ဦးမင်းစိန်မရှိပေမယ့် ရေသန့်ဘူးကို ကိုယ်တိုင်ထမ်းပြီးပို့မယ့်ဇနီးဖြစ်သူ ဆုလဲ့ဝင်း

0
63

လူကြမ်းသရုပ်ဆောင် ဦးမင်းစိန်ဟာ ဇန်နဝါရီလ၅ရက်နေ့ မနက်၂နာရီခွဲအချိန်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပြီး ဇန်နဝါရီလ၇ရက်နေ့မှာ ရေဝေးသုဿာန်မှာ မီးသင်္ဂြုခဲ့ပါတယ်။ သေဆုံးသွားသူ ဦးမင်းစိန်နဲ့ ပတ်သက်ပြီး လက်ရှိပေါင်းသင်းနေထိုင်နေတဲ့ ဇနီးဖြစ်သူ မဆုလဲ့ဝင်းက အင်တာဗျူးတစ်ခုမှာ သူမရှိတော့ သုံးဘီးနဲ့ ရေသန့်ဘူး လိုက်ပို့တာ ကိုယ်တိုင် လုပ်မှာပါလို့ ပြောသွားခဲ့ပါတယ်။

မဆုလဲ့ဝင်းက “လာလှူကြတာတော့အများကြီးပဲ ကိုလူချောအဖွဲ့က လိုက်ပြီး စုပေးတာပေါ့နော် သူတို့ အကူအညီတွေ အများကြီးရတယ်။ အမတို့ နှစ်အိမ်ထောင်လုံး ဟိုဘက်အိမ်ထောင်ရော ဒီဘက်အိမ်ထောင်ရော အဆင်ပြေအောင်လို့ အကုန်လုံးကို လုပ်ပေးတယ်။ အလှူငွေကျတော့ များပါတယ် ဘာပဲပြောပြော ၇ရက်လုံးအတွက်လည်း ဘာမှစိတ်ပူမှုမရှိရလေအောင် အလှူအတန်းကို အများကြီးပေးနိုင်အောင် သူတို့တွေ ကူညီထောက်ပံ့ပေးကြတယ်။ ဦးမင်းစိန်သွားတဲ့ ခရီးအေးချမ်းလောက်အောင် အစ်မတို့ အနောက်ကနေ အလှူတွေ အများကြီး လုပ်ပေးနိုင်တယ်ပေါ့ သားရယ်။

သူခရီးမသွားခင် သူ့ကိုယ်သူလည်း သိပုံမရပါဘူး။ သူသွားရင် အဆင်ပြေလားပေါ့ သွားပေါ့ သွားချင်ရင်။ အစ်မပထမတော့ တားတယ် မသွားနဲ့လို့ ဒီရက်ပိုင်း နည်းနည်းအေးတယ်ပေါ့နော်။ ဒါပေမဲ့ မန္တလေးအထိပဲတဲ့ သူကအစ်မကိုပြောတာကို အစ်မကလည်း မန္တလေးလောက်ဆိုရင်တော့လည်း အဲ့ဘက်က ပူတဲ့ရာသီကို အဲ့လောက်ကြီး အေးတဲ့ ရာသီမဟုတ်တော့ ပြင်ဦးလွင်ရော ရောက်မှာလားဆိုတော့ ရောက်တော့ရောက်မယ်တဲ့ ဒါပေမဲ့အေးတဲ့ ရက်နဲ့လွတ်မှာပါဆိုတာနဲ့ အဲ့တာသွားပေါ့။ သူက အစောကြီးကတည်းက အဆုပ်က အအေးပတ်တတ်တယ်။ အဲ့တော့ စိတ်မချဘူး ဒါပေမဲ့ သူသွားချင်တယ်ဆိုတော့လည်း သွားပေါ့ တားလို့မှမရတာ အဲ့တော့လည်း သွားခိုင်းတယ်။ ပြန်လာတဲ့နေ့ အစ်မလက်ထဲကို ပိုက်ဆံနှစ်သိန်း အပ်တယ်။ ပထမရက်တွေကလည်း ငွေနည်းနည်းတော့ လွှဲထားတာပေါ့နော် ကြည့်လိုက်တော့ အစ်မ အခြေအနေ သိပ်မကြိုက်ဘူး။

