုမထားတတ်​တဲ့ လူထူးလူဆန်​း တစ်​​ယောက်​ပဲ။ 2012 တုန်​းက ​ရွေး​ကောက်​ပွဲမဲဆွဲကာလမှာ ​ဗာဂျီးနီးယားမြို့မှာ မိန့်ခွန်​း​ပြောဖို့လုပ်​တုန်​း မိုး​တွေ​ငေါက်​ခနဲ ရွာချလာ​တော့ သူက​တော့မမှုပါဘူး။ သာမန်​ကာလျှံကာရှပ်​အကျီ​လေးနဲ့ မိုးကာအကျီ​တောင်​ မဝတ်​ဘဲ မိုးထဲ​ရေထဲ တုတ်​တုတ်​မလှုပ်​ ​အေး​ဆေး ​ဟောခဲ့တာပဲ။ လူ​တွေရဲ့အမြကို အ​တော်​အံ့အားသင်​့ ထူးခြား​စေခဲ့ပါတယ်​။
​နော်​​ဝေနိုင်​ငံ၊ ​အော်​စလိုမြို့မှာ ဘုရင်​ကြီး ဟာရယ်​လ်​နဲ့ ဘုရင်​မကြီး ဆွန်​ဂျာတို့ရဲ့ အသက်​၈၀ ပြည်​့ ​တော်​ဝင်​​မွေး​နေ့ပွဲလုပ်​​တော့ ၁၁နှစ်​ပဲ ရှိ​သေးတဲ့ မင်​းသား​လေးဟာ မျိုးစုံကကွက်​​တွေထုတ်​၊ အမျိုးမျိုးမျက်​နှာ​တွေ​ပြောင်​နဲ့ အရမ်​းချစ်​စရာ​ကောင်​းခဲ့ပါတယ်​။ ဘုရင်​့အိမ်​​တော်​မှာ လုပ်​ခွင်​့မရှိ၊ မသင်​့​တော်​တဲ့ အပြုအမူဖြစ်​​ပေမယ်​့ ချစ်​စရာ​ကောင်​းလွန်​းလို့ ခွင်​့လွှတ်​​ပေးခဲ့ကြပါတယ်​။
၂၀၁၆ မှာ ​ဒေါ်နယ်​ထရန်​့ဟာ အ​မေရိကန်​သမ္မတ ဖြစ်​လာ​တော့ သူ့ဖုန်​းနံပါတ်​အစစ်​ကို ကမ္ဘာ့နိုင်​ငံ့​ခေါင်​း​ဆောင်​ကြီး​တွေဆီ ​ပို့​ပေးခဲ့ပြီး သူ့ကို တိုက်​ရိုက်​အချိန်​မ​ရွေး ဆက်​သွယ်​နိုင်​​ကြောင်​း ​ပြောခဲ့တယ်​။ တိုက်​ရိုက်​ဖုန်​း​ကောလ်​​တွေဟာ သမ္မတအဖွဲ့ရဲ့ လုံခြုံ​ရေး နဲ့ လျိှ့ဝှက်​ချက်​​တွေကို ကြားဖြတ်​ခိုးယူ ​ပေါက်​ကြား​စေနိုင်​တာ​ကြောင်​ သမ္မတလုပ်ရပ်နဲပမညီတာ​ကြောင်​့ အားလုံးက ဝိုင်​းပြီး ​ဝေဖန်​စရာဖြစ်​ခဲ့ပါ​သေးတယ်​။
တရုတ်​မှာလုပ်​တဲ့ ထိပ်​သီးညီလာခံ တစ်​ခုမှာ ပူတင်​က ရှီကျင်​းပင်​ရဲ့ဇနီးကို ယဉ်​​ကျေးဖွယ်​အပြုအမူနဲ့ ​လောကွတ်​ပြုခဲ့ပါတယ်​။ တရုတ်​မှာ​တော့ အမျိူးသမီး တစ်​ဦးနဲ့ နီးနီးကပ်​ကပ်​ ​နေတဲ့ အမျိုးသားဟာ ကျင်​့ဝတ်​ချိုး​ဖောက်​တာပါပဲ။ ပူတင်​ကိ​ု​တော့ သတင်​းစာ​တွေ၊ မီဒီယာ​တွေက​နေ ဝိုင်​းချီးကျူးခဲ့ကြပါတယ်။
မီရှဲအိုဘားမား နဲ့ အင်္ဂလန်​ ဘုရင်​မကြီး အဲလိဇဘတ်​တို့ ​တွေ့ကြ​တော့ မီရှဲက အမှုမဲ့ အမှ​တ်​မဲ့နဲ့ ဘုရင်​မကြီးကို ​နောက်​က​နေ ဖက်​ထားသလိုလုပ်​မိတယ်​။ ဒါက ​တော်​ဝင်​မိသားစုမှာ ဘုရင်​မကြီးကို ခွင်​့ပြုချက်​မရှိ အသားထိခွင်​့မရှိတဲ့ စည်​းကမ်​းကို​ဖောက်​မိ​ပေမယ်​့ ဘုရင်​မကြီးက​တော့ ကြည်​ကြည်​ဖြူဖြူပါပဲ။ မီရှဲကို​တောင်​ ပြန်​ဖက်​လိုက်​ပါ​သေးတယ်​။
2008 တုနး်​က သမ္မတဘုရှ်​က ​ကော်​လိုရားဒိုးက ​လေတပ်ဘွဲ့နှင်​းသဘင်​မှာ မိန်​့ခွန်​းချီးမြှင်​့ပြီး​တော့ ဘွဲ့ရတစ်​​ယောက်​ချင်​းဆီကို ရင်​းရင်​းနှီးနှီး လိုက်​စကား​ပြောပြီး သူတို့ရဲ့ မိသားစု​ဆွေမျိူး​တွေဆီကိုယ်​တိုင်​ဖုန်​းဆက်​၊ ဖလိုင်​းကစ်​စ်​​တွေ​ပေး၊ ဘွဲ့ဦးထုပ်​မှာ လက်မှတ်​​တွေထိုး​ပေးပြီး မိန်​းက​လေးဘွဲံ့ရတစ်​​ယောက်​ကိုလည်​း နမ်းခဲ့ပါ​သေးတယ်​။
အ​စ္စ​ရေးဝန်ကြီးချုပ်​ ဘင်​ဂျမင်​ ဒီနှစ်​ထဲမှာ အိန္ဒိယကို လာလည်​​တော့ အိန္ဒိယဝန်​ကြီးချုပ်​ကိုယ်​တိုင်​ ထွက်​ကြိုခဲ့ပါတယ်။ သံခင်​း​တမန်​ခင်​း ထုံးစံအရဆို နိုင်​ငံခြား​ရေးဝန်​ကြီးဌာနက ကြို​ပေးရမှာဖြစ်​​ပေမယ်​့ အ​စ္စ​ရေးကို အ​လေးသမှုကြီးကြီးထားရ​ကြောင်​း ပြသ​ပေးခဲ့တာပါ။
က​နေဒါမှာ ဗိုလ်​မှူး ​ဒေးဗစ်​ဂျွန်​ဆင်​ နဲ့ ဘုရင်​မ အယ်​လိဇဘတ်​တို့ ဆုံကြ​တော့ လမ်​း​လျှောက်​ကြရင်​း ဘုရင်​မကြီး ​ချော်​လဲမလိုဖြစ်​​တော့ ​ဒေးဗစ်​က သူမကို လက်​ကိုကိုင်​ပြီး ပြုတ်​မကျ​အောင်​ ဖမ်​းထိန်​းထား​ပေးခဲ့တယ်​။ ​တော်​ဝင်​မိသားစုစည်​းကမ်းအရ မီဒီယာ​တွေက ဝိုင်​း​အော်​ကြ​တော့ ​ဒေးဗစ်​က​တော့ စိတ်​မဆိုးဘဲ ​အေး​အေး​ဆေး​ဆေးပဲ အကျိုးအ​ကြောင်​း ပြန်​ရှင်​းပြ​ပေးခဲ့တယ်​။
မင်​းသားဟယ်​ရီလက်​ထပ်​​တော့မယ်​့ ဆို​တော့ ဟယ်​ရီနဲ့ သတို့သမီး​လောင်​း မီဂန်​တို့​နောက်​ကို ပါပါရာဇီ​တွေက ​တောက်​​လျှောက်​လိုက်​တာပဲ။ တစ်​ခါသား လူမြင်​ကွင်​းအလယ်​မှာ လက်​ချင်​းတွဲထားလို့ ​တော်​ဝင်​မိသားစုစံနှုန်​းကို ချိုး​ဖောက်​တယ်​ဆိုပြီး ​ပြောကြ​ပေမယ်​့ ​နောက်​​တော့ ဒီစံနှုန်​းကို အတည်​မပြုဘဲ တစ်​​ယောက်​နဲ့တစ်​​ယောက်​ ​နွေး​ထွေးကြင်​နာ​အောင်​ ​နေဖြစ်​ကြတာပါပဲ။
မင်​းသားဟယ်​ရီက အ​တော်​ကို ခင်​မင်​နှစ်​လိုဖွယ်​​ကောင်​းတဲ့သူပဲ။ ​တော်​ဝင်​မိသားစုမှာ​မွေးဖြစ်​​ပေမယ်​့ သူက ဂုဏ်​​မောက်​​မ​နေဘူး။ သြ​စ​တေးလ​ျ၊ က​နေဒါ နဲ့ ​ယောက်​ရှိုင်​းမှာ လူ​တွေကို ထိ​တွေ့၊ ​ပွေ့ဖက်​​နေတာ ​နေ့စဉ်​လိုလိုပဲ။