ကြပ်နေတာ အရမ်းပဲ အဲ့တာနဲ့အစ်မ ချက်ချင်းဆေးရုံကားခေါ်ပြီးတော့ ဆရာဝန်ခေါ်ပြတော့ ဆရာကလည်း အချိန်မှီနိုင်ပါတယ်တဲ့ သူကအဲ့လိုပြောတော့ အစ်မလည်း တင်တာပေါ့နော် ဆေးရုံကို။ ဆေးရုံရောက်တော့လည်း အချိန်မှီတယိပေါ့ ဒါပေမဲ့ အဲ့လိုပေါ့ သူ့ရဲ့ကံကုန်သွားတယ်လို့ပဲ ပြောရမှာပေါ့။ အကောင်းကြီးကနေပြီးတော့ ဆုံးသွားတာ။ ဘယ်သူမှ မထင်ဘူး နေ့ခင်းပိုင်းဆို ကိုလူချောတို့ ရောက်လာတယ်လေ။ ဆေးရုံတက်တယ်ဆိုရင်သူတို့က စားရိတ်အရင်ဆုံး ပေးနေကြဆိုတော့ ပေးတယ်။ ပြီးတော့ ကိုအောင်ခိုင်ကတောင်မှ မြှောက်စမ်းတဲ့ မင်းခြေထောက်ဆိုတော့ မြှောက်တာ ခြေထောက်နဲ့ ခေါင်းနဲ့ထိလောက်အောင် မြှောက်ပြတာ။ ငါဘာမှမဖြစ်ဘူးတဲ့ ပြန်ဆင်းမှာ ပြန်လာခဲ့မယ်တဲ့ သူက အဲ့လိုပဲပြောတာ။”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း မဆုလဲ့ဝင်းက “အစ်မတို့ ရေသန့်ပို့တယ် သူမရှိရင်တော့အစ်မဘာသာမောင်းပြီးတော့ အစ်မဘာသာထမ်းပို့တာပေါ့နော်။ သူရှိရင်တော့ သူမောင်းပေးတယ် နောက်ပိုင်းသူက ကျန်းမာရေးသိပ်မကောင်းတော့ သူ့ကိုတောင် မထမ်းခိုင်းဘူး။ အစ်ဘာသာပဲ ထမ်းတာ ကိုယ်တိုင်လုပ်တယ်။ အခုလည်း အစ်မဒီအလုပ်ကို ဆက်လုပ်မှာပေါ့နော်။ ဘာလို့လဲဆိုတော့ သူက အစ်မကို စိတ်ချရအောင် ထားပေးခဲ့တာဆိုတော့ ဒီဟာကလည်း ဘာပဲပြောပြော ဝမ်းရေးအတွက်က တစ်နေ့ကို ငါးထောင်ခြောက်ထောင်ဆိုတဲ့ဟာက အစ်မတို့အတွက် အဆင်ပြေတယ်လေ။ လလယ်ကြရင် အစ်မအိုင်းရစ်က သူသစ်တံခါးဆရာတော် ကိုလျှောက်ထားတယ်ပြောတယ်။

ဟိုမှာလည်း လုပ်မယ် အစ်မအိမ်မှာလည်း လုပ်မယ်။ သူ့အိမ်မှာ တစ်ရက်လုပ်မယ် အစ်မအိမ်မှာလည်း တစ်ရက်လုပ်ပေးမယ်လို့ ပြောတယ်။ သူနဲ့ အမှတ်ရစရာတွေကတော့ အများကြီးပဲလေ သူက ဟိုဘက်မိသားစု ဒီဘက်မိသားစုကို စိတ်မဆင်းရဲစေခဲ့ဘူး။ အရမ်းပျော်ပျော်နေတတ်တယ်။ ဟိုဘက်အိမ်ထောင်နဲ့ ပြီးတော့ အစ်မနဲ့ပေါင်းတော့လည်း ၈နှစ်ပေါ့နော် ဒါပေမဲ့ အစ်မကို စိတ်မဆင်းရဲ စေခဲ့ဘူး အစ်မတို့ အကြောင်းကြောင်းကြောင့် အစ်မတို့ ညားခဲ့ကြတယ်ပေါ့နော်။ အစ်မလည်း သူများမိသားစုကိုဖျက်စီးလိုတဲ့ စိတ်မျိုးနဲ့ အစ်မလုပ်ခဲ့တာ မဟုတ်ဘူး။ သူကိုယ်တိုင်လည်း သိတယ် ဘယ်လိုပြောရမလဲပေါ့နော် မဖြစ်နိုင်တဲ့ အခြေအနေကြောင့် အစ်မရဲ့ သိက္ခာအတွက် သူအစ်မကို ယူခဲ့တာ ဒီအတွက် အစ်မသူ့ကို ကျေးဇူးတင်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။